သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Pfizer ကုမၸဏီထုတ္ COVID-19 ကာကြယ္ေဆး ၿဗိတိန္မွာ သံုးခြင့္ျပဳလိုက္ၿပီ


Pfizer ကုမၸဏီထုတ္ "COVID-19 ကာကြယ္ေဆး" လို႔ တံဆိပ္ကပ္ထားတဲ့ ပုလင္းတခ်ိဳ႕။ (ႏိုဝင္ဘာ ၁၇၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္ေဆးကုမၸဏီ Pfizer က ထုတ္လုပ္ေနတဲ့ COVID-19 ကာကြယ္ေဆးကို ၿဗိတိန္ႏုိင္ငံမွာ အေရးေပၚ အသုံးျပဳ၊ ခြင့္ျပဳလိုက္ၿပီျဖစ္တဲ့အတြက္ လာမယ့္ သီတင္းပတ္အေစာပိုင္းေလာက္မွာ ကာကြယ္ေဆး စထိုးႏုိင္ေတာ့မွာ ျဖစ္ပါတယ္။

"ေဆးထြက္ၿပီဆိုတာနဲ႔ အေျခအေနေတြ ပိုေကာင္းလာမယ္လို႔ ေျပာႏုိင္ပါၿပီ။ ေနာက္တပတ္ကစၿပီး လုပ္ငန္းစတင္မွာပါ။ ဒီသတင္းအတြက္ သိပ္ၿပီး အားရေက်နပ္မိပါတယ္။ ၿဗိတိန္ဟာ ကမၻာမွာ ကာကြယ္ေဆး အသုံးျပဳဖို႔ ပထမဆုံးခြင့္ျပဳတဲ့ ႏိုင္ငံျဖစ္တဲ့အတြက္ သိပ္ကိုဂုဏ္ယူမိပါတယ္။" လို႔ ၿဗိတိန္က်န္းမာေရး၀န္ႀကီး Matt Hancock က ဒီကေန႔ေျပာပါတယ္။

Pfizer နဲ႔ ဂ်ာမန္ေဆးကုမၸဏီ BioNTech တို႔ ပူးတြဲထုတ္လုပ္ေနတဲ့ COVID-19 ကာကြယ္ေဆးကို အေရးေပၚ ထုတ္လုပ္အသုံးျပဳႏုိင္ဖို႔ ၿဗိတိန္ႏုိင္ငံက ဗုဒၶဟူးေန႔မွာ ခြင့္ျပဳလိုက္တာျဖစ္ပါတယ္။ Pfizer ရဲ ႔ ကာကြယ္ေဆးေတြကို အပူခိ်န္ အႏုတ္ ၇၀ ဒီဂရီ္ဆဲလ္စီယပ္စ္မွာ သိုေလွာင္ရမွာျဖစ္တဲ့အတြက္ ဒီေဆးအသုံးျပဳမယ့္ႏုိင္ငံအားလုံးအတြက္ သယ္ယူပို႔ေဆာင္ေရးမွာေတာ့ အခက္အခဲရွိနုိင္ပါတယ္။

Oxford တကၠသိုလ္က စမ္းသပ္ေနတဲ့ AstraZeneca ရဲ ႔ COVID-19 ကာကြယ္ေဆးလို အျခားေဆးေတြကေတာ့ Pfizer ရဲ ႔ ေဆးေတြလို အေအးလြန္ခန္းေတြမွာ သိုေလွာင္ထားဖို႔ မလိုတဲ့အတြက္ သယ္ယူပို႔ေဆာင္ေရး လြယ္ကူေစႏုိင္တယ္လို႔ ကၽြမ္းက်င္သူေတြက သုံးသပ္ပါတယ္။

ၿဗိတိန္ NHS အစိုးရက်န္းမာေရး ၀န္ထမ္းေတြနဲ႔ သက္ႀကီးရြယ္အိုေစာင့္ေရွာက္ေရးေဂဟာကလူေတြကို ဦးစားေပးၿပီးေတာ့ အရင္ဆံုး ထိုးေပးမွာပါ။ ၿဗိတိန္ႏုိင္ငံက Pfizer နဲ႔ BioNTech ရဲ ႔ကာကြယ္ေဆး အလုံးေရ သန္း၂၀ မွာ ယူထားေပမဲ့ ႏွစ္မကုန္ခင္ေဆးလုံးေရ ဘယ္ေလာက္ေရာက္လာမလဲဆိုတာေတာ့ မသိရပါဘူး။

တကမၻာလုံးရင္ဆုိင္ေနရတဲ့ COVID -19 ကူးစက္ပ်ံ႕ႏွံ႔မႈ ထိန္းခ်ဳပ္ႏုိင္ဖို႔ဆုိရင္ေတာ့ ထုတ္လုပ္ခြင့္လိုင္စင္ရ ကာကြယ္ေဆးတမ်ိဳးထက္လိုမွာျဖစ္သလို လူတုိင္းကလည္း လက္ရွိ စမ္းသပ္ေနတဲ့ AstraZeneca နဲ႔ Moderna ကုမၸဏီေတြရဲ႕ ကာကြယ္ေဆးေတြနဲ႔ ပတ္သက္တဲ့ တိုးတက္မႈေတြကို ေမ ွ်ာ္လင့္ေစာင့္စားေနၾကတယ္လို႔ ၿဗိတိန္ Southampton တကၠသိုလ္ ကမၻာ့က်န္းမာေရးဆုိင္ရာဌာန သုေတသနပညာရွင္ Michael Head ကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

Pfizer ကုမ္ပဏီထုတ် COVID-19 ကာကွယ်ဆေး ဗြိတိန်မှာ သုံးခွင့်ပြုလိုက်ပြီ

အမေရိကန်ဆေးကုမ္ပဏီ Pfizer က ထုတ်လုပ်နေတဲ့ COVID-19 ကာကွယ်ဆေးကို ဗြိတိန်နိုင်ငံမှာ အရေးပေါ် အသုံးပြု၊ ခွင့်ပြုလိုက်ပြီဖြစ်တဲ့အတွက် လာမယ့် သီတင်းပတ်အစောပိုင်းလောက်မှာ ကာကွယ်ဆေး စထိုးနိုင်တော့မှာ ဖြစ်ပါတယ်။

"ဆေးထွက်ပြီဆိုတာနဲ့ အခြေအနေတွေ ပိုကောင်းလာမယ်လို့ ပြောနိုင်ပါပြီ။ နောက်တပတ်ကစပြီး လုပ်ငန်းစတင်မှာပါ။ ဒီသတင်းအတွက် သိပ်ပြီး အားရကျေနပ်မိပါတယ်။ ဗြိတိန်ဟာ ကမ္ဘာမှာ ကာကွယ်ဆေး အသုံးပြုဖို့ ပထမဆုံးခွင့်ပြုတဲ့ နိုင်ငံဖြစ်တဲ့အတွက် သိပ်ကိုဂုဏ်ယူမိပါတယ်။" လို့ ဗြိတိန်ကျန်းမာရေးဝန်ကြီး Matt Hancock က ဒီကနေ့ပြောပါတယ်။

Pfizer နဲ့ ဂျာမန်ဆေးကုမ္ပဏီ BioNTech တို့ ပူးတွဲထုတ်လုပ်နေတဲ့ COVID-19 ကာကွယ်ဆေးကို အရေးပေါ် ထုတ်လုပ်အသုံးပြုနိုင်ဖို့ ဗြိတိန်နိုင်ငံက ဗုဒ္ဓဟူးနေ့မှာ ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ Pfizer ရဲ့ ကာကွယ်ဆေးတွေကို အပူချိန် အနုတ် ၇၀ ဒီဂရီ်ဆဲလ်စီယပ်စ်မှာ သိုလှောင်ရမှာဖြစ်တဲ့အတွက် ဒီဆေးအသုံးပြုမယ့်နိုင်ငံအားလုံးအတွက် သယ်ယူပို့ဆောင်ရေးမှာတော့ အခက်အခဲရှိနိုင်ပါတယ်။

Oxford တက္ကသိုလ်က စမ်းသပ်နေတဲ့ AstraZeneca ရဲ့ COVID-19 ကာကွယ်ဆေးလို အခြားဆေးတွေကတော့ Pfizer ရဲ့ ဆေးတွေလို အအေးလွန်ခန်းတွေမှာ သိုလှောင်ထားဖို့ မလိုတဲ့အတွက် သယ်ယူပို့ဆောင်ရေး လွယ်ကူစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

ဗြိတိန် NHS အစိုးရကျန်းမာရေး ဝန်ထမ်းတွေနဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာကလူတွေကို ဦးစားပေးပြီးတော့ အရင်ဆုံး ထိုးပေးမှာပါ။ ဗြိတိန်နိုင်ငံက Pfizer နဲ့ BioNTech ရဲ့ကာကွယ်ဆေး အလုံးရေ သန်း၂၀ မှာ ယူထားပေမဲ့ နှစ်မကုန်ခင်ဆေးလုံးရေ ဘယ်လောက်ရောက်လာမလဲဆိုတာတော့ မသိရပါဘူး။

တကမ္ဘာလုံးရင်ဆိုင်နေရတဲ့ COVID -19 ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ဖို့ဆိုရင်တော့ ထုတ်လုပ်ခွင့်လိုင်စင်ရ ကာကွယ်ဆေးတမျိုးထက်လိုမှာဖြစ်သလို လူတိုင်းကလည်း လက်ရှိ စမ်းသပ်နေတဲ့ AstraZeneca နဲ့ Moderna ကုမ္ပဏီတွေရဲ့ ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ တိုးတက်မှုတွေကို မေ ျှာ်လင့်စောင့်စားနေကြတယ်လို့ ဗြိတိန် Southampton တက္ကသိုလ် ကမ္ဘာ့ကျန်းမာရေးဆိုင်ရာဌာန သုတေသနပညာရှင် Michael Head ကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG