သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဝါရင့္သံတမန္ Antony Blinken ကန္ႏုိင္ငံျခားေရးဝန္ႀကီးသစ္အျဖစ္ လ်ာထားခံရ


အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီးအျဖစ္ခန္႔အပ္ဖို႔ လ်ာထားတဲ့ Antony Blinken။

[Zawgyi/Unicode]

အေမရိကန္ ေရြးေကာက္ခံသမၼတ Joe Biden လက္ထက္မွာ အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီးအျဖစ္ခန္႔အပ္ဖို႔ လ်ာထားတဲ့ Antony Blinken ဟာ ဆယ္စုႏွစ္နဲ႔ခ်ီ ႏုိင္ငံျခားေရးမူ၀ါဒဆုိင္ရာအေတြ႔အႀကဳံရွိသူျဖစ္ၿပီး ႏုိင္ငံတကာ ပူးေပါင္းေဆာင္ရြက္ေရးနဲ႔ လူ႔အခြင့္အေရးကိုေထာက္ခံသူအျဖစ္ လူသိမ်ားပါတယ္။

မစၥတာဘိုင္ဒန္နဲ႔ ရင္းႏွီးတဲ့ဆက္ဆံေရးရွိသူ Blinken ဟာ အေမရိကန္ သမၼတေဟာင္းေတြျဖစ္တဲ့ Clinton နဲ႔ Obama အစိုးရေတြလက္ထက္မွာလည္း ႏုိင္ငံျခားေရးမူ၀ါဒဆုိင္ရာ အေရးပါတဲ့ ရာထူးတာ၀န္ေတြ ယူခဲ့သူျဖစ္ပါတယ္။ ႏုိင္ငံျခားေရး၀န္ႀကီးအျဖစ္ အေမရိကန္အထက္လႊတ္ေတာ္က အတည္ျပဳခဲ့မယ္ဆိုရင္ေတာ့ Blinken ဟာ အေမရိကန္မဟာမိတ္ေတြနဲ႔ ဆက္ဆံေရးေတြ ျပန္လည္တည္ေဆာက္ဖို႔ ဘိုင္ဒန္အစိုးရအဖြဲ႔ကို ဦးေဆာင္ေပးမယ့္ သံတမန္တဦးျဖစ္လာမွာျဖစ္ပါတယ္။

သမၼတ Donlad Trump ကေတာ့ အေမရိကန္မဟာမိတ္ေတြရဲ ႔ အခန္းက႑ကို ေရရွည္ေမးခြန္းထုတ္လာသူျဖစ္ပါတယ္။ ကမၻာ့စင္ျမင့္ေပၚမွာ အေမရိကန္က ျပန္ၿပီး ဦးေဆာင္လာႏုိင္ေရး ကိစၥမွာလည္း မစၥတာဘိုင္ဒန္နဲ႔ Blinken တို႔ သေဘာတူညီမႈ ရွိၾကတယ္ဆိုတဲ့ သတင္းေတြထြက္လာပါတယ္။

သမၼတ Trump လက္ထက္မွာ အေမရိကန္သာ ပဓာနဆိုတဲ့မူ၀ါဒေၾကာင့္ အေမရိကန္ရဲ ႔ေရရွည္မဟာမိတ္ႏုိင္ငံေတြနဲ႔ ဆက္ဆံေရး ပုံမွန္မဟုတ္တဲ့အေနအထားမွာရွိေနတာျဖစ္ပါတယ္။ နုိင္ငံတကာအေရးစိတ္၀င္စားတဲ့ မစၥတာ Blinken ဟာ ဘဂၤလားေဒ့ရွ္မွာ ခိုလႈံေနတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြရဲ ႔ ၿငိမ္းခ်မ္းေရး၊ လုံျခဳံေရးနဲ႔ျမန္မာႏုိင္ငံသားေတြနဲ႔တန္းတူ အခြင့္အေရးရဖို႔ ဘုိင္ဒန္အစိုးရက မနားမေန အားေပးလုပ္ကိုင္ပါလိမ့္မယ္လို႔ ရိုဟင္ဂ်ာေတြ ေနရပ္စြန္႔ခြါထြက္ေျပးတဲ့ ၃ ႏွစ္ေျမာက္ႏွစ္ပတ္လည္ ၾသဂုတ္လ ၂၅ ရက္ေန႔က တြစ္တာကေန ေရးသားခဲ့ပါေသးတယ္။

ရိုဟင္ဂ်ာဆိုတဲ့အသုံးကို လက္မခံတဲ့ျမန္မာအစုိးရကေတာ့ ႏုိင္ငံတကာက စြပ္စြဲေနသေလာက္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ မရွိဘူးလို႔ ေျပာဆိုထားပါတယ္။

မစၥတာ Blinken ဟာ ၂၀၁၆ ခုႏွစ္ ဇန္နဝါရီလက ဒုတိယႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္နဲ႔ ျမန္မာႏုိင္ငံကို လာေရာက္ခဲ့ဖူးၿပီး အဲဒီအခ်ိန္ကသမၼတ ဦးသိန္းစိန္နဲ႔ေရာ ၂၀၁၅ ႏိုဝင္ဘာေရြးေကာက္ပြဲမွာ အႏုိင္ရခဲ့တဲ့ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) ပါတီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ပါ ေတြ႔ဆံုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဝါရင့်သံတမန် Antony Blinken ကန်နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် လျာထားခံရ

အမေရိကန် ရွေးကောက်ခံသမ္မတ Joe Biden လက်ထက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ်ခန့်အပ်ဖို့ လျာထားတဲ့ Antony Blinken ဟာ ဆယ်စုနှစ်နဲ့ချီ နိုင်ငံခြားရေးမူဝါဒဆိုင်ရာအတွေ့အကြုံရှိသူဖြစ်ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ လူ့အခွင့်အရေးကိုထောက်ခံသူအဖြစ် လူသိများပါတယ်။

မစ္စတာဘိုင်ဒန်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူ Blinken ဟာ အမေရိကန် သမ္မတဟောင်းတွေဖြစ်တဲ့ Clinton နဲ့ Obama အစိုးရတွေလက်ထက်မှာလည်း နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အရေးပါတဲ့ ရာထူးတာဝန်တွေ ယူခဲ့သူဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမေရိကန်အထက်လွှတ်တော်က အတည်ပြုခဲ့မယ်ဆိုရင်တော့ Blinken ဟာ အမေရိကန်မဟာမိတ်တွေနဲ့ ဆက်ဆံရေးတွေ ပြန်လည်တည်ဆောက်ဖို့ ဘိုင်ဒန်အစိုးရအဖွဲ့ကို ဦးဆောင်ပေးမယ့် သံတမန်တဦးဖြစ်လာမှာဖြစ်ပါတယ်။

သမ္မတ Donlad Trump ကတော့ အမေရိကန်မဟာမိတ်တွေရဲ့ အခန်းကဏ္ဍကို ရေရှည်မေးခွန်းထုတ်လာသူဖြစ်ပါတယ်။ ကမ္ဘာ့စင်မြင့်ပေါ်မှာ အမေရိကန်က ပြန်ပြီး ဦးဆောင်လာနိုင်ရေး ကိစ္စမှာလည်း မစ္စတာဘိုင်ဒန်နဲ့ Blinken တို့ သဘောတူညီမှု ရှိကြတယ်ဆိုတဲ့ သတင်းတွေထွက်လာပါတယ်။

သမ္မတ Trump လက်ထက်မှာ အမေရိကန်သာ ပဓာနဆိုတဲ့မူဝါဒကြောင့် အမေရိကန်ရဲ့ရေရှည်မဟာမိတ်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပုံမှန်မဟုတ်တဲ့အနေအထားမှာရှိနေတာဖြစ်ပါတယ်။ နိုင်ငံတကာအရေးစိတ်ဝင်စားတဲ့ မစ္စတာ Blinken ဟာ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့မြန်မာနိုင်ငံသားတွေနဲ့တန်းတူ အခွင့်အရေးရဖို့ ဘိုင်ဒန်အစိုးရက မနားမနေ အားပေးလုပ်ကိုင်ပါလိမ့်မယ်လို့ ရိုဟင်ဂျာတွေ နေရပ်စွန့်ခွါထွက်ပြေးတဲ့ ၃ နှစ်မြောက်နှစ်ပတ်လည် သြဂုတ်လ ၂၅ ရက်နေ့က တွစ်တာကနေ ရေးသားခဲ့ပါသေးတယ်။

ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်မခံတဲ့မြန်မာအစိုးရကတော့ နိုင်ငံတကာက စွပ်စွဲနေသလောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရှိဘူးလို့ ပြောဆိုထားပါတယ်။

မစ္စတာ Blinken ဟာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလက ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးပြီး အဲဒီအချိန်ကသမ္မတ ဦးသိန်းစိန်နဲ့ရော ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG