သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID ကယ္ဆယ္ေရး ကန္အထက္လႊတ္ေတာ္ မွာ ႏွစ္ပါတီအမတ္ေတြ တင္သြင္းတဲ့ အဆိုျပဳခ်က္သစ္


(Zawgyi/Unicode)

အေမရိကန္ ေဒၚလာ ၉၀၈ ဘီလီယံကုန္က်မယ့္ ကို႐ိုနာဗိုင္းရပ္စ္ ကယ္ဆယ္ေရးအစီအစဥ္ကို အေမရိကန္အထက္လႊတ္ေတာ္မွာ ပါတီႏွစ္ရပ္လုံး အမတ္ေတြပါဝင္တဲ့ အဖြဲ႕က အဂၤါေန႔က အဆိုျပဳတင္သြင္းလိုက္ပါတယ္။ ဒီႀကိဳးပမ္းမႈအသစ္ဟာ တေန႔တေန႔ ေသာင္းနဲ႔ခ်ီ ဗိုင္းရပ္စ္ကူးစက္ခံရမႈ တိုးလာေနတာေၾကာင့္ အလုပ္လက္မဲ့ျဖစ္ေနသူေတြ ကူညီေထာက္ပံ့ဖို႔နဲ႔ အေမရိကန္စီးပြားေရးကို ျမွင့္တင္ဖို႔ ျဖစ္ပါတယ္။

ဒီႏွစ္ အေစာပိုင္းတုန္းကလည္း လြႊတ္ေတာ္နဲ႔ အိမ္ျဖဴေတာ္ကေန ကိုဗစ္ကယ္ဆယ္ေရးအစီအစဥ္အတြက္ အေမရိကန္ေဒၚလာ ၃ ထရီလီယံကို အတည္ျပဳခဲ့တာပါ။ ဒါေပမယ္လို႔ အဲဒီေနာက္ပိုင္းကစၿပီး ေနာက္ထပ္ ကူညီေထာက္ပံ့ေရး အစီအစဥ္သစ္အတြက္ လ်ာထားမယ့္ ဘ႑ာေငြနဲ႔ပတ္သက္လို႔ ရီပါပလင္ကန္နဲ႔ ဒီမိုကရက္ လႊတ္ေတာ္အမတ္ေတြၾကား သေဘာတူညီမႈ မရႏိုင္ပဲျဖစ္ခဲ့ပါတယ္။

ကိုဗစ္ ကယ္ဆယ္ေရးအစီအစဥ္အတြက္ အခုလက္ရွိ တင္သြင္းလိုက္တဲ့ အဆိုျပဳခ်က္ အသစ္ဟာ အရင္က ရီပါပလင္ကန္ေတြဘက္က တင္ျပထားတဲ့ ေဒၚလာ ဘီလီယံ ၅၀၀ နဲ႔ ပိုၿပီး နီးစပ္ေနပါတယ္။ ဒီမိုကရက္ေတြ အဆိုျပဳထားတဲ့ ကုန္က်ေငြပမာဏကေဒၚလာ ၂.၂ ထရီလီယံ ထိရွိေနတာပါ။ ဒါေပမဲ့လည္း အဂၤါေန႔က အထက္လႊတ္ေတာ္မွာ တင္သြင္းလိုက္တဲ့ ကိုဗစ္ကယ္ဆယ္ေရးအစီအစဥ္သစ္ကုိ ဇန္န၀ါရီလ ၃ ရက္ေန႔ လက္ရွိ လႊတ္တမ္းသက္တမ္းကုန္ဆံုးမယ့္ အခ်ိန္မတိုင္ခင္ လႊတ္ေတာ္ႏွစ္ရပ္လံုးက သေဘာတူညီႏိုင္မလားဆိုတာကေတာ့ ရွင္းရွင္းလင္းလင္းမရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္


..............

COVID ကယ်ဆယ်ရေး ကန်အထက်လွှတ်တော် မှာ နှစ်ပါတီအမတ်တွေ တင်သွင်းတဲ့ အဆိုပြုချက်သစ်

(Unicode)

အမေရိကန် ဒေါ်လာ ၉၀၈ ဘီလီယံကုန်ကျမယ့် ကိုရိုနာဗိုင်းရပ်စ် ကယ်ဆယ်ရေးအစီအစဉ်ကို အမေရိကန်အထက်လွှတ်တော်မှာ ပါတီနှစ်ရပ်လုံး အမတ်တွေပါဝင်တဲ့ အဖွဲ့က အင်္ဂါနေ့က အဆိုပြုတင်သွင်းလိုက်ပါတယ်။ ဒီကြိုးပမ်းမှုအသစ်ဟာ တနေ့တနေ့ သောင်းနဲ့ချီ ဗိုင်းရပ်စ်ကူးစက်ခံရမှု တိုးလာနေတာကြောင့် အလုပ်လက်မဲ့ဖြစ်နေသူတွေ ကူညီထောက်ပံ့ဖို့နဲ့ အမေရိကန်စီးပွားရေးကို မြှင့်တင်ဖို့ ဖြစ်ပါတယ်။

ဒီနှစ် အစောပိုင်းတုန်းကလည်း လွှတ်တော်နဲ့ အိမ်ဖြူတော်ကနေ ကိုဗစ်ကယ်ဆယ်ရေးအစီအစဉ်အတွက် အမေရိကန်ဒေါ်လာ ၃ ထရီလီယံကို အတည်ပြုခဲ့တာပါ။ ဒါပေမယ်လို့ အဲဒီနောက်ပိုင်းကစပြီး နောက်ထပ် ကူညီထောက်ပံ့ရေး အစီအစဉ်သစ်အတွက် လျာထားမယ့် ဘဏ္ဍာငွေနဲ့ပတ်သက်လို့ ရီပါပလင်ကန်နဲ့ ဒီမိုကရက် လွှတ်တော်အမတ်တွေကြား သဘောတူညီမှု မရနိုင်ပဲဖြစ်ခဲ့ပါတယ်။

ကိုဗစ် ကယ်ဆယ်ရေးအစီအစဉ်အတွက် အခုလက်ရှိ တင်သွင်းလိုက်တဲ့ အဆိုပြုချက် အသစ်ဟာ အရင်က ရီပါပလင်ကန်တွေဘက်က တင်ပြထားတဲ့ ဒေါ်လာ ဘီလီယံ ၅၀၀ နဲ့ ပိုပြီး နီးစပ်နေပါတယ်။ ဒီမိုကရက်တွေ အဆိုပြုထားတဲ့ ကုန်ကျငွေပမာဏကဒေါ်လာ ၂.၂ ထရီလီယံ ထိရှိနေတာပါ။ ဒါပေမဲ့လည်း အင်္ဂါနေ့က အထက်လွှတ်တော်မှာ တင်သွင်းလိုက်တဲ့ ကိုဗစ်ကယ်ဆယ်ရေးအစီအစဉ်သစ်ကို ဇန်နဝါရီလ ၃ ရက်နေ့ လက်ရှိ လွှတ်တမ်းသက်တမ်းကုန်ဆုံးမယ့် အချိန်မတိုင်ခင် လွှတ်တော်နှစ်ရပ်လုံးက သဘောတူညီနိုင်မလားဆိုတာကတော့ ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG