(Zawgyi/Unicode)
အေမရိကန္သမိုင္း ႏွစ္ေပါင္း ၂၃၁ ႏွစ္အတြင္း ဘ႑ာေရးဝန္ႀကီးဌာနကို ဦးေဆာင္မယ့္ ပထမဆုံး အမ်ိဳးသမီးအျဖစ္ ဗဟိုဘဏ္ဥကၠ႒ေဟာင္း Janet Yellen ကို လ်ာထားေၾကာင္း ေ႐ြးေကာက္ခံသမၼတ Joe Biden က အဂၤါေန႔မွာ အခုလို တရားဝင္ေၾကညာခဲ့ပါတယ္။
”ဘ႑ာေရး၀န္ႀကီးအျဖစ္ Janet Yellen ကို ေ႐ြးခ်ယ္ခြင့္ရတဲ့အတြက္ ကြၽန္ေတာ္အရမ္းဝမ္းေျမာက္မိပါတယ္။ အခုရင္ဆိုင္ေနရတဲ့ အက်ပ္အတည္းႀကီးကို ရင္ဆိုင္ ကိုင္တြယ္ေျဖရွင္းတဲ့ ေနရာမွာ ပိုမိုေကာင္းမြန္ေအာင္ျပင္ဆင္ထားရမွာျဖစ္ပါတယ္။ဒီထက္ပိုၿပီးေတာ့ အက်ပ္အတည္းႀကီးမားမလာဖို႔လည္း က်ေနာ္ဆႏၵျပဳပါတယ္။”
ဆက္လက္ၿပီးေတာ့ သူျပန္လည္ဖြဲ႕စည္းမယ့္ ဘ႑ာေရးဝန္ႀကီးဌာနမွာ ပါဝင္မယ့္ ထိပ္တန္းအရာရွိေတြရဲ႕ အမည္စာရင္းကိုလည္းကို Joe Biden ကမိတ္ဆက္ ေၾကညာခဲ့ပါတယ္။
ဒုတိယ ဘ႑ာေရး ဝန္ႀကီး အျဖစ္ စီးပြားေရး မူဝါဒဆိုင္ရာ အရာရွိ တဦး ျဖစ္တဲ့ Wally Adeyemo ကို ေ႐ြးခ်ယ္ထားၿပီး ဘ႑ာေရး ဝန္ႀကီးဌာနရဲ႕ ဒုတိယ အဆင့္ျမင့္ဆုံး တာဝန္ကို ရယူမယ့္ ပထမဆုံး အာဖရိကန္-အေမရိကန္ ျဖစ္လာမွာပါ။
ဝါရွင္တန္ အေျခစိုက္ မူဝါဒေရးရာ အဖြဲ႕ Center for American Progress ရဲ႕ အႀကီးအကဲ အျဖစ္ လက္ရွိ တာဝန္ယူေနတဲ့ Neera Tanden ကို အိမ္ျဖဴေတာ္ စီမံခန႔္ခြဲမႈနဲ႔ ဘ႑ာေရး႐ုံး ၫႊန္ၾကားေရးမႉး အျဖစ္ ေ႐ြးခ်ယ္ထားပါတယ္။ တကယ္လို႔ အထက္လႊတ္ေတာ္မွာသာ Tanden ကို အတည္ျပဳမယ္ဆိုရင္ေတာ့ ဒီဌာနကို ဦးေဆာင္မယ့္ ပထမဆုံးေသာ လူျဖဴမဟုတ္သူ ေတာင္အာရွ အႏြယ္ အမ်ိဳးသမီး တဦး ျဖစ္လာမွာပါ။
Princeton တကၠသိုလ္ အမ်ားျပည္သူနဲ႔ ႏိုင္ငံတကာ ဆက္ဆံေရးဌာန ဌာနမႉး၊ လုပ္သားေရးရာ စီးပြားေရး ပညာရွင္ Cecilia Rouse ကိုလည္း အိမ္ျဖဴေတာ္ စီးပြားေရး အႀကံေပး ေကာင္စီ အႀကီးအကဲ အျဖစ္ ေ႐ြးခ်ယ္ထားတာေၾကာင့္ သူမဟာဆိုရင္လည္း ဒီရာထူးကို လက္ခံရယူမယ့္ ပထမဆုံးေသာ လူမည္း နဲ႔ စတုတၳေျမာက္ အမ်ိဳးသမီး ျဖစ္လာမွာပါ။ စီးပြားေရး ပညာရွင္ေတြ ျဖစ္တဲ့ Jared Bernstein နဲ႔ Heather Boushey တို႔ကိုလည္း စီးပြားေရး ေကာင္စီ အဖြဲ႕ဝင္ေတြ အျဖစ္ ေ႐ြးခ်ယ္ထားပါတယ္။
COVID-19 ကပ္ေရာဂါေၾကာင့္ အႀကီးအက်ယ္ အထိနာေနတဲ့အေမရိကန္စီးပြားေရး စိန္ေခၚခ်က္ေတြကိုေတာ့ ဘိုင္ဒန္ရဲ႕ ဘ႑ာေရးဝန္ႀကီးအဖြဲ႕သစ္က ရင္ဆိုင္ရဖို႔ရွိေနတာပါ။
.............
Biden အစိုးရသစ်အတွက် ဘဏ္ဍာရေးအဖွဲ့ဝင်တွေ တရားဝင်ကြေညာ
(Unicode)
အမေရိကန်သမိုင်း နှစ်ပေါင်း ၂၃၁ နှစ်အတွင်း ဘဏ္ဍာရေးဝန်ကြီးဌာနကို ဦးဆောင်မယ့် ပထမဆုံး အမျိုးသမီးအဖြစ် ဗဟိုဘဏ်ဥက္ကဋ္ဌဟောင်း Janet Yellen ကို လျာထားကြောင်း ရွေးကောက်ခံသမ္မတ Joe Biden က အင်္ဂါနေ့မှာ အခုလို တရားဝင်ကြေညာခဲ့ပါတယ်။
”ဘဏ္ဍာရေးဝန်ကြီးအဖြစ် Janet Yellen ကို ရွေးချယ်ခွင့်ရတဲ့အတွက် ကျွန်တော်အရမ်းဝမ်းမြောက်မိပါတယ်။ အခုရင်ဆိုင်နေရတဲ့ အကျပ်အတည်းကြီးကို ရင်ဆိုင် ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာ ပိုမိုကောင်းမွန်အောင်ပြင်ဆင်ထားရမှာဖြစ်ပါတယ်။ဒီထက်ပိုပြီးတော့ အကျပ်အတည်းကြီးမားမလာဖို့လည်း ကျနော်ဆန္ဒပြုပါတယ်။”
ဆက်လက်ပြီးတော့ သူပြန်လည်ဖွဲ့စည်းမယ့် ဘဏ္ဍာရေးဝန်ကြီးဌာနမှာ ပါဝင်မယ့် ထိပ်တန်းအရာရှိတွေရဲ့ အမည်စာရင်းကိုလည်းကို Joe Biden ကမိတ်ဆက် ကြေညာခဲ့ပါတယ်။
ဒုတိယ ဘဏ္ဍာရေး ဝန်ကြီး အဖြစ် စီးပွားရေး မူဝါဒဆိုင်ရာ အရာရှိ တဦး ဖြစ်တဲ့ Wally Adeyemo ကို ရွေးချယ်ထားပြီး ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ဒုတိယ အဆင့်မြင့်ဆုံး တာဝန်ကို ရယူမယ့် ပထမဆုံး အာဖရိကန်-အမေရိကန် ဖြစ်လာမှာပါ။
ဝါရှင်တန် အခြေစိုက် မူဝါဒရေးရာ အဖွဲ့ Center for American Progress ရဲ့ အကြီးအကဲ အဖြစ် လက်ရှိ တာဝန်ယူနေတဲ့ Neera Tanden ကို အိမ်ဖြူတော် စီမံခန့်ခွဲမှုနဲ့ ဘဏ္ဍာရေးရုံး ညွှန်ကြားရေးမှူး အဖြစ် ရွေးချယ်ထားပါတယ်။ တကယ်လို့ အထက်လွှတ်တော်မှာသာ Tanden ကို အတည်ပြုမယ်ဆိုရင်တော့ ဒီဌာနကို ဦးဆောင်မယ့် ပထမဆုံးသော လူဖြူမဟုတ်သူ တောင်အာရှ အနွယ် အမျိုးသမီး တဦး ဖြစ်လာမှာပါ။
Princeton တက္ကသိုလ် အများပြည်သူနဲ့ နိုင်ငံတကာ ဆက်ဆံရေးဌာန ဌာနမှူး၊ လုပ်သားရေးရာ စီးပွားရေး ပညာရှင် Cecilia Rouse ကိုလည်း အိမ်ဖြူတော် စီးပွားရေး အကြံပေး ကောင်စီ အကြီးအကဲ အဖြစ် ရွေးချယ်ထားတာကြောင့် သူမဟာဆိုရင်လည်း ဒီရာထူးကို လက်ခံရယူမယ့် ပထမဆုံးသော လူမည်း နဲ့ စတုတ္ထမြောက် အမျိုးသမီး ဖြစ်လာမှာပါ။ စီးပွားရေး ပညာရှင်တွေ ဖြစ်တဲ့ Jared Bernstein နဲ့ Heather Boushey တို့ကိုလည်း စီးပွားရေး ကောင်စီ အဖွဲ့ဝင်တွေ အဖြစ် ရွေးချယ်ထားပါတယ်။
COVID-19 ကပ်ရောဂါကြောင့် အကြီးအကျယ် အထိနာနေတဲ့အမေရိကန်စီးပွားရေး စိန်ခေါ်ချက်တွေကိုတော့ ဘိုင်ဒန်ရဲ့ ဘဏ္ဍာရေးဝန်ကြီးအဖွဲ့သစ်က ရင်ဆိုင်ရဖို့ရှိနေတာပါ။