သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ခံသမၼတ Joe Biden အမ်ိဳးသားလံုၿခံဳေရးအရာရွိေတြနဲ႔ ေတြ႔ဆံု 


(Zawgyi/Unicode)
ေရြးေကာက္ခံ သမၼတ Joe Biden ဟာ အဂၤါေန႔က သူရဲ႕ အမ်ဳိးသားလံုၿခံဳေရး အႀကံေပးအရာရွိေတြနဲ႔ ေတြ႕ဆံုခဲ့ပါတယ္။ ဒါေပမဲ့ဒီမိုကရက္ ကဖဲြ႕စည္းထားတဲ့ သမၼအာဏာ လႊဲေျပာင္းရယူေရးအဖဲြ႔ ကို သမၼတ Donald Trump က ဆက္ၿပီးပိတ္ဆို႔ထားတာေၾကာင့္ အစိုးရဘက္က ေထာက္လွမ္းေရး ကြ်မ္းက်င္သူေတြနဲ႔Biden ေတြ႕ဆံုလို႔ မရေသးပါဘူး။

Biden နဲ႔ ေရြးေကာက္ခံ ဒုသမၼတ Kamala Harris တို႔ဟာ သူတို႔ရဲ႕ ႏိုင္ငံတကာ သံတမန္ေတြ၊ေထာက္လွမ္းေရးနဲ႔ ကာကြယ္ေရး ကြ်မ္းက်င္သူေတြနဲ႔ ကမၻာ့ျပႆနာေတြကို ေတြ႕ဆံုေဆြးေႏြးေနၾကတယ္လို႔ Biden အဖဲြ႔ရဲ႕ အရာရွိေတြက ေျပာပါတယ္။

သမၼတ Trump က ေရြးေကာက္ပဲြရလဒ္ေတြအရ အႏိုင္ရေနၿပီျဖစ္တဲ့ Joe Biden ကို တရားဥပေဒေၾကာင္းအရ စိန္ေခၚဖို႔ ဘယ္လိုပဲ ႀကိဳးစားႀကိဳးစား၊ ဇန္န၀ါရီ ၂၀ ရက္ေန႔ Biden ရဲ႕ သမၼတ က်မ္းသစၥာက်ိန္ဆိုပဲြမတိုင္ခင္ အစိုးရ ေထာက္လွမ္းေရး အရာရွိေတြအေနနဲ႔Biden ကိုႀကိဳတင္ အစီရင္ခံတင္ျပတာေတြ လုပ္သင့္ေၾကာင္း ရီပါပလင္ကန္လႊတ္ေတာ္အမတ္ေတြက မၾကာေသးခင္ ရက္ပိုင္းေတြအတြင္း တိုက္တြန္းခဲ့ၾကပါတယ္။

ကမၻာတ၀ွမ္းနဲ႔အေမရိကန္ႏိုင္ငံ လံုၿခံဳေရး ၿခိမ္းေျခာက္မႈေတြနဲ႔ပတ္သက္လို႔ သမၼတကို ေန႔စဥ္တင္ျပေနတဲ့ ေထာက္လွမ္းေရးအစီရင္ခံစာ အကဲျဖတ္မႈေတြကို သမၼတ အာဏာလဲႊေျပာင္းရယူမယ့္ Biden ကို အသိေပး တင္ျပဖို႔ မရွိမျဖစ္ လိုအပ္ေနေၾကာင္း ရီပါပလင္ကန္အမတ္ေတြက ေျပာပါတယ္။

ဒါေပမယ္လို႔ Trump က ေရြးေကာက္ပဲြမွာ သူအႏိုင္ရေၾကာင္း ထပ္ခါတလဲလဲေျပာေနသလို၊ သူရွဳံးနိမ့္ေၾကာင္း ၀န္ခံဖို႔လည္း ျငင္းဆန္ထားဆဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.........

ရွေးကောက်ခံသမ္မတ Joe Biden အမျိုးသားလုံခြုံရေးအရာရှိတွေနဲ့ တွေ့ဆုံ

(Unicode)
ရွေးကောက်ခံ သမ္မတ Joe Biden ဟာ အင်္ဂါနေ့က သူရဲ့ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့ဒီမိုကရက် ကဖွဲ့စည်းထားတဲ့ သမ္မအာဏာ လွှဲပြောင်းရယူရေးအဖွဲ့ ကို သမ္မတ Donald Trump က ဆက်ပြီးပိတ်ဆို့ထားတာကြောင့် အစိုးရဘက်က ထောက်လှမ်းရေး ကျွမ်းကျင်သူတွေနဲ့Biden တွေ့ဆုံလို့ မရသေးပါဘူး။

Biden နဲ့ ရွေးကောက်ခံ ဒုသမ္မတ Kamala Harris တို့ဟာ သူတို့ရဲ့ နိုင်ငံတကာ သံတမန်တွေ၊ထောက်လှမ်းရေးနဲ့ ကာကွယ်ရေး ကျွမ်းကျင်သူတွေနဲ့ ကမ္ဘာ့ပြဿနာတွေကို တွေ့ဆုံဆွေးနွေးနေကြတယ်လို့ Biden အဖွဲ့ရဲ့ အရာရှိတွေက ပြောပါတယ်။

သမ္မတ Trump က ရွေးကောက်ပွဲရလဒ်တွေအရ အနိုင်ရနေပြီဖြစ်တဲ့ Joe Biden ကို တရားဥပဒေကြောင်းအရ စိန်ခေါ်ဖို့ ဘယ်လိုပဲ ကြိုးစားကြိုးစား၊ ဇန်နဝါရီ ၂၀ ရက်နေ့ Biden ရဲ့ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်ခင် အစိုးရ ထောက်လှမ်းရေး အရာရှိတွေအနေနဲ့Biden ကိုကြိုတင် အစီရင်ခံတင်ပြတာတွေ လုပ်သင့်ကြောင်း ရီပါပလင်ကန်လွှတ်တော်အမတ်တွေက မကြာသေးခင် ရက်ပိုင်းတွေအတွင်း တိုက်တွန်းခဲ့ကြပါတယ်။

ကမ္ဘာတဝှမ်းနဲ့အမေရိကန်နိုင်ငံ လုံခြုံရေး ခြိမ်းခြောက်မှုတွေနဲ့ပတ်သက်လို့ သမ္မတကို နေ့စဉ်တင်ပြနေတဲ့ ထောက်လှမ်းရေးအစီရင်ခံစာ အကဲဖြတ်မှုတွေကို သမ္မတ အာဏာလွဲှပြောင်းရယူမယ့် Biden ကို အသိပေး တင်ပြဖို့ မရှိမဖြစ် လိုအပ်နေကြောင်း ရီပါပလင်ကန်အမတ်တွေက ပြောပါတယ်။

ဒါပေမယ်လို့ Trump က ရွေးကောက်ပွဲမှာ သူအနိုင်ရကြောင်း ထပ်ခါတလဲလဲပြောနေသလို၊ သူရှုံးနိမ့်ကြောင်း ဝန်ခံဖို့လည်း ငြင်းဆန်ထားဆဲဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG