သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ဗဟိုဘဏ္ ဥကၠဌေဟာင္း Janet Yellen ကို ဘ႑ာေရး၀န္ႀကီးအျဖစ္ Joe Biden လ်ာထား


ကန္ဗဟိုဘဏ္ ဥကၠဌေဟာင္း

(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စု ဗဟိုဘဏ္အႀကီးအကဲေဟာင္း Janet Yellen ကို ဘ႑ာေရး၀န္ႀကီးအျဖစ္ လ်ာထားေၾကာင္း ေရြးေကာက္ခံသမၼတ ဂ်ဳိးဘိုင္ဒန္က ေၾကညာခဲ့ပါတယ္။ သူရဲ႕ ဂုဏ္သတင္း အေတြ႕အႀကံဳၾကြယ္၀မႈနဲ႔ပတ္သက္လို႔ ဘိုင္ဒန္ရဲ႕ ေျပာၾကားခ်က္မွာ- ဗဟိုဘဏ္အႀကီးအကဲေဟာင္းအျပင္ စီးပြားေရးအႀကံေပးေကာင္စီ ဥကၠဌ အျဖစ္ပါေဆာင္ရြက္ခဲ့ဖူးတဲ့ Janet Yellen ဟာ ႏိုင္ငံေရးအေတြ႕အႀကံဳပါရွိသူျဖစ္တဲ့အတြက္ ကိုဗစ္-၁၉ကပ္ေရာဂါေၾကာင့္ အေမရိကန္စီးပြားေရး က်ဆင္းခဲ့မႈကို ျပန္လည္နလန္ထူေမာင္းႏွင္ဖို႔ ဦးေဆာင္ႏိုင္မယ့္သူအျဖစ္ ထည့္သြင္းေျပာဆိုခဲ့ပါတယ္။

ဒါဟာ အေမရိကန္သမိုင္း ႏွစ္ေပါင္း ၂၃၁ ႏွစ္အတြင္း Janet Yellen အေနနဲ႔ ပထမဆံုး အမ်ဳိးသမီး ဘ႑ာေရး၀န္ႀကီး ျဖစ္လာဖို႔ရွိေနတာပါ။ သူ႔ကို ဘ႑ာေရး၀န္ႀကီးအျဖစ္လ်ာထားေၾကာင္း The Wall Street ဂ်ာနယ္သတင္းစာက ပထမဆံုး ေဖၚျပခဲ့တာျဖစ္ပါတယ္။

အသက္ (၇၄)ႏွစ္အရြယ္ Janet Yellen ဟာ ၂၀၁၄ ကေန ၂၀၁၈ အထိ ဗဟိုဘဏ္ ဥကၠဌအျဖစ္ေဆာင္ရြက္ခဲ့ၿပီး ထင္ရွားတဲ့ အလုပ္သမားစီးပြားေရး ပညာရွင္တဦးလည္းျဖစ္ပါတယ္။

ေရြးေကာက္ခံသမၼတ ဂ်ဳိးဘိုင္ဒန္ရဲ႕ အစိုးရအဖဲြ႔ထဲ အေမရိကန္သမိုင္းမွာ ပထမဆံုး အမ်ဳိးသမီး ဒုသမၼတျဖစ္လာဖို႔ရွိေနတဲ့ Kamala Harris အျပင္ ပထမဆံုး အမ်ဳိးသမီး ဘ႑ာေရး၀န္ႀကီးအျဖစ္ Janet Yellen လည္း ပါ၀င္ဖို႔ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


.........

ကန်ဗဟိုဘဏ် ဥက္ကဌဟောင်း Janet Yellen ကို ဘဏ္ဍာရေးဝန်ကြီးအဖြစ် Joe Biden လျာထား

(Unicode)

အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ်အကြီးအကဲဟောင်း Janet Yellen ကို ဘဏ္ဍာရေးဝန်ကြီးအဖြစ် လျာထားကြောင်း ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်က ကြေညာခဲ့ပါတယ်။ သူရဲ့ ဂုဏ်သတင်း အတွေ့အကြုံကြွယ်ဝမှုနဲ့ပတ်သက်လို့ ဘိုင်ဒန်ရဲ့ ပြောကြားချက်မှာ- ဗဟိုဘဏ်အကြီးအကဲဟောင်းအပြင် စီးပွားရေးအကြံပေးကောင်စီ ဥက္ကဌ အဖြစ်ပါဆောင်ရွက်ခဲ့ဖူးတဲ့ Janet Yellen ဟာ နိုင်ငံရေးအတွေ့အကြုံပါရှိသူဖြစ်တဲ့အတွက် ကိုဗစ်-၁၉ကပ်ရောဂါကြောင့် အမေရိကန်စီးပွားရေး ကျဆင်းခဲ့မှုကို ပြန်လည်နလန်ထူမောင်းနှင်ဖို့ ဦးဆောင်နိုင်မယ့်သူအဖြစ် ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါဟာ အမေရိကန်သမိုင်း နှစ်ပေါင်း ၂၃၁ နှစ်အတွင်း Janet Yellen အနေနဲ့ ပထမဆုံး အမျိုးသမီး ဘဏ္ဍာရေးဝန်ကြီး ဖြစ်လာဖို့ရှိနေတာပါ။ သူ့ကို ဘဏ္ဍာရေးဝန်ကြီးအဖြစ်လျာထားကြောင်း The Wall Street ဂျာနယ်သတင်းစာက ပထမဆုံး ဖေါ်ပြခဲ့တာဖြစ်ပါတယ်။

အသက် (၇၄)နှစ်အရွယ် Janet Yellen ဟာ ၂၀၁၄ ကနေ ၂၀၁၈ အထိ ဗဟိုဘဏ် ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့ပြီး ထင်ရှားတဲ့ အလုပ်သမားစီးပွားရေး ပညာရှင်တဦးလည်းဖြစ်ပါတယ်။

ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရအဖွဲ့ထဲ အမေရိကန်သမိုင်းမှာ ပထမဆုံး အမျိုးသမီး ဒုသမ္မတဖြစ်လာဖို့ရှိနေတဲ့ Kamala Harris အပြင် ပထမဆုံး အမျိုးသမီး ဘဏ္ဍာရေးဝန်ကြီးအဖြစ် Janet Yellen လည်း ပါဝင်ဖို့ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG