သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

COVID ကာကြယ္ေဆး ဒီဇင္ဘာမွာ စတင္ထိုးေပးႏိုင္ဖို႔ ဥေရာပ ေမွ်ာ္လင္႔ 


(Zawgyi/Unicode)

ခြင့္ျပဳခ်က္ တင္ထားတဲ့ COVID-19 ကာကြယ္ေဆး ႏွစ္မ်ဳိးကို ေဆးဘက္ဆိုင္ရာ တာ၀န္ရွိသူေတြဘက္က အေရးေပၚ သံုးခြင့္အတည္ျပဳလိုက္မယ္ဆိုရင္ ဒီဇင္ဘာလ အကုန္မွာ ႏိုင္ငံသားေတြကို ကာကြယ္ေဆး အၿပီးထိုးေပးႏိုင္လိမ့္မယ္လို႔ ဥေရာပသမဂၢက အဂၤါေန႔က ေျပာၾကားခဲ့ပါတယ္။

ကာကြယ္ေဆးေတြ သန္းနဲ႔ခ်ီ ျဖန္႔ခ်ီႏိုင္ဖို႔ နည္းလမ္းေတြအတြက္ ဥေရာပသမဂၢအဖဲြ႔၀င္ႏုိင္ငံေတြ အလုပ္လုပ္ေနၾကၿပီျဖစ္ေၾကာင္း ဥေရာပေကာ္မရွင္ဥကၠဌ Ursula Von der Leyen ကသတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။

"အခုခ်ိန္မွာ အဖြဲ႕ဝင္ႏိုင္ငံေတြအေနနဲ႔ ကာကြယ္ေဆးထိုးမယ့္ အစီအစဥ္ေတြအတြက္ စတင္ေရးဆြဲ အလုပ္လုပ္ေနၾကပါတယ္။ သန္းနဲ႔ခ်ီၿပီး ကာကြယ္ေဆးေတြ ျဖန႔္ျဖဴးထိုးေပးႏိုင္ဖို႔ ပို႔ေဆာင္ေရးလုပ္ငန္းေတြအတြက္လည္း စီစဥ္လုပ္ေဆာင္ေနၾကပါတယ္။"

တကယ္လို႔မ်ား စီစဥ္ထားတဲ့အတိုင္း ေခ်ာေခ်ာေမြ႕ေမြ႕ျဖစ္ခဲ့ရင္ ဒီဇင္ဘာလမကုန္ခင္မွာ ပထမဆုံး ဥေရာပတိုက္သားေတြကိုကာကြယ္ေဆးထိုးၿပီးသားျဖစ္လိမ့္မယ္လို႔လည္း သူက ေျပာသြားပါတယ္။

အေမရိကန္ေဆးဝါးကုမၸဏီ Pfizer နဲ႔ သူ႔ရဲ႕ မိတ္ဖက္ ဂ်ာမန္ BioNTech ကုမၸဏီတို႔ကေန သူတို႔ရဲ႕ကိုရုိနာဗိုင္းရပ္စ္ ကာကြယ္ေဆးအတြက္ ဥေရာပေဆးဝါးေအဂ်င္စီကို ခြ်င္းခ်က္နဲ႔ ခြင့္ျပဳခ်က္ေပးဖို႔ တင္ျပထားၿပီျဖစ္ေၾကာင္း ေၾကညာအၿပီးမွာ အခုလို ဥေရာပေကာ္မရွင္ဥကၠဌ Ursula Von der Leyen က ကာကြယ္ေဆးနဲ႔ ပတ္သက္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ကုမၸဏီေတြရဲ႕ ေၾကညာခ်က္မွာလည္း ဥေရာပေဆး၀ါးေအဂ်င္စီကို တနလၤာေန႔က တင္သြင္းခဲ့တာျဖစ္ၿပီး ဒီအတြက္လည္း ေအာက္တိုဘာလ (၆)ရက္ေန႔က စတင္ၿပီး ေအဂ်င္စီနဲ႔ ကာကြယ္ေဆးဆိုင္ရာ သံုးသပ္ခ်က္ေတြကိုလုပ္ကိုင္ေဆာင္ရြက္ခဲ့ေၾကာင္း ေဖၚျပထားပါတယ္။

ဒီမတိုင္ခင္ တရက္ကလည္း ေနာက္ထပ္ အေမရိကန္ေဆး၀ါး ကုမၸဏီတခုျဖစ္တဲ့ Moderna က အေမရိကန္နဲ႔ ဥေရာပက ေဆး၀ါးဆိုင္ရာတာ၀န္ရွိအဖဲြ႔အစည္းေတြထံမွာCOVID-19 ကာကြယ္ေဆးကိုအေရးေပၚအသုံးျပဳဖို႔ ခြင့္ျပဳခ်က္ ေတာင္းခံခဲ့ပါတယ္။

အေမရိကန္ ေဆး၀ါး ကုမၸဏီႏွစ္ခုစလုံးဟာ ႏို၀င္ဘာလကတည္းက အေမရိကန္အစားအစာႏွင့္ေဆးဝါးစီမံခန႔္ခြဲမႈ (FDA) မွာ ကာကြယ္ေဆးကို အေရးေပၚအတည္ျပဳဖို႔ ေလွ်ာက္ထားခဲ့ၿပီျဖစ္ပါတယ္။

Pfizer နဲ႔BioNTech တို႔က ထုတ္မယ့္ ကာကြယ္ေဆးနဲ႔ ပတ္သက္လို႔ လံုၿခံဳ ထိေရာက္မႈရွိမရွိ အခ်က္အလက္ေတြ လံုေလာက္မႈရွိမရွိကို ဒီဇင္ဘာလ ၂၉မွာက်င္းပမယ့္ အစည္းအေ၀းမွာ ဆံုးျဖတ္ဖို႔ရွိသလို၊ Moderna ကထုတ္မယ့္ ကာကြယ္ေဆးအတြက္ ဇန္န၀ါရီလ ၁၂ ရက္ေန႔ အေစာဆံုးထား ဆံုးျဖတ္ႏိုင္လိမ့္မယ္လို႔ ဥေရာပေဆး၀ါးေအဂ်င္စီရဲ႕ အဂၤါေန႔က ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


........

COVID ကာကွယ်ဆေး ဒီဇင်ဘာမှာ စတင်ထိုးပေးနိုင်ဖို့ ဥရောပ မျှော်လင့်

(Unicode)

ခွင့်ပြုချက် တင်ထားတဲ့ COVID-19 ကာကွယ်ဆေး နှစ်မျိုးကို ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က အရေးပေါ် သုံးခွင့်အတည်ပြုလိုက်မယ်ဆိုရင် ဒီဇင်ဘာလ အကုန်မှာ နိုင်ငံသားတွေကို ကာကွယ်ဆေး အပြီးထိုးပေးနိုင်လိမ့်မယ်လို့ ဥရောပသမဂ္ဂက အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

ကာကွယ်ဆေးတွေ သန်းနဲ့ချီ ဖြန့်ချီနိုင်ဖို့ နည်းလမ်းတွေအတွက် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ အလုပ်လုပ်နေကြပြီဖြစ်ကြောင်း ဥရောပကော်မရှင်ဥက္ကဌ Ursula Von der Leyen ကသတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

"အခုချိန်မှာ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကာကွယ်ဆေးထိုးမယ့် အစီအစဉ်တွေအတွက် စတင်ရေးဆွဲ အလုပ်လုပ်နေကြပါတယ်။ သန်းနဲ့ချီပြီး ကာကွယ်ဆေးတွေ ဖြန့်ဖြူးထိုးပေးနိုင်ဖို့ ပို့ဆောင်ရေးလုပ်ငန်းတွေအတွက်လည်း စီစဉ်လုပ်ဆောင်နေကြပါတယ်။"

တကယ်လို့များ စီစဉ်ထားတဲ့အတိုင်း ချောချောမွေ့မွေ့ဖြစ်ခဲ့ရင် ဒီဇင်ဘာလမကုန်ခင်မှာ ပထမဆုံး ဥရောပတိုက်သားတွေကိုကာကွယ်ဆေးထိုးပြီးသားဖြစ်လိမ့်မယ်လို့လည်း သူက ပြောသွားပါတယ်။

အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer နဲ့ သူ့ရဲ့ မိတ်ဖက် ဂျာမန် BioNTech ကုမ္ပဏီတို့ကနေ သူတို့ရဲ့ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအတွက် ဥရောပဆေးဝါးအေဂျင်စီကို ချွင်းချက်နဲ့ ခွင့်ပြုချက်ပေးဖို့ တင်ပြထားပြီဖြစ်ကြောင်း ကြေညာအပြီးမှာ အခုလို ဥရောပကော်မရှင်ဥက္ကဌ Ursula Von der Leyen က ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ကုမ္ပဏီတွေရဲ့ ကြေညာချက်မှာလည်း ဥရောပဆေးဝါးအေဂျင်စီကို တနင်္လာနေ့က တင်သွင်းခဲ့တာဖြစ်ပြီး ဒီအတွက်လည်း အောက်တိုဘာလ (၆)ရက်နေ့က စတင်ပြီး အေဂျင်စီနဲ့ ကာကွယ်ဆေးဆိုင်ရာ သုံးသပ်ချက်တွေကိုလုပ်ကိုင်ဆောင်ရွက်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

ဒီမတိုင်ခင် တရက်ကလည်း နောက်ထပ် အမေရိကန်ဆေးဝါး ကုမ္ပဏီတခုဖြစ်တဲ့ Moderna က အမေရိကန်နဲ့ ဥရောပက ဆေးဝါးဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းတွေထံမှာCOVID-19 ကာကွယ်ဆေးကိုအရေးပေါ်အသုံးပြုဖို့ ခွင့်ပြုချက် တောင်းခံခဲ့ပါတယ်။

အမေရိကန် ဆေးဝါး ကုမ္ပဏီနှစ်ခုစလုံးဟာ နိုဝင်ဘာလကတည်းက အမေရိကန်အစားအစာနှင့်ဆေးဝါးစီမံခန့်ခွဲမှု (FDA) မှာ ကာကွယ်ဆေးကို အရေးပေါ်အတည်ပြုဖို့ လျှောက်ထားခဲ့ပြီဖြစ်ပါတယ်။

Pfizer နဲ့BioNTech တို့က ထုတ်မယ့် ကာကွယ်ဆေးနဲ့ ပတ်သက်လို့ လုံခြုံ ထိရောက်မှုရှိမရှိ အချက်အလက်တွေ လုံလောက်မှုရှိမရှိကို ဒီဇင်ဘာလ ၂၉မှာကျင်းပမယ့် အစည်းအဝေးမှာ ဆုံးဖြတ်ဖို့ရှိသလို၊ Moderna ကထုတ်မယ့် ကာကွယ်ဆေးအတွက် ဇန်နဝါရီလ ၁၂ ရက်နေ့ အစောဆုံးထား ဆုံးဖြတ်နိုင်လိမ့်မယ်လို့ ဥရောပဆေးဝါးအေဂျင်စီရဲ့ အင်္ဂါနေ့က ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG