သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာေရြးေကာက္ပဲြ အေမရိကန္ အနီးကပ္ေစာင့္ၾကည့္ေန


အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီး Mike Pompeo

(Zawgyi/Unicode)

ျမန္မာႏုိင္ငံဒီမိုကေရစီ အေျပာင္းအလဲကာလအတြက္ အေရးပါတဲ့ေျခလွမ္း တရပ္ျဖစ္တဲ့ ႏိုဝင္ဘာလ ၈ ရက္ တနဂၤေႏြ ေန႔က က်င္းပတဲ့ ေရြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး အေမရိကန္ျပည္ေထာင္စုက စိုးရိမ္မႈေတြ ရွိေနေၾကာင္း တနလၤာေန႔မွာ အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီး Mike Pompeo က ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္အုပ္ခ်ဳပ္မႈအဆံုးသတ္သြားခ်ိန္ကစၿပီး ဒုတိယအႀကိမ္ေျမာက္ ေရြးေကာက္ပြဲ ျဖစ္တဲ့ အခုေရြးေကာက္ပြဲမွာပထမဆံုး မဲစေပးတဲ့ လူငယ္ေတြ အပါအဝင္ ျမန္မာျပည္သူ သန္းေပါင္းမ်ားစြာ ရဲ့ သူတုိ႔ကို ကိုယ္စားျပဳမယ့္ သူကို သူတို႔ကိုယ္တိုင္ ေရြးခ်ယ္ခြင့္ရတဲ့ လုပ္ငန္းစဥ္ျဖစ္ တာေၾကာင့္ ေရြးေကာက္ပြဲ ျဖစ္ေျမာက္ေအာင္ အထူးသျဖင့္ COVID-19 ကပ္ေရာဂါ နဲ႔ရင္ဆိုင္ေနရခ်ိန္မွာ ႀကိဳးစားၿပီး လုပ္ေဆာင္ေနသူအားလံုးကို ခ်ီးၾကဴးပါေၾကာင္းလည္း ေဖၚျပထားပါတယ္။

ဒါေပမယ့္လည္း ဒီေရြးေကာက္ပြဲမွာ ေရြးေကာက္တင္ေျမွာက္မႈမရွိပဲ အမတ္ေနရာအေတာ္မ်ားမ်ားကို စစ္တပ္က ရယူထားတာ၊ ရိုဟင္ဂ်ာေတြအပါအဝင္ မဲဆႏၵေပးပိုင္ခြင့္မရွိတဲ့ အုပ္စုေတြ ရွိေနတာ၊ တိုင္းနဲ႔ ျပည္နယ္ အေတာ္မ်ားမ်ားက ေဒသတခ်ိဳ႕မွာ မဲမေပးရတာ၊ ႏိုင္ငံသားနဲ႔ ေနရပ္ရင္း လိုအပ္ခ်က္ဆိုင္ရာ ေပၚ အေျခခံၿပီး ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္မရတာ လိုမ်ိဳး ဒီမိုကေရစီနည္းက် အရပ္သားအစိုးရတရပ္ ပိုဆန္လာေစမယ့္ ျဖစ္စဥ္္ေတြအတြက္ အတားအဆီးေတြ ျဖစ္ေနတယ္လို႔လည္း ေျပာပါတယ္။

ဒါျပင္ အေမရိကန္ျပည္ေထာင္စုဟာ ျမန္မာႏိုင္ငံရဲ့ ေရြးေကာက္ပြဲလုပ္ငန္းစဥ္ကို ဆက္ၿပီး အနီးကပ္ေစာင့္ၾကည့္မွာ ျဖစ္ေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

ဒီေၾကညာခ်က္မွာပဲ ျမန္မာ့ေရြးေကာက္ပြဲမွာ သက္ဆိုင္ရာ အာဏာပိုင္ေတြ အေနနဲ႔ မဲဲစာရင္းဇယား ေတြ မွန္ကန္ေသခ်ာမႈရွိေအာင္ လုပ္ေဆာင္ၾကဖို႔ ပန္ၾကားခဲ့သလို မဲေပးမႈ ဆိုင္ရာ တုိင္တန္းခ်က္ေတြကို ပြင့္လင္းျမင္သာမႈရွိရွိနဲ႔ သမာသမတ္က်က် ေျဖရွင္းေဆာင္ရြက္ေပးဖုိ႔ပါ ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

မြန်မာရွေးကောက်ပွဲ အမေရိကန် အနီးကပ်စောင့်ကြည့်နေ
(Unicode)

မြန်မာနိုင်ငံဒီမိုကရေစီ အပြောင်းအလဲကာလအတွက် အရေးပါတဲ့ခြေလှမ်း တရပ်ဖြစ်တဲ့ နိုဝင်ဘာလ ၈ ရက် တနင်္ဂနွေ နေ့က ကျင်းပတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက စိုးရိမ်မှုတွေ ရှိနေကြောင်း တနင်္လာနေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အုပ်ချုပ်မှုအဆုံးသတ်သွားချိန်ကစပြီး ဒုတိယအကြိမ်မြောက် ရွေးကောက်ပွဲ ဖြစ်တဲ့. အခုရွေးကောက်ပွဲမှာပထမဆုံး မဲစပေးတဲ့ လူငယ်တွေ အပါအဝင် မြန်မာပြည်သူ သန်းပေါင်းများစွာ ရဲ့ သူတို့ကို ကိုယ်စားပြုမယ့် သူကို သူတို့ကိုယ်တိုင် ရွေးချယ်ခွင့်ရတဲ့ လုပ်ငန်းစဉ်ဖြစ် တာကြောင့် ရွေးကောက်ပွဲ ဖြစ်မြောက်အောင် အထူးသဖြင့် COVID-19 ကပ်ရောဂါ နဲ့ရင်ဆိုင်နေရချိန်မှာ ကြိုးစားပြီး လုပ်ဆောင်နေသူအားလုံးကို ချီးကြူးပါကြောင်းလည်း ဖေါ်ပြထားပါတယ်။

ဒါပေမယ့်လည်း ဒီရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်မှုမရှိပဲ အမတ်နေရာအတော်များများကို စစ်တပ်က ရယူထားတာ၊ ရိုဟင်ဂျာတွေအပါအဝင် မဲဆန္ဒပေးပိုင်ခွင့်မရှိတဲ့ အုပ်စုတွေ ရှိနေတာ၊ တိုင်းနဲ့ ပြည်နယ် အတော်များများက ဒေသတချို့မှာ မဲမပေးရတာ၊ နိုင်ငံသားနဲ့ နေရပ်ရင်း လိုအပ်ချက်ဆိုင်ရာ ပေါ် အခြေခံပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရတာ လိုမျိုး ဒီမိုကရေစီနည်းကျ အရပ်သားအစိုးရတရပ် ပိုဆန်လာစေမယ့် ဖြစ်စဉ်တွေအတွက် အတားအဆီးတွေ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

ဒါပြင် အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ဆက်ပြီး အနီးကပ်စောင့်ကြည့်မှာ ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒီကြေညာချက်မှာပဲ မြန်မာ့ရွေးကောက်ပွဲမှာ သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ မဲစာရင်းဇယား တွေ မှန်ကန်သေချာမှုရှိအောင် လုပ်ဆောင်ကြဖို့ ပန်ကြားခဲ့သလို မဲပေးမှု ဆိုင်ရာ တိုင်တန်းချက်တွေကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ သမာသမတ်ကျကျ ဖြေရှင်းဆောင်ရွက်ပေးဖို့ပါ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG