သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ုပ္သံ ေရဒီယိုမွတဆင့္ ပညာေရးပို႔ခ်ခ်က္မ်ားထုတ္လႊင့္မည္


ႏွာေခါင္းစည္းတပ္ထားတဲ့ ေက်ာင္းသားတဦးကို ရန္ကုန္ၿမိဳ႕မွာ ေတြ႔ရ။ (ဇူလိုင္ ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ္ကပ္ေရာဂါေၾကာင့္ စာသင္ေက်ာင္းေတြ ပိတ္ထားရတဲ့အတြက္ ပညာေရးအခြင့္အလမ္း မဆုံး႐ႈံးရေအာင္ ဘာေတြလုပ္ဖုိ႔ လုိေနသလဲဆုိတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပပါမယ္။

ကပ္ေရာဂါကူးစက္မႈေတြေၾကာင့္ ျမန္မာႏုိင္ငံတ၀န္းက အေျခခံပညာေက်ာင္းေတြ ပိတ္ထားရတာ အခုဆုိရင္ ၂ လေလာက္ ရွိလာတာေၾကာင့္ ပညာေရး ထိခုိက္မွာ စုိးရိမ္ေနၾကပါတယ္။ ပညာေရး၀န္ႀကီးဌာနကေတာ့ ေက်ာင္းေတြပိတ္ထားေပမဲ့ ပညာသင္ၾကားခြင့္ေတြ မဆုံး႐ႈံးေအာင္ ေက်ာင္းသင္ခန္းစာေတြကို အြန္လိုင္း၊ ႐ုပ္ျမင္သံၾကားႏွင့္ ေရဒီယိုတို႔ကေန ထုတ္လႊင့္သင္ၾကားဖို႔ စီစဥ္ထားသလုိ သင္ခန္းစာ တခ်ဳိ႕ကုိလည္း Myanmar Education Channel ကေန ထုတ္လႊင့္ေပးေနပါတယ္။ ေနာက္ထပ္လည္း အေျခခံပညာေက်ာင္းသားေတြအတြက္ အြန္လိုင္း၊ ႐ုပ္ျမင္သံၾကားနဲ႔ ေရဒီယိုေတြကေန သင္ၾကားပုိ႔ခ်ႏုိင္ေအာင္ ျပင္ဆင္ေနေၾကာင္း အေျခခံပညာ ဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းက ေျပာပါတယ္။

“႐ုပ္သံေတြ၊ ေရဒီယိုေတြကေတာ့ ဆရာတို႔ ဒီလကုန္ေလာက္ေတာ့ မွန္းထားတယ္။ ဒါေပမဲ့ Plan မွာကေတာ့ ဆရာတို႔က ဒီဇင္ဘာေလာက္မွ မွန္းထားတာ၊ ဒါေပမဲ့ ဆရာတို႔က အျမန္ဆုံးၿပီးႏိုင္ေအာင္ေပါ့၊ အကုန္လုံး ကႀကီးကေန အ ထိ အကုန္ၿပီးမွ လြင့္တာ မဟုတ္ဘဲနဲ႔ ကႀကီးၿပီးရင္ ကႀကီးလႊင့္ ခေခြးၿပီးရင္ ခေခြးလႊင့္ ဒီလိုျဖစ္ႏိုင္ေအာင္ ဆရာတို႔လုပ္ေနတယ္။”

ေက်ာင္းသင္ခန္းစာေတြကုိ ျမန္မာ့အသံ၊ ျမဝတီ၊ SKY NET တို႔ကေန ႐ုပ္ျမင္သံၾကား သင္ခန္းစာေတြ ထုတ္လႊင့္မွာျဖစ္ၿပီး လတ္တေလာ အလယ္တန္းႏွင့္ မူလတန္းတန္းေက်ာင္းသားေက်ာင္းသူ စုစုေပါင္း ၈,၀၀၀,၀၀၀ ဆီကို ျပဌာန္းစာအုပ္ေတြေရာက္ေအာင္ ေဆာင္႐ြက္ႏိုင္ဖို႔ စီစဥ္ေနတယ္လို႔လည္း ေျပာပါတယ္။ ဒါေပမဲ့လည္း ဒီႏွစ္ပညာသင္ႏွစ္ကေတာ့ ပုံမွန္အတုိင္း မျဖစ္ႏုိင္ဘူးလုိ႔လည္း ေဒါက္တာတင္ေမာင္ဝင္းက ေျပာပါတယ္။

“ကိုဗစ္ေပၚမွာ မူတည္ၿပီးေတာ့ ေက်ာင္းက ဖြင့္ႏိုင္ရင္ ပုံမွန္ျပန္ဖြင့္လိုက္ၿပီးေတာ့ စာေမးပြဲေတြစစ္မယ္ဆိုရင္လည္းပဲ ဒီမတ္လမွာ စစ္ဖို႔ဆိုတာ သိပ္ေတာ့ မလြယ္ေတာ့ဘူး။ ဒါကေတာ့ ဆရာ့ရဲ႕ တစ္ဦးတည္း အျမင္ပါ။ ေ႐ြးေကာက္ပြဲၿပီးရင္ ကိုဗစ္ၿငိမ္သြားလို႔ ျပန္ဖြင့္သည့္တိုင္ေအာင္ ဆရာတို႔က ႏိုဝင္ဘာလလယ္ထိ ေရာက္သြားတဲ့ အတြက္ေၾကာင့္မို႔ စာသင္ရက္က ၃ လခြဲေလာက္ပဲ က်န္ေတာ့မယ္။ ၃လ ခြဲေလာက္နဲ႔ ၉ လစာကို သင္ရမယ္ဆိုရင္ ဒါက မျဖစ္ႏိုင္ဘူးေလ။ အဲ့ဒါေၾကာင့္မို႔ မတ္လမွာ တကၠသိုလ္ဝင္တန္းစာေမးပြဲ စစ္ေဆးဖို႔ဆိုတာေတာ့ မျဖစ္ႏိုင္တဲ့ဘက္မွာ ရာႏႈန္းပိုမ်ားတယ္။ ဒီ့ထက္ေနာက္ဆုတ္မလားဆိုတဲ့ အေျခအေနရွိတယ္၊ ဒါက အေျခအေနေကာင္းရင္ေပါ့။ မေကာင္းရင္ ရပ္ရင္လည္း ရပ္သြားႏိုင္တယ္ ဒါကေတာ့ ႏိုင္ငံေတာ္ရဲ႕ ေပၚလစီအေပၚမွာ မူတည္တာေပါ့။”

ကပ္ေရာဂါေၾကာင့္ ပုံမွန္ေက်ာင္းဖြင့္ခ်ိန္ထက္ ေနာက္က်ၿပီး ဇူလုိင္လထဲမွာ ျပန္ဖြင့္ခဲ့တဲ့ေက်ာင္းေတြကုိ တေက်ာ့ျပန္ ကူးစက္မႈေတြေၾကာင့္ ၁ လေလာက္အၾကာမွာပဲ ျပန္ပိတ္ခဲ့ရတာပါ။ ပုံမွန္စာသင္ႏွစ္ေတြလုိ အျပည့္အ၀ မသင္ၾကားႏုိင္တဲ့အတြက္ စာေမးပဲြေတြ စစ္ေဆးဖုိ႔နဲ႔ အတန္းတက္ဖုိ႔ ကိစၥေတြမွာ မေရမရာျဖစ္ေနတဲ့အေပၚ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာဆရာမမ်ား အဖြဲ႕ခ်ဳပ္ရဲ႕ အတြင္းေရးမွဴး ေဒါက္တာေဇာ္မ်ိဳးလႈိင္က ခုလို သုံးသပ္ပါတယ္။

“အခုက ပုံမွန္ Calendar အရဆိုရင္ေတာ့ ေနာက္က်တဲ့ အထဲမွာပါတယ္။ အဲ့ေတာ့ သင္ၾကားေရးတာင္မွ အထက္တန္းကို လပိုင္းေလာက္ပဲ သင္ၿပီးေတာ့ ျပန္ပိတ္လိုက္ရတယ္။ အဲ့ဒီအတြက္ က်ေနာ္တို႔ သင္ၾကားေရး အခ်ိန္ကနည္းတယ္ေပါ့ေလ။ အဲ့ဒီေတာ့ အြန္လိုင္းတို႔ TV တို႔ ေရဒီယိုတို႔ကေန ပို႔ခ်မယ္ဆိုရင္ေတာင္ ပုံမွန္စာေမးပြဲေျဖခ်ိန္မွာ ေျဖမယ္ဆိုရင္ေတာ့ သူတို႔ေတြအတြက္ အခက္အခဲနည္းနည္းျဖစ္ႏိုင္တယ္ေပါ့၊ အဲ့ေတာ့ စာေမးပြဲေျဖတဲ့ အခ်ိန္က ေနာက္ဆုတ္မွာလား ဒီအတိုင္းပဲထားမွာလား ဆိုတဲ့ အေပၚမွာမူတည္ၿပီးကြၽန္ေတာ္တို႔က ေျပာရမယ့္ အေနအထားရွိတယ္။ စာသင္တဲ့အခ်ိန္နည္းတယ္မ်ားတယ္ ဆိုတာေလ စာေမးပြဲေနာက္ဆုတ္ခဲ့မယ္ဆိုရင္ေတာ့ ဒါ Academic Calendar ကို ေ႐ြ႕မယ္ဆိုရင္ေတာ့ ဆက္ၿပီးေတာ့ သင္ရတာ အဆင္ေျပႏိုင္တယ္ေပါ့ေနာ္။ အဲ့လိုေတာ့ က်ေနာ္တို႔ သုံးသပ္ရပါတယ္။ အဲ့ေတာ့ စာေမးပြဲဘယ္အခ်ိန္ေျဖခိုင္းမွာလည္း ဆိုတဲ့အေပၚမွာ မူတည္ေနပါတယ္။”

ကပ္ေရာဂါေၾကာင့္ စာသင္ေက်ာင္းေတြ ပိတ္ထားရတဲ့အတြက္ ကမာၻတဝန္း ေက်ာင္းေနအ႐ြယ္ ကေလးငယ္ ၃ ပုံ ၁ ပုံနီးပါး ရွိေနၿပီး၊ စာသင္ေက်ာင္းနဲ႔ ေဝးတဲ့ ေက်ာင္းသား အေရအတြက္ဟာ သန္းေပါင္း ၁၅,၀၀၀ ေလာက္ရွိေနၿပီး ဒီအထဲမွာ ၄၆၃ သန္းေလာက္ဟာ အင္တာနက္၊ ဒါမွမဟုတ္ တီဗြီနဲ႔ ေရဒီယိုေတြကေနတဆင့္ ပညာဆက္လက္ သင္ယူႏိုင္တဲ့ အေျခအေနမွာ မရွိဘူးလို႔လည္း ကုလသမဂၢ ကေလးငယ္မ်ား ရန္ပုံေငြအဖြဲ႕ Unicef က ထုတ္ျပန္ခဲ့တဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ကမာၻ႔ဘဏ္က ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ ထုတ္ျပန္တဲ့ အစီရင္ခံစာထဲမွာလည္း ျမန္မာႏုိင္ငံ အပါအ၀င္ အေရွ႕အာရွ ပစိဖိတ္ႏုိင္ငံေတြမွာ ကပ္ေရာဂါေၾကာင့္ စာသင္ႏွစ္ ၀.၇ ရာခုိင္ႏႈန္း ဆုံး႐ႈံးရေၾကာင္းနဲ႔ ဆင္းရဲတဲ့ မိသားစုေတြမွာ ပညာေရး၊ က်န္းမာေရး၊ အလုပ္အကုိင္နဲ႔ ဘ႑ာေရးအရ နစ္နာဆုံး႐ႈံးမႈေတြ ႀကီးမားႏုိင္ေၾကာင္းလည္း သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရုပ်သံ ရေဒီယိုမှတဆင့် ပညာရေးပို့ချချက်များထုတ်လွှင့်မည်

ကိုဗစ်ကပ်ရောဂါကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရတဲ့အတွက် ပညာရေးအခွင့်အလမ်း မဆုံးရှုံးရအောင် ဘာတွေလုပ်ဖို့ လိုနေသလဲဆိုတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

ကပ်ရောဂါကူးစက်မှုတွေကြောင့် မြန်မာနိုင်ငံတဝန်းက အခြေခံပညာကျောင်းတွေ ပိတ်ထားရတာ အခုဆိုရင် ၂ လလောက် ရှိလာတာကြောင့် ပညာရေး ထိခိုက်မှာ စိုးရိမ်နေကြပါတယ်။ ပညာရေးဝန်ကြီးဌာနကတော့ ကျောင်းတွေပိတ်ထားပေမဲ့ ပညာသင်ကြားခွင့်တွေ မဆုံးရှုံးအောင် ကျောင်းသင်ခန်းစာတွေကို အွန်လိုင်း၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့ကနေ ထုတ်လွှင့်သင်ကြားဖို့ စီစဉ်ထားသလို သင်ခန်းစာ တချို့ကိုလည်း Myanmar Education Channel ကနေ ထုတ်လွှင့်ပေးနေပါတယ်။ နောက်ထပ်လည်း အခြေခံပညာကျောင်းသားတွေအတွက် အွန်လိုင်း၊ ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေကနေ သင်ကြားပို့ချနိုင်အောင် ပြင်ဆင်နေကြောင်း အခြေခံပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

“ရုပ်သံတွေ၊ ရေဒီယိုတွေကတော့ ဆရာတို့ ဒီလကုန်လောက်တော့ မှန်းထားတယ်။ ဒါပေမဲ့ Plan မှာကတော့ ဆရာတို့က ဒီဇင်ဘာလောက်မှ မှန်းထားတာ၊ ဒါပေမဲ့ ဆရာတို့က အမြန်ဆုံးပြီးနိုင်အောင်ပေါ့၊ အကုန်လုံး ကကြီးကနေ အ ထိ အကုန်ပြီးမှ လွင့်တာ မဟုတ်ဘဲနဲ့ ကကြီးပြီးရင် ကကြီးလွှင့် ခခွေးပြီးရင် ခခွေးလွှင့် ဒီလိုဖြစ်နိုင်အောင် ဆရာတို့လုပ်နေတယ်။”

ကျောင်းသင်ခန်းစာတွေကို မြန်မာ့အသံ၊ မြဝတီ၊ SKY NET တို့ကနေ ရုပ်မြင်သံကြား သင်ခန်းစာတွေ ထုတ်လွှင့်မှာဖြစ်ပြီး လတ်တလော အလယ်တန်းနှင့် မူလတန်းတန်းကျောင်းသားကျောင်းသူ စုစုပေါင်း ၈,၀၀၀,၀၀၀ ဆီကို ပြဌာန်းစာအုပ်တွေရောက်အောင် ဆောင်ရွက်နိုင်ဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့လည်း ဒီနှစ်ပညာသင်နှစ်ကတော့ ပုံမှန်အတိုင်း မဖြစ်နိုင်ဘူးလို့လည်း ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

“ကိုဗစ်ပေါ်မှာ မူတည်ပြီးတော့ ကျောင်းက ဖွင့်နိုင်ရင် ပုံမှန်ပြန်ဖွင့်လိုက်ပြီးတော့ စာမေးပွဲတွေစစ်မယ်ဆိုရင်လည်းပဲ ဒီမတ်လမှာ စစ်ဖို့ဆိုတာ သိပ်တော့ မလွယ်တော့ဘူး။ ဒါကတော့ ဆရာ့ရဲ့ တစ်ဦးတည်း အမြင်ပါ။ ရွေးကောက်ပွဲပြီးရင် ကိုဗစ်ငြိမ်သွားလို့ ပြန်ဖွင့်သည့်တိုင်အောင် ဆရာတို့က နိုဝင်ဘာလလယ်ထိ ရောက်သွားတဲ့ အတွက်ကြောင့်မို့ စာသင်ရက်က ၃ လခွဲလောက်ပဲ ကျန်တော့မယ်။ ၃လ ခွဲလောက်နဲ့ ၉ လစာကို သင်ရမယ်ဆိုရင် ဒါက မဖြစ်နိုင်ဘူးလေ။ အဲ့ဒါကြောင့်မို့ မတ်လမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စစ်ဆေးဖို့ဆိုတာတော့ မဖြစ်နိုင်တဲ့ဘက်မှာ ရာနှုန်းပိုများတယ်။ ဒီ့ထက်နောက်ဆုတ်မလားဆိုတဲ့ အခြေအနေရှိတယ်၊ ဒါက အခြေအနေကောင်းရင်ပေါ့။ မကောင်းရင် ရပ်ရင်လည်း ရပ်သွားနိုင်တယ် ဒါကတော့ နိုင်ငံတော်ရဲ့ ပေါ်လစီအပေါ်မှာ မူတည်တာပေါ့။”

ကပ်ရောဂါကြောင့် ပုံမှန်ကျောင်းဖွင့်ချိန်ထက် နောက်ကျပြီး ဇူလိုင်လထဲမှာ ပြန်ဖွင့်ခဲ့တဲ့ကျောင်းတွေကို တကျော့ပြန် ကူးစက်မှုတွေကြောင့် ၁ လလောက်အကြာမှာပဲ ပြန်ပိတ်ခဲ့ရတာပါ။ ပုံမှန်စာသင်နှစ်တွေလို အပြည့်အ၀ မသင်ကြားနိုင်တဲ့အတွက် စာမေးပွဲတွေ စစ်ဆေးဖို့နဲ့ အတန်းတက်ဖို့ ကိစ္စတွေမှာ မရေမရာဖြစ်နေတဲ့အပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများ အဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က ခုလို သုံးသပ်ပါတယ်။

“အခုက ပုံမှန် Calendar အရဆိုရင်တော့ နောက်ကျတဲ့ အထဲမှာပါတယ်။ အဲ့တော့ သင်ကြားရေးတာင်မှ အထက်တန်းကို လပိုင်းလောက်ပဲ သင်ပြီးတော့ ပြန်ပိတ်လိုက်ရတယ်။ အဲ့ဒီအတွက် ကျနော်တို့ သင်ကြားရေး အချိန်ကနည်းတယ်ပေါ့လေ။ အဲ့ဒီတော့ အွန်လိုင်းတို့ TV တို့ ရေဒီယိုတို့ကနေ ပို့ချမယ်ဆိုရင်တောင် ပုံမှန်စာမေးပွဲဖြေချိန်မှာ ဖြေမယ်ဆိုရင်တော့ သူတို့တွေအတွက် အခက်အခဲနည်းနည်းဖြစ်နိုင်တယ်ပေါ့၊ အဲ့တော့ စာမေးပွဲဖြေတဲ့ အချိန်က နောက်ဆုတ်မှာလား ဒီအတိုင်းပဲထားမှာလား ဆိုတဲ့ အပေါ်မှာမူတည်ပြီးကျွန်တော်တို့က ပြောရမယ့် အနေအထားရှိတယ်။ စာသင်တဲ့အချိန်နည်းတယ်များတယ် ဆိုတာလေ စာမေးပွဲနောက်ဆုတ်ခဲ့မယ်ဆိုရင်တော့ ဒါ Academic Calendar ကို ရွေ့မယ်ဆိုရင်တော့ ဆက်ပြီးတော့ သင်ရတာ အဆင်ပြေနိုင်တယ်ပေါ့နော်။ အဲ့လိုတော့ ကျနော်တို့ သုံးသပ်ရပါတယ်။ အဲ့တော့ စာမေးပွဲဘယ်အချိန်ဖြေခိုင်းမှာလည်း ဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။”

ကပ်ရောဂါကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရတဲ့အတွက် ကမ္ဘာတဝန်း ကျောင်းနေအရွယ် ကလေးငယ် ၃ ပုံ ၁ ပုံနီးပါး ရှိနေပြီး၊ စာသင်ကျောင်းနဲ့ ဝေးတဲ့ ကျောင်းသား အရေအတွက်ဟာ သန်းပေါင်း ၁၅,၀၀၀ လောက်ရှိနေပြီး ဒီအထဲမှာ ၄၆၃ သန်းလောက်ဟာ အင်တာနက်၊ ဒါမှမဟုတ် တီဗွီနဲ့ ရေဒီယိုတွေကနေတဆင့် ပညာဆက်လက် သင်ယူနိုင်တဲ့ အခြေအနေမှာ မရှိဘူးလို့လည်း ကုလသမဂ္ဂ ကလေးငယ်များ ရန်ပုံငွေအဖွဲ့ Unicef က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ဘဏ်က ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာလည်း မြန်မာနိုင်ငံ အပါအဝင် အရှေ့အာရှ ပစိဖိတ်နိုင်ငံတွေမှာ ကပ်ရောဂါကြောင့် စာသင်နှစ် ဝ.၇ ရာခိုင်နှုန်း ဆုံးရှုံးရကြောင်းနဲ့ ဆင်းရဲတဲ့ မိသားစုတွေမှာ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်နဲ့ ဘဏ္ဍာရေးအရ နစ်နာဆုံးရှုံးမှုတွေ ကြီးမားနိုင်ကြောင်းလည်း သတိပေးထားပါတယ်။

XS
SM
MD
LG