သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ေရာဂါကူးစက္သူ ၆၅,၅၉၈၊ ေသဆံုးသူ ၁,၅၀၈


ကိုဗစ္ သံသယလူနာေတြကို Quarantin စင္တာဆီသို႔ ကူညီပို႔ေဆာင္ေပးတဲ့ PPE ဝတ္စံုဝတ္ ပရဟိတလုပ္သားတဦးကို ရန္ကုန္္ၿမိဳ႕ရွိ လမ္းတခုမွာ ေတြ႕ရ။ (ေအာက္တိုဘာ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံရသူအေရအတြက္ ၆၅,၀၀၀ ေက်ာ္ နဲ႔ ေသဆုံးသူ ၁,၅၀၀ ေက်ာ္သြားၿပီျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဓာတ္ခဲြနမူနာ ၁၇,၂၅၀ ခုကို စစ္ေဆးခဲ့တာမွာ ေရာဂါကူးစက္ခံထားရသူ ၁,၁၄၅ ေယာက္ရွိတယ္လို႔ က်န္းမာေရ နဲ႔ အားကစား၀န္ႀကီးဌာနက ဒီေန႔ ႏုိ၀င္ဘာ ၁၂ ရက္ေန႔ည ၈ နာရီမွာ ထုတ္ျပန္ထားပါတယ္။ ဒါေၾကာင့္ စုစုေပါင္းဗုိင္းရပ္စ္ကူးစက္ခံရသူ အေရအတြက္ဟာ ၆၅,၅၉၈ ေယာက္ ရွိသြားၿပီျဖစ္ပါတယ္။

ဒီေန႔မွာ ဗုိ္င္းရပ္စ္ေၾကာင့္ ေနာက္ထပ္ ၂၈ ေယာက္ ထပ္မံေသဆုံးခဲ့တဲ့အတြက္ စုစုေပါင္း ေသဆုံးသူအေရအတြက္ဟာ ၁,၅၀၈ ေယာက္ ရွိသြားၿပီျဖစ္ပါတယ္။ ဒီေန႔ ေသဆုံးတဲ့သူေတြထဲက ၁၉ ေယာက္ကေတာ့ နဂိုေရာဂါအခံရွိသူေတြျဖစ္တယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ ဒီေန႔မွာ ေဆး႐ုံက ဆင္းခြင့္ရသူ ၁,၀၃၁ ေယာက္ရွိတဲ့အတြက္ ေရာဂါသက္သာေပ်ာက္ကင္းသူဦးေရဟာ ၄၉,၀၀၀ ေက်ာ္သြားၿပီျဖစ္တယ္လို႔ ေျပာပါတယ္။

မေန႔ကေတာ့ ဓာတ္ခဲြအတည္ျပဳလူနာ ၁,၂၁၂ ေယာက္ရွိခဲ့ၿပီး အဲဒီထဲမွာ ျပည္ပက ျပန္လာၿပီး အသြားအလာကန္႔သတ္ထားရွိသူ ၄ ေယာက္ပါ၀င္ပါတယ္။ အဲဒီထဲမွာ ရန္ကုန္တိုင္းက ၉၆၇ ေယာက္နဲ႔ အမ်ားဆုံးျဖစ္ၿပီး မႏၱေလးတုိင္းက ၅၃ ေယာက္နဲ႔ ဒုတိယ၊ ဧရာ၀တီတုိင္းက ၄၉ ေယာက္နဲ႔ တတိယအမ်ားဆုံးျဖစ္ျပီးေတာ့ ပဲခူးတုိင္းနဲ႔ ရခုိင္ျပည္နယ္ေတြက ၄၄ ေယာက္နဲ႔ စတုတၳအမ်ားဆုံးျဖစ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ COVID-19 ရောဂါကူးစက်သူ ၆၅,၅၉၈၊ သေဆုံးသူ ၁,၅၀၈

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအရေအတွက် ၆၅,၀၀၀ ကျော် နဲ့ သေဆုံးသူ ၁,၅၀၀ ကျော်သွားပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၇,၂၅၀ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါကူးစက်ခံထားရသူ ၁,၁၄၅ ယောက်ရှိတယ်လို့ ကျန်းမာရေ နဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ည ၈ နာရီမှာ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် စုစုပေါင်းဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ဟာ ၆၅,၅၉၈ ယောက် ရှိသွားပြီဖြစ်ပါတယ်။

ဒီနေ့မှာ ဗိုင်းရပ်စ်ကြောင့် နောက်ထပ် ၂၈ ယောက် ထပ်မံသေဆုံးခဲ့တဲ့အတွက် စုစုပေါင်း သေဆုံးသူအရေအတွက်ဟာ ၁,၅၀၈ ယောက် ရှိသွားပြီဖြစ်ပါတယ်။ ဒီနေ့ သေဆုံးတဲ့သူတွေထဲက ၁၉ ယောက်ကတော့ နဂိုရောဂါအခံရှိသူတွေဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒီနေ့မှာ ဆေးရုံက ဆင်းခွင့်ရသူ ၁,၀၃၁ ယောက်ရှိတဲ့အတွက် ရောဂါသက်သာပျောက်ကင်းသူဦးရေဟာ ၄၉,၀၀၀ ကျော်သွားပြီဖြစ်တယ်လို့ ပြောပါတယ်။

မနေ့ကတော့ ဓာတ်ခွဲအတည်ပြုလူနာ ၁,၂၁၂ ယောက်ရှိခဲ့ပြီး အဲဒီထဲမှာ ပြည်ပက ပြန်လာပြီး အသွားအလာကန့်သတ်ထားရှိသူ ၄ ယောက်ပါဝင်ပါတယ်။ အဲဒီထဲမှာ ရန်ကုန်တိုင်းက ၉၆၇ ယောက်နဲ့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းက ၅၃ ယောက်နဲ့ ဒုတိယ၊ ဧရာဝတီတိုင်းက ၄၉ ယောက်နဲ့ တတိယအများဆုံးဖြစ်ပြီးတော့ ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေက ၄၄ ယောက်နဲ့ စတုတ္ထအများဆုံးဖြစ်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG