သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူအိုရုံတွေ ကိုဗစ်ကာကွယ်ဆေး အရင်ထိုးပေးမယ်


California ပြည်နယ် Burbank မြို့မှာ တွေ့ရတဲ့ ဆေးရုံဝန်ထမ်းများ။ (နိုဝင်ဘာ ၁၉၊ ၂၀၂၀)
California ပြည်နယ် Burbank မြို့မှာ တွေ့ရတဲ့ ဆေးရုံဝန်ထမ်းများ။ (နိုဝင်ဘာ ၁၉၊ ၂၀၂၀)

[Zawgyi/Unicode]

အမေရိကန်မှာ COVID-19 ရောဂါကာကွယ်ဆေး အတည်ပြုချက်ရပြီဆိုတာနဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူအိုရုံမှာ နေထိုင်သူတွေကို ဦးစားပေးထားပြီး အရင်ဆုံး ထိုးပေးဖို့ အမေရိကန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန CDC အကြံပေးကော်မတီက အင်္ဂါနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။

အမေရိကန်မှာ COVID-19 ကူးခံရသူ စံချိန်တင်တိုးလာချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူအိုရုံတွေမှာ နေထိုင်သူ ၂၄ သန်းလောက် ရှိတဲ့အတွက် သူတို့ကို အရင်ဆုံးထိုးပေးဖို့ ထောက်ခံမဲ ၁၃ မဲ ကန့်ကွက်မဲ ၁ မဲနဲ့ CDC အကြံပေးကော်မတီက အတည်ပြုခဲ့ကြတာပါ။

အမေရိကန်မှာ အောက်တိုဘာလထက်စာရင် နိုဝင်ဘာလအတွင်း COVID-19 ကူးခံရသူနှစ်ဆတိုးလာပြီး ၄.၃သန်းကျော်ထိရောက်လာပါတယ်။ ဆေးထိုးပေးမယ့် ပထမဦးစားပေးအုပ်စုမှာ လူအိုရုံတွေကို ထည့်သွင်းထားတာအပါအဝင် ကာကွယ်ဆေးရဲ့ ထိရောက်မှုနဲ့ ဘေးထွက်ဆိုးကျိုးတွေကို တချို့လူအုပ်စုတွေမှာ မစမ်းသပ်ရသေးတဲ့အတွက် ကန့်ကွက်မဲထည့်ရတာလို့ Vanderbilt တက္ကသိုလ် ကူးစက်ရောဂါဆိုင်ရာဌာနက ဒေါက်တာ Helen Talbot ကပြောပါတယ်။

ရောဂါကူးခံထားရသူနဲ့ အနီးကပ်ရှိခဲ့သူတွေကို ၁၄ ရက်ကြာသီးခြားခွဲနေထိုင်ဖို့ လက်ရှိအကြံပြုချက်ကိုလည်း CDC က ပြန်ပြောင်းဖို့ရှိပါတယ်။ CDC ရဲ့ လမ်းညွှန်ချက်သစ်ထဲမှာတော့ ပိုးကူးမခံထားရဘူးဆိုတဲ့ ဆေးစစ်ချက် အဖြေထွက်ရင်တော့ သီးခြားခွဲနေရမယ့်အချိန်ကို ၁၄ ရက်ကနေ ၁၀ ရက် ဒါမှမဟုတ် ၇ ရက်ထိသတ်မှတ်ထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG