သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Biden အနိုင်ရမှုကို Trump အသိအမှတ်ပြုသလိုရှိပေမယ့် ရှုံးနိမ့်ကြောင်း တရားဝင်မပြော


ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden နဲ့ သမ္မတ Donald Trump.
ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden နဲ့ သမ္မတ Donald Trump.

(Zawgyi / Unicode)

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်လောက်က ကျင်းပပြီးစီးခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီက Joe Biden အနိုင်ရတယ်ဆိုတာကို ပထမဆုံးအကြိမ်အဖြစ် သမ္မတ Donald Trump က အသိအမှတ်ပြုတဲ့ လက္ခဏာ တနင်္ဂနွေနေ့မှာ ပြသခဲ့ပါတယ်။ ဒါပေမယ့် သူရှုံးနိမ့်ကြောင်းတော့ တရားဝင်ထုတ်မပြောသေးပါဘူး။

သူ အခုလို မဲအသာစီး မရတာဟာ မဲမသမာမှုတွေ ရှိတာကြောင့်လို့ အထောက်အထားမပြဘဲ ပြောဆိုမှုတွေကို သမ္မတ Trump က တွစ်တာမှာ ဆက်တိုက်ရေးနေတာ ဖြစ်ပါတယ်။ ဒီလိုရေးသားမှုတွေထဲမှာ Mr. Biden ကို ရည်စူးပြီး သူနိုင်သွားတာဟာ ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတာကြောင့် ဖြစ်ကြောင်းလည်း ပါဝင်ပါတယ်။

ဒီမိုကရက်တစ်ပါတီက ပြိုင်ဘက် ဒုသမ္မတဟောင်း Joe Biden ဟာ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုပြီး သမ္မတတာဝန် ထမ်းဆောင်ဖို့ လိုအပ်တဲ့ ကိုယ်စားလှယ်မဲ ၂၇၀ ထက်ပိုပြီး ရနေကြောင်း အမေရိကန် သတင်းဌာနကြီးအားလုံးက သီတင်းတပတ်ကျော် ပြောဆိုနေပေမယ့် ရီပတ်ဘလစ်ကန် သမ္မတကတော့ သူရှုံးနိမ့်ကြောင်း တရားဝင်ထုတ်ပြောဖို့ လက်မခံသေးပါဘူး။

သမ္မတဖြစ်ဖို့အတွက် ပြည်နယ်လူဦးရေအလိုက် ရွေးချယ်တဲ့ ကိုယ်စားလှယ်မဲ ၅၃၈ မဲမှာ ထက်ဝက်ကျော်ဖြစ်တဲ့ မဲ ၂၇၀ ရဖို့ လိုအပ်တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံတလွှားက မဲရုံတာဝန်ခံ အရာရှိတွေကတော့ ဒီရွေးကောက်ပွဲမှာ မဲမသမာမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့တဲ့ အထောက်အထား တစုံတရာ မတွေ့ရဘူးလို့ ဗွီအိုအေအပါအဝင် သတင်းမီဒီယာတွေကို ပြောပါတယ်။ ရွေးကောက်ပွဲကျင်းပတဲ့နေ့က ပြဿနာအနည်းငယ်ရှိပြီး မဲရေတွက်ရာမှာ ပြဿနာတချို့ ရှိခဲ့ပေမယ့် ဒါဟာ ရွေးကောက်ပွဲရလဒ် အကြီးအကျယ် ပြောင်းသွားစေနိုင်လောက်တာမျိုး မဟုတ်ဘူးလို့ ပြောပါတယ်။

အကြိတ်အနယ် ယှဉ်ပြိုင်ရတဲ့ ပြည်နယ်အများအပြားက တရားရုံးတွေမှာ အခုချိန်အထိ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားတဲ့ တရားရင်ဆိုင်မှု အများအပြား ရှိနေပေမယ့် မဲပေးတာနဲ့ မဲရေတွက်ရာမှာ မသမာမှုတွေ ရှိတယ်ဆိုတဲ့ သမ္မတ Trump ဘက်က စွဲဆိုချက် အတော်များများ အရေးနိမ့်နေတာလည်း ဖြစ်ပါတယ်။

Mr. Biden ကတော့ အစိုးရသစ်ဖွဲ့ဖို့ သူ့အကြံပေးတွေနဲ့ တွေ့ဆုံနေတာဖြစ်ပြီး သူ့အစိုးရအဖွဲ့မှာ ပါဝင်မယ့်သူတွေကို အမည်တင်သွင်းဖို့ စီစဉ်နေတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ အိမ်ဖြူတော် ဝန်ထမ်းအကြီးအကဲအဖြစ် Ron Klain ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)





သမ်မတဖွဈဖို့အတှကျ ပွညျနယျလူဦးရအေလိုကျ ရှေးခယြျတဲ့ ကိုယျစားလှယျမဲ ၅၃၈ မဲမှာ ထကျဝကျကြောျဖွဈတဲ့ မဲ ၂၇၀ ရဖို့ လိုအပျတာ ဖွဈပါတယျ။




ဆက်စပ်သတင်းများ ...

XS
SM
MD
LG