သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံတမန်ရေးနဲ့ လုံခြုံရေးဝန်ကြီးအမည်စာရင်း ဘိုင်ဒန် ကြေညာ


USA, Delaware, Wilmington, U.S. President-elect Joe Biden speaks to reporters about efforts to confront the coronavirus diisease
USA, Delaware, Wilmington, U.S. President-elect Joe Biden speaks to reporters about efforts to confront the coronavirus diisease

{{Zawgyi/Unicode}}

နိုဝင်ဘာ ၃ ရက်ရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ ကြေညာထားတဲ့ ဂျိုးဘိုင်ဒန်က အစိုးရသစ်ဖွဲ့တဲ့အခါမှာ တာဝန်ထမ်းဆောင်မယ့် ထိပ်တန်းသံတမန်တွေနဲ့ အမျိုးသား လုံခြုံရေးတာဝန်ခံတွေရဲ့ အမည်စာရင်းကို တနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် အရင် ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း Antony Blinken ကို ရွေးချယ်လိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဟောင်း John Kerry ကိုတော့ အမျိုးသားလုံခြုံရေးကောင်စီမှာ တာဝန်ယူရင်း ရာထူးအသစ်ဖြစ်တဲ့ ဥတုရာသီဆိုင်ရာ သမ္မတရဲ့ အထူးသံတမန်အဖြစ် အမည်စာရင်း တင်သွင်းလိုက်ပါတယ်။ ဒါဟာ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေကို အရေးတကြီးကိုင်တွယ်ရမယ့် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်အဖြစ် မစ္စတာဘိုင်ဒန်က သတ်မှတ်တယ် ဆိုတာကို ပြသတာဖြစ်ကြောင်း အကူးအပြောင်းကာလ ဆောင်ရွက်နေတဲ့ အရာရှိတွေကပြောပါတယ်။

ဇန်နဝါရီ ၂၀ မှာ ၄၆ ဆက် မြောက် သမ္မတအဖြစ်တာဝန်ယူဖို့ မစ္စတာ ဘိုင်ဒန်က ပြင်ဆင်နေချိန်မှာပဲ သမ္မတဒေါ်နယ်ထရမ့်ကတော့ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲဖို့ ဥပဒေ ကြောင်းအရ ဆက်လက်လုပ်ဆောင်နေတာပါ။

မစ္စတာဘိုင်ဒန်ဟာ အကူးအပြောင်းကာလအတွက် Delaware ပြည်နယ် Wilmington က သူ့နေအိမ်ကနေ စီစဉ် ဆောင်ရွက်နေတာပါ။ အမိမြေလုံခြုံရေးဌာနအကြီးအကဲ အတွက် ဒီဌာနမှာဒုတိယ ဝန်ကြီးဟောင်းဖြစ်ခဲ့တဲ့ ကျူးဘား- အမေရိကန် ရှေ့နေတဦးဖြစ်တဲ့ Alejandro Mayorkas ကို ရွေးချယ်ထားပါတယ်။

အာဖရိကန်- အမေရိကန် တဦးဖြစ်တဲ့ အမေရိကန် နိုင်ငံခြားရေးဆိုင်ရာ ကျွမ်းကျင်သူ သံတမန်ဟောင်း Linda Thomas-Greenfield ကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် လျာထားတာ ဖြစ်ပါတယ်။

အမျိုးသားထောက်လှန်းရေးဆိုင်ရာ ဒါရိုက်တာအဖြစ် CIA ဒုတိအကြီးအကဲဟောင်း Avril Haines ကို ရွေးချယ်ထားပြီး Jake Sullivan ကိုတော့ အမျိုးသားလုံခြုံရေး အကြံပေးအဖြစ် လျာထားတာ ဖြစ်ပါတယ်။

မစ္စတာ ဘိုင်ဒန် ဟာ သမ္မတထရမ့် ပြီးခဲ့တဲ့ ၄ နှစ်က လ ျှစ်လျူရှုထားတဲ့ အမေရိကန်ရဲ့ မဟာမိတ်တွေနဲ့ ပြန်ပြီး လက်တွဲဖို့ လုပ်ဆောင်နေတဲ့ ပုံတွေ့ရပါတယ်။ အခု နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမည်တင်သွင်းမယ့် Antony Blinken ဟာ သမ္မတဟောင်း Bill Clinton လက်ထက်မှာ စတင်တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပြီး သမ္မတဟောင်း Barack Obama နဲ့ ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒန် လက်ထက်မှာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး နဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

............................................

တိုက်ရိုက် လင့်ခ်

{{Unicode}}








XS
SM
MD
LG