သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

COVID ကာကြယ္ေဆး ၿဗိတိန္ အတည္ျပဳမႈ WHO ခ်ီးက်ဴး


(Zawgyi/Unicode)

Pfizer-BioNTechေဆးကုမၸဏီရဲ့ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို ၿဗိတိန္နိုင္ငံက အတည္ျပဳ သုံးစြဲခြင့္ လိုက္တာဟာ ထူးျခားမႈႀကီးျဖစ္တယ္လို႔ ကမၻာ့က်န္းမာေရး အဖြဲ႕ WHO ဥေရာပေဒသဆိုင္ရာ ဒါရိုက္တာ Dr. Hans Kluge က ေျပာပါတယ္။ အခုလို ကာကြယ္ေဆးရွိေနေပမယ့္ ဥေရာပသားေတြအေနနဲ႔ ဆက္ၿပီးသတိရွိၾကဖို႔ကို လည္း သူက တိုက္တြန္းလိုက္ပါတယ္။

Pfizer-BioNTech ကာကြယ္ေဆးကို ေနရာတိုင္းမွာ အသုံးျပဳဖို႔ အတည္ျပဳခ်က္ရေတာ့မွာျဖစ္သလိုလက္ရွိလူေတြနဲ႔ စမ္းသပ္ေနတဲ့ တျခား ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး ၅၀ ေလာက္ဟာလည္း ထူးျခားတဲ့ ေအာင္ျမင္မႈေတြရရွိဖို႔ အလားအလာေတြကို ေတြ႕ေနရၿပီလို႔ WHO ဥေရာပ ေဒသ႐ုံးစိုက္ရာ Copenhagen ၿမိဳ႕ကေန Dr.Kluge က ၾကာသပေတးေန႔ကေျပာလိုက္တာပါ။ကာကြယ္ေဆးနဲ႔အတူစည္းမ်ဥ္းသတ္မွတ္ ခ်က္ေတြကို လိုက္နာရင္ လတ္တေလာျဖစ္ေနတဲ့ ကပ္ေရာဂါကို အဆုံးသတ္နိုင္မွာျဖစ္တယ္လို႔ Dr.Kluge ကေျပာပါတယ္။

တျခားဥေရာပနိုင္ငံေတြအေနနဲ႔ ကာကြယ္ေဆးကို ေစာင့္ဆိုင္းေနရတဲ့ အခ်ိန္မွာ ေဆးေတြရရင္ လုပ္ေဆာင္ရမယ့္ အစီအစဥ္ေတြကို ႀကိဳတင္ ျပင္ဆင္ထားၾကဖို႔၊ ေရာဂါကူးစက္မႈႏႈန္းက်ဆင္းလာေနတဲ့ နိုင္ငံေတြအေနနဲ႔ အခ်ိန္ကို အက်ိဳးရွိရွိ အသုံးခ်ၾကဖို႔ သူက တိုက္တြန္းပါတယ္။ အခုအခ်ိန္က ေခါင္းေဆာင္မႈကို ျပသရမယ့္အခ်ိန္ျဖစ္တယ္လို႔လည္း ေျပာပါတယ္။​

ကနဦး အကန္႔အသတ္နဲ႔သာ ရရွိမယ့္ ကာကြယ္ေဆးေတြကို က်န္းမာေရးလုပ္သားေတြ၊ လူမႈဝန္ထမ္းလုပ္သားေတြ၊ သက္ႀကီးရြယ္အိုေတြကို ဦးစားေပး ထိုးႏွံေပးဖို႔ WHO က အႀကံျပဳထားတာပါ။

ဥေရာပမွာCOVID-19 ကူးစက္သူ ၁၉ သန္းနဲ႔ ေသဆုံးသူ ၄၂၇,၀၀၀ ေက်ာ္ရွိပါတယ္။ နိုဝင္ဘာတလထဲမွာတင္ ေရာဂါ ကူးစက္သူ ၄ သန္းေက်ာ္ရွိတာပါ။ ၿပီးခဲ့တဲ့ သီတင္းပတ္ကစလို႔ ၃ ပတ္ဆက္တိုက္ကူးစက္မႈႏႈန္းက်ဆင္းလာေပမဲ့ ဥေရာပရဲ့ ကူးစက္မႈႏႈန္းက တကမၻာလုံးရဲ့ ၄၀ ရာခိုင္ႏႈန္းရွိၿပီး ေသဆုံးမႈႏႈန္းက တကမၻာလုံးရဲ့ ၅၀ ရာခိုင္ႏႈန္းရွိပါတယ္။

COVID ကာကြယ္ေဆး ၿဗိတိန္ အတည္ျပဳမႈ WHO ခ်ီးက်ဴး
please wait

No media source currently available

0:00 0:01:01 0:00
တိုက္႐ိုက္ လင့္ခ္


.............

COVID ကာကွယ်ဆေး ဗြိတိန် အတည်ပြုမှု WHO ချီးကျူး

(Unicode)

Pfizer-BioNTechဆေးကုမ္ပဏီရဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဗြိတိန်နိုင်ငံက အတည်ပြု သုံးစွဲခွင့် လိုက်တာဟာ ထူးခြားမှုကြီးဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ဥရောပဒေသဆိုင်ရာ ဒါရိုက်တာ Dr. Hans Kluge က ပြောပါတယ်။ အခုလို ကာကွယ်ဆေးရှိနေပေမယ့် ဥရောပသားတွေအနေနဲ့ ဆက်ပြီးသတိရှိကြဖို့ကို လည်း သူက တိုက်တွန်းလိုက်ပါတယ်။

Pfizer-BioNTech ကာကွယ်ဆေးကို နေရာတိုင်းမှာ အသုံးပြုဖို့ အတည်ပြုချက်ရတော့မှာဖြစ်သလိုလက်ရှိလူတွေနဲ့ စမ်းသပ်နေတဲ့ တခြား ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ၅၀ လောက်ဟာလည်း ထူးခြားတဲ့ အောင်မြင်မှုတွေရရှိဖို့ အလားအလာတွေကို တွေ့နေရပြီလို့ WHO ဥရောပ ဒေသရုံးစိုက်ရာ Copenhagen မြို့ကနေ Dr.Kluge က ကြာသပတေးနေ့ကပြောလိုက်တာပါ။ကာကွယ်ဆေးနဲ့အတူစည်းမျဉ်းသတ်မှတ် ချက်တွေကို လိုက်နာရင် လတ်တလောဖြစ်နေတဲ့ ကပ်ရောဂါကို အဆုံးသတ်နိုင်မှာဖြစ်တယ်လို့ Dr.Kluge ကပြောပါတယ်။

တခြားဥရောပနိုင်ငံတွေအနေနဲ့ ကာကွယ်ဆေးကို စောင့်ဆိုင်းနေရတဲ့ အချိန်မှာ ဆေးတွေရရင် လုပ်ဆောင်ရမယ့် အစီအစဉ်တွေကို ကြိုတင် ပြင်ဆင်ထားကြဖို့၊ ရောဂါကူးစက်မှုနှုန်းကျဆင်းလာနေတဲ့ နိုင်ငံတွေအနေနဲ့ အချိန်ကို အကျိုးရှိရှိ အသုံးချကြဖို့ သူက တိုက်တွန်းပါတယ်။ အခုအချိန်က ခေါင်းဆောင်မှုကို ပြသရမယ့်အချိန်ဖြစ်တယ်လို့လည်း ပြောပါတယ်။

ကနဦး အကန့်အသတ်နဲ့သာ ရရှိမယ့် ကာကွယ်ဆေးတွေကို ကျန်းမာရေးလုပ်သားတွေ၊ လူမှုဝန်ထမ်းလုပ်သားတွေ၊ သက်ကြီးရွယ်အိုတွေကို ဦးစားပေး ထိုးနှံပေးဖို့ WHO က အကြံပြုထားတာပါ။

ဥရောပမှာCOVID-19 ကူးစက်သူ ၁၉ သန်းနဲ့ သေဆုံးသူ ၄၂၇,၀၀၀ ကျော်ရှိပါတယ်။ နိုဝင်ဘာတလထဲမှာတင် ရောဂါ ကူးစက်သူ ၄ သန်းကျော်ရှိတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ ၃ ပတ်ဆက်တိုက်ကူးစက်မှုနှုန်းကျဆင်းလာပေမဲ့ ဥရောပရဲ့ ကူးစက်မှုနှုန်းက တကမ္ဘာလုံးရဲ့ ၄၀ ရာခိုင်နှုန်းရှိပြီး သေဆုံးမှုနှုန်းက တကမ္ဘာလုံးရဲ့ ၅၀ ရာခိုင်နှုန်းရှိပါတယ်။

XS
SM
MD
LG