သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေျခခံေက်ာင္းမ်ားအတြက္ အြန္လိုင္သင္ၾကားမႈအစီအစဥ္ ေရႊ႕ဆိုင္း


ရန္ကုန္ၿမိဳ႕က အထက္တန္းေက်ာင္းတခုမွာ COVID-19 ကပ္ေရာဂါကာလ ပထမဆံုး ေက်ာင္းဖြင့္ရက္ ျမင္ကြင္း။ (ဇူလိုင္ ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါကာလ ပိတ္ထားရတဲ့ အေျခခံပညာေက်ာင္းေတြက ေက်ာင္းသားေတြအတြက္ အြန္လိုင္း၊ ႐ုပ္ျမင္သံၾကားနဲ႔ ေရဒီယိုေတြကေန သင္ခန္းစာေတြ ထုတ္လႊင့္သင္ၾကားမယ့္ အစီအစဥ္ကို ဒီႏွစ္ကုန္အထိ ေရႊ႕ထားရတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပပါမယ္။

ကပ္ေရာဂါေၾကာင့္ ေက်ာင္းေတြ ပိတ္ထားရတဲ့ အခ်ိန္မွာ ေက်ာင္းသားေတြရဲ႕ သင္ယူမႈ အခြင့္အလမ္း မဆုံးရႈံးေစဖို႔ ရည္႐ြယ္ၿပီး သင္ခန္းစာေတြကို အြန္လိုင္း၊ ေရဒီယိုႏွင့္ ႐ုပ္ျမင္သံၾကားတို႔ကေနတစ္ဆင့္ ထုတ္လႊင့္သင္ၾကားမယ့္ အစီအစဥ္ေတြကို ဒီလထဲမွာစဖုိ႔ ရည္ရြယ္ထားေပမဲ့ အဆင္သင့္မျဖစ္ေသးတာေၾကာင့္ ေရႊ႕ဆုိင္းလုိက္တာပါ။ ဒီလမွာစဖုိ႔ မူလက ရည္မွန္းခဲ့ေပမဲ့ သင္႐ိုးၫႊန္းတမ္းျပင္ဆင္မႈကို ေအာက္တိုဘာလ ကုန္ပိုင္းမွာမွ အတည္ျပဳႏိုင္တာေၾကာင့္ ထုတ္လႊင့္သင္ၾကားမႈေတြကို အေစာဆုံး ဒီဇင္ဘာလက်မွသာ စတင္ႏိုင္ေတာ့မွာ ျဖစ္တယ္လို႔ အေျခခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းက ေျပာပါတယ္။

“Curriculum Reducement Confirmation က ၿပီးခဲ့တဲ့ တစ္ပတ္ကမွ ရတယ္။ ရၿပီးေတာ့ ဆရာတို႔က ဒီတစ္ပတ္ထဲမွာ Curriculum Reducement Confirmation ကိုေရးထားတဲ့ ဆရာဆရာမေတြကို Training ေလး တစ္ရက္၊ ႏွစ္ရက္ေလာက္ေပးရမယ္။ ေပးၿပီးေတာ့မွ ဘယ္လိုဇာတ္ၫႊန္းေတြ ေရးရမလဲဆိုတာ၊ ဇာတ္ၫႊန္းက ၃ မ်ိဳးေပါ့ေနာ္။ TV အတြက္ ဇာတ္ၫႊန္းရယ္၊ ေရဒီယိုအတြက္ဇာတ္ၫြန္းရယ္၊ ေနာက္ၿပီးေတာ့ အြန္လိုင္းအတြက္ ဇာတ္ၫႊန္းေတြ ေရးၿပီးေတာ့မွ သူတို႔ကို ေလ့က်င့္ေပးရမယ္။ ေလ့က်င့္ေပးၿပီးေတာ့မွ အသံသြင္းတာေတြ၊ ႐ိုက္ကူးတာေတြ၊ တည္းျဖတ္တာေတြ လုပ္ၿပီးေတာ့မွ ဒီလကုန္ေလာက္၊ နဂိုစီမံခ်က္ကလည္းပဲ ဒီဇင္ဘာလို႔ ဆရာတို႔က မွန္းထားတာ ဒါေပမဲ့ ေစာေစာမ်ား ရႏိုင္မလားလို႔။”

အထက္တန္းနဲ႔ အရင္ သင္႐ိုးေဟာင္း သင္ခန္းစာေတြကိုေတာ့ Myanmar Education Cannel ကေန ေအာက္တိုဘာလ ၅ ရက္ေန႔ကေနစ တစ္ရက္ကို ေလးနာရီ ႏွစ္ခ်ိန္ထုတ္လႊင့္ေပးေနပါတယ္။

အြန္လိုင္းသင္ခန္းစာေတြ သင္ၾကားႏိုင္ဖို႔ ေက်ာင္းသားေတြဆီကို ျပဌာန္းစာအုပ္ေတြေရာက္ဖို႔ကလည္း အေရးႀကီးတဲ့အတြက္ အျမန္ဆုံးေဆာင္႐ြက္ႏိုင္ဖို႔ ၾကိဳးစားေနတယ္လို႔ ေဒါက္တာတင္ေမာင္ဝင္းက ဆိုပါတယ္။

“ဒါေတြဘယ္လိုပဲ လုပ္လုပ္ ကေလးေတြလက္ထဲမွာ ပုံႏွိပ္စာအုပ္ေရာက္ႏိုင္ဖို႔က အဓိကပဲ နံပါတ္ ၁ အေနနဲ႔ ဦးစားေပးလုပ္ရမယ့္ဟာက ခုက ကိုဗစ္ကူးစက္မႈအရ ကိုဗစ္ဗဟိုေကာ္မတီက ခြင့္ျပဳခ်က္မရေသးဘူးေပါ့ေနာ္။ အဲ့ဒီေတာ့ ဆရာလည္း အဲ့ဒါေစာင့္ေနရတာ။ TV နဲ႔ပဲလြင့္လြင့္ ဘာနဲ႔ပဲ လြင့္လြင့္ ကေလးေတြလက္ထဲမွာ ဘယ္ပုံႏွိပ္စာအုပ္မွ မရွိဘဲနဲေတာ့ အဓိပၸာယ္မရွိဘူး။ အဲ့ဒါေၾကာင့္မို႔ အဲ့ဒါကို ဦးစားေပးၿပီး တင္ျပထားတယ္။ ဒါေဝတဲ့အခါမွာလည္း ကေလးေတြကို လူစုလူေဝးမျဖစ္ရေအာင္လို႔ ဘယ္ေက်ာင္းသားက ဘယ္ေန႔ ဘယ္မခ်ိန္မွာေတာ့ လာထုတ္ပါဆိုၿပီးေတာ့ လုပ္လို႔ရတာေပါ့။ ခုမဲစာရင္းေတြလိုေပါ့ကြာ၊ မဲေပးတာကလည္း ဒီတိုင္းပဲ လုပ္မယ္ထင္တာပါပဲ။ မဲေတာင္ေပးႏိုင္မွေတာ့ စာအုပ္ကလည္း ေဝႏိုင္ရမွာေပ့ါ။”

အြန္လိုင္း၊ ႐ုပ္ျမင္သံၾကားနဲ႔ ေရဒီယိုတို႔ကေန ထုတ္လြင့္သင္ၾကားတဲ့အခါ နားမလည္တာေတြရွိရင္ သက္ဆိုင္ရာေက်ာင္းက ဆရာ၊ ဆရာမေတြကို ေမးျမန္းႏိုင္ဖို႔လည္း စီစဥ္ေဆာင္႐ြက္ထားပါတယ္။ အခုကာလက ေက်ာင္းပိတ္ထားတာမဟုတ္တဲ့အတြက္ တာဝန္က် ဆရာဆရာမေတြအေနနဲ႔ မိမိတို႔ တာဝန္က်ရာ ေဒသေတြမွာ ေနထိုင္ၿပီး ေက်ာင္းသားေတြမရွင္းလင္းတဲ့ သင္ခန္းစာေတြကို ရွင္းျပေပးတာ၊ သင္ၾကားတာေတြ ေဆာင္႐ြက္ၾကရမွာပါ။

ကပ္ေရာဂါေၾကာင့္ ျမန္မာႏုိင္ငံမွာ အေျခခံပညာေက်ာင္းေတြကုိ ပုံမွန္ေက်ာင္းဖြင့္ခ်ိန္ထက္ ေနာက္က်ၿပီး ဇူလုိင္လထဲမွာ ျပန္ဖြင့္ခ့ဲေပမဲ့ တေက်ာ့ျပန္ ကူးစက္မႈေတြႀကံဳခဲ့ရတာေၾကာင့္ ၁ လေလာက္အၾကာမွာပဲ ျပန္ပိတ္ခဲ့ရတာပါ။

ကုလသမဂၢ ကေလးငယ္မ်ား ရန္ပုံေငြအဖြဲ႕ Unicef ကေတာ့ ကပ္ေရာဂါေၾကာင့္ စာသင္ေက်ာင္းေတြ ပိတ္ထားရတဲ့အတြက္ ကမာၻတဝန္း ေက်ာင္းေနအ႐ြယ္ ကေလးငယ္ ၃ ပုံ ၁ ပုံနီးပါး ရွိေနေၾကာင္း မၾကာေသးခင္က ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ စာသင္ေက်ာင္းနဲ႔ ေဝးတဲ့ ေက်ာင္းသား အေရအတြက္ဟာ သန္းေပါင္း ၁၅,၀၀၀ ေလာက္ရွိေနၿပီး ဒီအထဲမွာ ၄၆၃ သန္းေလာက္ဟာလည္း အင္တာနက္၊ ဒါမွမဟုတ္ တီဗြီနဲ႔ ေရဒီယိုေတြကေနတဆင့္ ပညာဆက္လက္ သင္ယူႏိုင္တဲ့ အေျခအေနမွာ မရွိဘူးလို႔လည္း အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အခြေခံကျောင်းများအတွက် အွန်လိုင်သင်ကြားမှုအစီအစဉ် ရွှေ့ဆိုင်း

ကိုဗစ်ကပ်ရောဂါကာလ ပိတ်ထားရတဲ့ အခြေခံပညာကျောင်းတွေက ကျောင်းသားတွေအတွက် အွန်လိုင်း၊ ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေကနေ သင်ခန်းစာတွေ ထုတ်လွှင့်သင်ကြားမယ့် အစီအစဉ်ကို ဒီနှစ်ကုန်အထိ ရွှေ့ထားရတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

ကပ်ရောဂါကြောင့် ကျောင်းတွေ ပိတ်ထားရတဲ့ အချိန်မှာ ကျောင်းသားတွေရဲ့ သင်ယူမှု အခွင့်အလမ်း မဆုံးရှုံးစေဖို့ ရည်ရွယ်ပြီး သင်ခန်းစာတွေကို အွန်လိုင်း၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့ကနေတစ်ဆင့် ထုတ်လွှင့်သင်ကြားမယ့် အစီအစဉ်တွေကို ဒီလထဲမှာစဖို့ ရည်ရွယ်ထားပေမဲ့ အဆင်သင့်မဖြစ်သေးတာကြောင့် ရွှေ့ဆိုင်းလိုက်တာပါ။ ဒီလမှာစဖို့ မူလက ရည်မှန်းခဲ့ပေမဲ့ သင်ရိုးညွှန်းတမ်းပြင်ဆင်မှုကို အောက်တိုဘာလ ကုန်ပိုင်းမှာမှ အတည်ပြုနိုင်တာကြောင့် ထုတ်လွှင့်သင်ကြားမှုတွေကို အစောဆုံး ဒီဇင်ဘာလကျမှသာ စတင်နိုင်တော့မှာ ဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

“Curriculum Reducement Confirmation က ပြီးခဲ့တဲ့ တစ်ပတ်ကမှ ရတယ်။ ရပြီးတော့ ဆရာတို့က ဒီတစ်ပတ်ထဲမှာ Curriculum Reducement Confirmation ကိုရေးထားတဲ့ ဆရာဆရာမတွေကို Training လေး တစ်ရက်၊ နှစ်ရက်လောက်ပေးရမယ်။ ပေးပြီးတော့မှ ဘယ်လိုဇာတ်ညွှန်းတွေ ရေးရမလဲဆိုတာ၊ ဇာတ်ညွှန်းက ၃ မျိုးပေါ့နော်။ TV အတွက် ဇာတ်ညွှန်းရယ်၊ ရေဒီယိုအတွက်ဇာတ်ညွန်းရယ်၊ နောက်ပြီးတော့ အွန်လိုင်းအတွက် ဇာတ်ညွှန်းတွေ ရေးပြီးတော့မှ သူတို့ကို လေ့ကျင့်ပေးရမယ်။ လေ့ကျင့်ပေးပြီးတော့မှ အသံသွင်းတာတွေ၊ ရိုက်ကူးတာတွေ၊ တည်းဖြတ်တာတွေ လုပ်ပြီးတော့မှ ဒီလကုန်လောက်၊ နဂိုစီမံချက်ကလည်းပဲ ဒီဇင်ဘာလို့ ဆရာတို့က မှန်းထားတာ ဒါပေမဲ့ စောစောများ ရနိုင်မလားလို့။”

အထက်တန်းနဲ့ အရင် သင်ရိုးဟောင်း သင်ခန်းစာတွေကိုတော့ Myanmar Education Cannel ကနေ အောက်တိုဘာလ ၅ ရက်နေ့ကနေစ တစ်ရက်ကို လေးနာရီ နှစ်ချိန်ထုတ်လွှင့်ပေးနေပါတယ်။

အွန်လိုင်းသင်ခန်းစာတွေ သင်ကြားနိုင်ဖို့ ကျောင်းသားတွေဆီကို ပြဌာန်းစာအုပ်တွေရောက်ဖို့ကလည်း အရေးကြီးတဲ့အတွက် အမြန်ဆုံးဆောင်ရွက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဒေါက်တာတင်မောင်ဝင်းက ဆိုပါတယ်။

“ဒါတွေဘယ်လိုပဲ လုပ်လုပ် ကလေးတွေလက်ထဲမှာ ပုံနှိပ်စာအုပ်ရောက်နိုင်ဖို့က အဓိကပဲ နံပါတ် ၁ အနေနဲ့ ဦးစားပေးလုပ်ရမယ့်ဟာက ခုက ကိုဗစ်ကူးစက်မှုအရ ကိုဗစ်ဗဟိုကော်မတီက ခွင့်ပြုချက်မရသေးဘူးပေါ့နော်။ အဲ့ဒီတော့ ဆရာလည်း အဲ့ဒါစောင့်နေရတာ။ TV နဲ့ပဲလွင့်လွင့် ဘာနဲ့ပဲ လွင့်လွင့် ကလေးတွေလက်ထဲမှာ ဘယ်ပုံနှိပ်စာအုပ်မှ မရှိဘဲနဲတော့ အဓိပ္ပာယ်မရှိဘူး။ အဲ့ဒါကြောင့်မို့ အဲ့ဒါကို ဦးစားပေးပြီး တင်ပြထားတယ်။ ဒါဝေတဲ့အခါမှာလည်း ကလေးတွေကို လူစုလူဝေးမဖြစ်ရအောင်လို့ ဘယ်ကျောင်းသားက ဘယ်နေ့ ဘယ်မချိန်မှာတော့ လာထုတ်ပါဆိုပြီးတော့ လုပ်လို့ရတာပေါ့။ ခုမဲစာရင်းတွေလိုပေါ့ကွာ၊ မဲပေးတာကလည်း ဒီတိုင်းပဲ လုပ်မယ်ထင်တာပါပဲ။ မဲတောင်ပေးနိုင်မှတော့ စာအုပ်ကလည်း ဝေနိုင်ရမှာပေ့ါ။”

အွန်လိုင်း၊ ရုပ်မြင်သံကြားနဲ့ ရေဒီယိုတို့ကနေ ထုတ်လွင့်သင်ကြားတဲ့အခါ နားမလည်တာတွေရှိရင် သက်ဆိုင်ရာကျောင်းက ဆရာ၊ ဆရာမတွေကို မေးမြန်းနိုင်ဖို့လည်း စီစဉ်ဆောင်ရွက်ထားပါတယ်။ အခုကာလက ကျောင်းပိတ်ထားတာမဟုတ်တဲ့အတွက် တာဝန်ကျ ဆရာဆရာမတွေအနေနဲ့ မိမိတို့ တာဝန်ကျရာ ဒေသတွေမှာ နေထိုင်ပြီး ကျောင်းသားတွေမရှင်းလင်းတဲ့ သင်ခန်းစာတွေကို ရှင်းပြပေးတာ၊ သင်ကြားတာတွေ ဆောင်ရွက်ကြရမှာပါ။

ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ အခြေခံပညာကျောင်းတွေကို ပုံမှန်ကျောင်းဖွင့်ချိန်ထက် နောက်ကျပြီး ဇူလိုင်လထဲမှာ ပြန်ဖွင့်ခဲ့ပေမဲ့ တကျော့ပြန် ကူးစက်မှုတွေကြုံခဲ့ရတာကြောင့် ၁ လလောက်အကြာမှာပဲ ပြန်ပိတ်ခဲ့ရတာပါ။

ကုလသမဂ္ဂ ကလေးငယ်များ ရန်ပုံငွေအဖွဲ့ Unicef ကတော့ ကပ်ရောဂါကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရတဲ့အတွက် ကမ္ဘာတဝန်း ကျောင်းနေအရွယ် ကလေးငယ် ၃ ပုံ ၁ ပုံနီးပါး ရှိနေကြောင်း မကြာသေးခင်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စာသင်ကျောင်းနဲ့ ဝေးတဲ့ ကျောင်းသား အရေအတွက်ဟာ သန်းပေါင်း ၁၅,၀၀၀ လောက်ရှိနေပြီး ဒီအထဲမှာ ၄၆၃ သန်းလောက်ဟာလည်း အင်တာနက်၊ ဒါမှမဟုတ် တီဗွီနဲ့ ရေဒီယိုတွေကနေတဆင့် ပညာဆက်လက် သင်ယူနိုင်တဲ့ အခြေအနေမှာ မရှိဘူးလို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG