သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Trump ေထာက္ခံသူေတြ ဝါရွင္တန္ၿမိဳ႕ေတာ္အႏွံ႔ ဆႏၵျပ


ဝါရွင္တန္ဒီစီမွာ ျပဳလုပ္တဲ့ သမၼတ Donald Trump ေထာက္ခံသူမ်ားရဲ႕ ဆႏၵျပပြဲျမင္ကြင္း။ (ႏုိဝင္ဘာ ၁၄၊ ၂၀၂၀)

(Zawgyi / Unicode)

ႏိုဝင္ဘာ ၃ ရက္ သမၼတေရြးေကာက္ပြဲမွာ မဲမသမာမႈေတြ ရွိတယ္ဆိုၿပီး အေထာက္ထားမပါတဲ့ သမၼတ Donald Trump ရဲ႕ ေျပာၾကားခ်က္ေတြကို ေထာက္ခံတဲ့ ဆႏၵျပပြဲ အေတာ္မ်ားမ်ားကို စေနေန႔က ဝါရွင္တန္ဒီစီမွာ က်င္းပေနၾကပါတယ္။

Million MAGA March, Women for Trump နဲ႔ မဲခိုးတာရပ္ဖို႔ Stop the Steal ေတာင္းဆိုပြဲ အပါအဝင္ သမၼတေရြးေကာက္ပြဲမွာ မဲမသမာမႈ ရွိတယ္ဆိုတဲ့ အေထာက္အထားမဲ့ ေျပာၾကားခ်က္ေတြကို ေထာက္ခံတဲ့ စုေဝးဆႏၵျပမႈ အေတာ္မ်ားမ်ား က်င္းပဖို႔ စီစဥ္ထားတာ ျဖစ္ပါတယ္။

အႀကိတ္အနယ္ယွဥ္ၿပိဳင္ရတဲ့ ဘက္ေျပာင္းမဲထည့္ေလ့ရွိတဲ့ ျပည္နယ္အေတာ္မ်ားမ်ားမွာ မဲမသမာမႈေတြ ရွိတယ္လုိ႔ ေျပာၿပီး ဒီေရြးေကာက္ပြဲမွာ ဒုသမၼတေဟာင္း Joe Biden က သူ႔ထက္ မဲအသာစီး ရေနတာကို သမၼတ Trump က လက္မခံပါဘူး။

ျပည္နယ္ေရြးေကာက္ပြဲဆိုင္ရာ အရာရွိေတြကေတာ့ သူတုိ႔ျပည္နယ္ေတြမွာ ဒီေရြးေကာက္ပြဲ ရလဒ္ကို ထိခိုက္ေစေလာက္တဲ့ ဆိုးဝါးတဲ့ မဲမသမာမႈမ်ိဳး မရွိေၾကာင္း ေျပာဆိုၾကပါတယ္။

သမၼတကိုေထာက္ခံတဲ့ လူထုစုေဝးဆႏၵျပပြဲေတြ စတင္ဖုိ႔ သတ္မွတ္ခ်ိန္မတိုင္ခင္ ၂ နာရီေလာက္ အလုိမွာ သမၼတ Trump က သမၼတအိမ္ျဖဴရွိရာ Pennsylvania Avenue လမ္းမေပၚကို သူ႔ေမာ္ေတာ္ယာဥ္တန္းနဲ႔ ထြက္လာၿပီး သူ႔ကိုေထာက္ခံတဲ့ ရာနဲ႔ခ်ီတဲ့ ဆႏ̔ၵျပသူေတြကို ၿပံဳးၿပီး လက္ေဝွ႔ရမ္း ႏႈတ္ဆက္ခဲ့ၿပီး Virginia ေျမာက္ပိုင္းက ႔ေဂါက္ကြင္းဘက္ကို သြားခဲ့ပါတယ္။

ဒီဆႏၵျပပြဲေတြကို ကြန္ဆာေဗးတစ္ အယူရွိတဲ့ သတင္းမီဒီယာေတြ၊ လူျဖဴႀကီးစိုးေရး အမ်ိဳးသားေရးဝါဒီေတြက ဦးေဆာင္က်င္းပတာျဖစ္ၿပီး သူတို႔ကို ဖက္ဆစ္ဆန႔္က်င္တဲ့ အဖြဲ႔ေတြ၊ ခြဲျခားဆက္ဆံမႈ မရွိဖို႔ လုပ္ေဆာင္ေနတဲ့ တက္ႂကြလႈပ္ရွားသူေတြက တန္ျပန္ဆႏ̔ၵျပဖို႔ စီစဥ္ေနၾကပါတယ္။

သမၼတကို ေထာက္ခံသူေတြဟာ သမၼတအိမ္ျဖဴအေရွ႕ဘက္နားက Freedom Plaza မွာ စုေဝးဖို႔ရွိသလို ဆန္႔က်င္သူေတြကလည္း အဲဒီေနရာမွာေရာ Union Station နဲ႔ တရား႐ုံးခ်ဳပ္ေတြမွာ တန္ျပန္ဆႏၵျပဖုိ႔ ရွိပါတယ္။ ဆႏၵျပဖုိ႔ စီစဥ္ထားတဲ့ ေနရာေတြတဝိုက္က လမ္းေတြအားလံုးကို ရဲေတြက ပိတ္ထားၿပီး လံုၿခံဳေရးေတြလည္း တင္းတင္းက်ပ္က်ပ္ ခ်ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

သမ္မတ Trump ထောက်ခံသူတွေ ဝါရှင်တန်မြို့တော်အနှံ့ ဆန္ဒပြ

နိုဝင်ဘာ ၃ ရက် သမ္မတရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်ဆိုပြီး အထောက်ထားမပါတဲ့ သမ္မတ Donald Trump ရဲ့ ပြောကြားချက်တွေကို ထောက်ခံတဲ့ ဆန္ဒပြပွဲ အတော်များများကို စနေနေ့က ဝါရှင်တန်ဒီစီမှာ ကျင်းပနေကြပါတယ်။

Million MAGA March, Women for Trump နဲ့ မဲခိုးတာရပ်ဖို့ Stop the Steal တောင်းဆိုပွဲ အပါအဝင် သမ္မတရွေးကောက်ပွဲမှာ မဲမသမာမှု ရှိတယ်ဆိုတဲ့ အထောက်အထားမဲ့ ပြောကြားချက်တွေကို ထောက်ခံတဲ့ စုဝေးဆန္ဒပြမှု အတော်များများ ကျင်းပဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

အကြိတ်အနယ်ယှဉ်ပြိုင်ရတဲ့ ဘက်ပြောင်းမဲထည့်လေ့ရှိတဲ့ ပြည်နယ်အတော်များများမှာ မဲမသမာမှုတွေ ရှိတယ်လို့ ပြောပြီး ဒီရွေးကောက်ပွဲမှာ ဒုသမ္မတဟောင်း Joe Biden က သူ့ထက် မဲအသာစီး ရနေတာကို သမ္မတ Trump က လက်မခံပါဘူး။

ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာ အရာရှိတွေကတော့ သူတို့ပြည်နယ်တွေမှာ ဒီရွေးကောက်ပွဲ ရလဒ်ကို ထိခိုက်စေလောက်တဲ့ ဆိုးဝါးတဲ့ မဲမသမာမှုမျိုး မရှိကြောင်း ပြောဆိုကြပါတယ်။

သမ္မတကိုထောက်ခံတဲ့ လူထုစုဝေးဆန္ဒပြပွဲတွေ စတင်ဖို့ သတ်မှတ်ချိန်မတိုင်ခင် ၂ နာရီလောက် အလိုမှာ သမ္မတ Trump က သမ္မတအိမ်ဖြူရှိရာ Pennsylvania Avenue လမ်းမပေါ်ကို သူ့မော်တော်ယာဉ်တန်းနဲ့ ထွက်လာပြီး သူ့ကိုထောက်ခံတဲ့ ရာနဲ့ချီတဲ့ ဆန္̔ဒပြသူတွေကို ပြုံးပြီး လက်ဝှေ့ရမ်း နှုတ်ဆက်ခဲ့ပြီး Virginia မြောက်ပိုင်းက့ဂေါက်ကွင်းဘက်ကို သွားခဲ့ပါတယ်။

ဒီဆန္ဒပြပွဲတွေကို ကွန်ဆာဗေးတစ် အယူရှိတဲ့ သတင်းမီဒီယာတွေ၊ လူဖြူကြီးစိုးရေး အမျိုးသားရေးဝါဒီတွေက ဦးဆောင်ကျင်းပတာဖြစ်ပြီး သူတို့ကို ဖက်ဆစ်ဆန့်ကျင်တဲ့ အဖွဲ့တွေ၊ ခွဲခြားဆက်ဆံမှု မရှိဖို့ လုပ်ဆောင်နေတဲ့ တက်ကြွလှုပ်ရှားသူတွေက တန်ပြန်ဆန္̔ဒပြဖို့ စီစဉ်နေကြပါတယ်။

သမ္မတကို ထောက်ခံသူတွေဟာ သမ္မတအိမ်ဖြူအရှေ့ဘက်နားက Freedom Plaza မှာ စုဝေးဖို့ရှိသလို ဆန့်ကျင်သူတွေကလည်း အဲဒီနေရာမှာရော Union Station နဲ့ တရားရုံးချုပ်တွေမှာ တန်ပြန်ဆန္ဒပြဖို့ ရှိပါတယ်။ ဆန္ဒပြဖို့ စီစဉ်ထားတဲ့ နေရာတွေတဝိုက်က လမ်းတွေအားလုံးကို ရဲတွေက ပိတ်ထားပြီး လုံခြုံရေးတွေလည်း တင်းတင်းကျပ်ကျပ် ချထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG