သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ေၾကာင့္ အခက္ၾကံဳေနတဲ့ သေဘၤာသားေတြအေရးေျဖရွင္းဖို႔ ကုလေဆြးေႏြး


ဂ်ပန္ႏိုင္ငံသို႔ထြက္ခြာမယ့္ ကုန္တင္သေဘာၤက သေဘာၤသားတဦးကို ကိုယ္အပူခ်ိန္တိုင္းေပးေနတဲ့ တရုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕က ဆိပ္ကမ္းတခုမွာ ေတြ႔ရ။ (ေမ ၀၉၊ ၂၀၂၀)

[Zawgyi/Unicode]

COVID-19 ကပ္ေရာဂါေၾကာင့္ ပင္လယ္ထဲမွာ ေသာင္တင္ေနၾကတဲ့ သေဘၤာသား ၄၀၀,၀၀၀ အေရးနဲ႔ပတ္သက္ၿပီး ကုလသမဂၢအေထြေထြညီလာခံမွာ ေဆြးေႏြးအေျဖရွာေနၾကပါတယ္။ ပင္လယ္ျပင္မွာ ခက္ခဲစြာလုပ္ကိုင္ေနၾကတဲ့ သေဘၤာသားေတြကို အေရးပါတဲ့ အဓိက လုပ္သားေတြအျဖစ္ႏိုင္ငံအားလုံးက အသိအမွတ္ျပဳေစမယ့္ ဆုံးျဖတ္ခ်က္ တရပ္ကိုျပဌာန္းဖို႔ အဂၤါေန႔မွာ ေဆြးေႏြးခဲ့ၾကတာပါ။ ကပ္ေရာဂါ ကန္႔သတ္ခ်က္ေၾကာင့္ သေဘၤာသားလဲလွယ္ေရးနဲ႔ စာခ်ဳပ္သက္တမ္းကုန္ သေဘၤာသားေတြကို ေနရပ္ရင္းကို ျပန္ပို႔ႏုိင္ေရး ခက္ခဲေစတယ္လို႔လည္း ကုလသမဂၢဆုိင္ရာ အင္ဒိုနီးရွားသံအမတ္ႀကီး DianTriansyah Djani ကတင္ျပပါတယ္။

ကပ္ေရာဂါကာလအတြင္း ကမၻာ့ကုန္သြယ္ေရးအတြက္ အေရးႀကီးလွတဲ့ေဆး၀ါးေတြ၊ စားနပ္ရိကၡာေတြနဲ႔ အေျခခံကုန္ပစၥည္း ၈၀% ဆက္ၿပီး လည္ပတ္ေနေအာင္လုပ္ကိုင္ေပးေနတဲ့သေဘၤာသားေတြကို သတိမျပဳမိၾကဘူးလို႔လည္းေထာက္ျပခဲ့တာပါ။ ပင္လယ္ျပင္မွာ သေဘၤာသားခန္႔မွန္းေျခ ၄၀၀,၀၀၀ ေလာက္ရွိၿပီး တခ်ိဳ႔ဆိုရင္စာခ်ဳပ္ရက္ထက္ေက်ာ္လြန္ၿပီး တႏွစ္ကေန ၁၇ လထိ ေသာင္တင္ေနၾကတယ္လို႔ အျပည္ျပည္ဆုိင္ရာ ကုန္စည္ပို႔ေဆာင္ေရးအဖြဲ႔က ေျပာပါတယ္။

ဒီအခ်ိန္မွာပဲ ပိုးကူးစက္မႈတေက်ာ့ျပန္တိုးလာေနတဲ့ ေတာင္ကိုရီးယားႏုိင္ငံမွာ ေက်ာင္းသူေက်ာင္းသား ၅၀၀,၀၀၀ ေလာက္ တကၠသိုလ္၀င္တန္းေျဖဖို႔ ျပင္ဆင္ေနပါၿပီ။ ဒီလိုအခ်ိန္မွာ လူ ၁၀ ဦးထက္ေက်ာ္ၿပီး လူမစုဖို႔၊ အိမ္မွာပဲေနၾကဖို႔ အစိုးရကတုိက္တြန္းေနပါတယ္။ စာေမးပြဲေျဖမယ့္သူေတြထဲမွာ ပိုးကူးခံထားရသူ ၃၅ ေယာက္ ပါ၀င္တယ္လို႔ ပညာေရးဒု၀န္ႀကီး Park Baeg-beom ကေျပာပါတယ္။ သီးျခားခြဲေနေနၾကတဲ့ေက်ာင္းသား ၄၀၀ အတြက္လည္း သီးသန္႔ျပင္ဆင္ေနၾကတာပါ။

အေမရိကန္ၿပီးရင္ကမၻာမွာပိုးကူးခံရသူ ဒုတိယအမ်ားဆုံးရွိတဲ့ အိႏၵိယႏုိင္ငံမွာေတာ့ ပုိးကူးစက္မႈဆက္တုိ္က္ဆိုသလို က်ဆင္းလာၿပီး ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ပိုးကူးသူသစ္ ၃၆,၀၀၀ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကြောင့် အခက်ကြုံနေတဲ့ သင်္ဘောသားတွေအရေးဖြေရှင်းဖို့ ကုလဆွေးနွေး

COVID-19 ကပ်ရောဂါကြောင့် ပင်လယ်ထဲမှာ သောင်တင်နေကြတဲ့ သင်္ဘောသား ၄၀၀,၀၀၀ အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဆွေးနွေးအဖြေရှာနေကြပါတယ်။ ပင်လယ်ပြင်မှာ ခက်ခဲစွာလုပ်ကိုင်နေကြတဲ့ သင်္ဘောသားတွေကို အရေးပါတဲ့ အဓိက လုပ်သားတွေအဖြစ်နိုင်ငံအားလုံးက အသိအမှတ်ပြုစေမယ့် ဆုံးဖြတ်ချက် တရပ်ကိုပြဌာန်းဖို့ အင်္ဂါနေ့မှာ ဆွေးနွေးခဲ့ကြတာပါ။ ကပ်ရောဂါ ကန့်သတ်ချက်ကြောင့် သင်္ဘောသားလဲလှယ်ရေးနဲ့ စာချုပ်သက်တမ်းကုန် သင်္ဘောသားတွေကို နေရပ်ရင်းကို ပြန်ပို့နိုင်ရေး ခက်ခဲစေတယ်လို့လည်း ကုလသမဂ္ဂဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး DianTriansyah Djani ကတင်ပြပါတယ်။

ကပ်ရောဂါကာလအတွင်း ကမ္ဘာ့ကုန်သွယ်ရေးအတွက် အရေးကြီးလှတဲ့ဆေးဝါးတွေ၊ စားနပ်ရိက္ခာတွေနဲ့ အခြေခံကုန်ပစ္စည်း ၈၀% ဆက်ပြီး လည်ပတ်နေအောင်လုပ်ကိုင်ပေးနေတဲ့သင်္ဘောသားတွေကို သတိမပြုမိကြဘူးလို့လည်းထောက်ပြခဲ့တာပါ။ ပင်လယ်ပြင်မှာ သင်္ဘောသားခန့်မှန်းခြေ ၄၀၀,၀၀၀ လောက်ရှိပြီး တချို့ဆိုရင်စာချုပ်ရက်ထက်ကျော်လွန်ပြီး တနှစ်ကနေ ၁၇ လထိ သောင်တင်နေကြတယ်လို့ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးအဖွဲ့က ပြောပါတယ်။

ဒီအချိန်မှာပဲ ပိုးကူးစက်မှုတကျော့ပြန်တိုးလာနေတဲ့ တောင်ကိုရီးယားနိုင်ငံမှာ ကျောင်းသူကျောင်းသား ၅၀၀,၀၀၀ လောက် တက္ကသိုလ်ဝင်တန်းဖြေဖို့ ပြင်ဆင်နေပါပြီ။ ဒီလိုအချိန်မှာ လူ ၁၀ ဦးထက်ကျော်ပြီး လူမစုဖို့၊ အိမ်မှာပဲနေကြဖို့ အစိုးရကတိုက်တွန်းနေပါတယ်။ စာမေးပွဲဖြေမယ့်သူတွေထဲမှာ ပိုးကူးခံထားရသူ ၃၅ ယောက် ပါဝင်တယ်လို့ ပညာရေးဒုဝန်ကြီး Park Baeg-beom ကပြောပါတယ်။ သီးခြားခွဲနေနေကြတဲ့ကျောင်းသား ၄၀၀ အတွက်လည်း သီးသန့်ပြင်ဆင်နေကြတာပါ။

အမေရိကန်ပြီးရင်ကမ္ဘာမှာပိုးကူးခံရသူ ဒုတိယအများဆုံးရှိတဲ့ အိန္ဒိယနိုင်ငံမှာတော့ ပိုးကူးစက်မှုဆက်တိုက်ဆိုသလို ကျဆင်းလာပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ပိုးကူးသူသစ် ၃၆,၀၀၀ ရှိပါတယ်။

XS
SM
MD
LG