သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဝါရွင္တန္ၿမိဳ႕ေတာ္တြင္း ဆႏၵျပမႈ ႏွစ္ဖက္ထိပ္တိုက္ေတြ႔ ထိခိုက္မႈရွိ


ဝါရွင္တန္ဒီစီမွာျပဳလုပ္တဲ့ သမၼတ Trump ေထာက္ခံသူေတြရဲ႕ ဆႏၵျပပြဲ။ (ႏုိဝင္ဘာ ၁၄၊ ၂၀၂၀)

(Zawgyi / Unicode)

သမၼတ Donald Trump ကို ေထာက္ခံတဲ့သူေတြ အေမရိကန္ၿမိဳ႕ေတာ္ ဝါရွင္တန္ဒီစီမွာ မေန႔ စေနေန႔က စုေဝးၿပီး ဆႏၵျပပြဲေတြ ျပဳလုပ္ခဲ့ပါတယ္။ သူတို႔က သမၼတ Trump နဲ႔ ေရြးေကာက္ပြဲ မသမာမႈေတြ ရွိတယ္ဆိုတဲ့ Trump ရဲ႕ ေျပာၾကားခ်က္ေတြကို ေထာက္ခံ ဆႏၵျပခဲ့ၾကတာပါ။

ေရြးေကာက္ပြဲမွာ အႀကိတ္အနယ္ ယွဥ္ၿပိင္ရတဲ့ ျပည္နယ္ေတြမွာ ပုံမွန္မဟုတ္တဲ့ ျဖစ္ရပ္ေတြ ရွိတယ္လို႔ ေျပာၾကားထားတဲ့ သမၼတ Trump က Joe Biden ကို ႐ႈံးနိမ့္ေၾကာင္း ဝန္ခံဖို႔ ျငင္းဆန္ေနတာပါ။ ဒါေပမယ့္ ျပည္နယ္ေတြက ေရြးေကာက္ပြဲ တာဝန္ရွိသူေတြကေတာ့ ေရြးေကာက္ပြဲရလဒ္ကို ေျပာင္းလဲေစႏုိင္ေလာက္တဲ့ မမွန္ကန္တဲ့ ျဖစ္ရပ္ေတြ မရွိဘူးလို႔ ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

သမၼတေရြးခ်ယ္မဲ ၂၇၀ ထက္ မဲအေရအတြက္ အမ်ားအျပားပိုရၿပီး Joe Biden ျပတ္ျပတ္သားသား အႏိုင္ရေၾကာင္း ခန္႔မွန္းသတ္မွတ္ခ်က္ေတြ ထြက္ေပၚေနခ်ိန္မွာ Trump ကို ေထာက္ခံသူေတြက အခုလို ဆႏၵျပပြဲေတြ ျပဳလုပ္ခဲ့တာလည္း ျဖစ္ပါတယ္။

သူ႔ကို ေထာက္ခံသူေတြ ဆႏၵျပပြဲေတြ မလုပ္ခင္ ၂ နာရီအလိုေလာက္မွာ သမၼတ Trump ရဲ႕ ေမာ္ေတာ္ယာဥ္တန္းက ဆႏၵျပသူေတြအနီး ျဖတ္သန္းေမာင္းႏွင္ၿပီး ဆႏၵျပသူေတြကို ရယ္ရယ္ေမာေမာ လက္ျပႏႈတ္ဆက္ရင္း သူတို႔လုပ္ရပ္ကို ေထာက္ခံေၾကာင္း ျပသခဲ့ပါတယ္။

ဒီ ေထာက္ခံဆႏၵျပပြဲေတြကို ေရွး႐ိုးစြဲ ကြန္ဆာေဗးတစ္ မီဒီယာေတြနဲ႔ လူျဖဴႀကီးစိုးေရး ဝါဒီေတြက ႀကီးမွဴးက်င္းပခဲ့တာ ျဖစ္ပါတယ္။ လက္ယာအစြန္းေရာက္အဖြဲ႔ Proud Boys အဖြဲ႔ဝင္ေတြလည္း တက္ေရာက္ခဲ့ေၾကာင္း သတင္းဌာနေတြက ေျပာပါတယ္။ သူ႔ကို ေထာက္ခံသူေတြကို ေတြ႔ရလို႔ ပီတိျဖစ္ရတယ္လို႔လည္း ေသာၾကာေန႔က သမၼတ Trump က တြစ္တာမွာ ေရးသားထားပါတယ္။

အဲဒီ ဆႏၵျပသူေတြနဲ႔ လူမ်ိဳးေရး ခြဲျခားမႈနဲ႔ ဖက္ဆစ္ဝါဒ တိုက္ဖ်က္ေရး ဆႏၵျပသူေတြအၾကား ခိုက္ရန္ျဖစ္မႈေတြလည္း ျဖစ္ပြားခဲ့ပါတယ္။ ႏွစ္ဖက္ ခိုက္ရန္ျဖစ္ပြဲမွာ တဦး ဓားနဲ႔အထိုးခံရသလို လူအေယာက္ ၂၀ အဖမ္းခံခဲ့ရၿပီး ရဲအရာရွိ ၂ ဦးလည္း ဒဏ္ရာရရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ဝါရှင်တန်မြို့တော်တွင်း ဆန္ဒပြမှု နှစ်ဖက်ထိပ်တိုက်တွေ့ ထိခိုက်မှုရှိ

သမ္မတ Donald Trump ကို ထောက်ခံတဲ့သူတွေ အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီမှာ မနေ့ စနေနေ့က စုဝေးပြီး ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ သူတို့က သမ္မတ Trump နဲ့ ရွေးကောက်ပွဲ မသမာမှုတွေ ရှိတယ်ဆိုတဲ့ Trump ရဲ့ ပြောကြားချက်တွေကို ထောက်ခံ ဆန္ဒပြခဲ့ကြတာပါ။

ရွေးကောက်ပွဲမှာ အကြိတ်အနယ် ယှဉ်ပြိင်ရတဲ့ ပြည်နယ်တွေမှာ ပုံမှန်မဟုတ်တဲ့ ဖြစ်ရပ်တွေ ရှိတယ်လို့ ပြောကြားထားတဲ့ သမ္မတ Trump က Joe Biden ကို ရှုံးနိမ့်ကြောင်း ဝန်ခံဖို့ ငြင်းဆန်နေတာပါ။ ဒါပေမယ့် ပြည်နယ်တွေက ရွေးကောက်ပွဲ တာဝန်ရှိသူတွေကတော့ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲစေနိုင်လောက်တဲ့ မမှန်ကန်တဲ့ ဖြစ်ရပ်တွေ မရှိဘူးလို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

သမ္မတရွေးချယ်မဲ ၂၇၀ ထက် မဲအရေအတွက် အများအပြားပိုရပြီး Joe Biden ပြတ်ပြတ်သားသား အနိုင်ရကြောင်း ခန့်မှန်းသတ်မှတ်ချက်တွေ ထွက်ပေါ်နေချိန်မှာ Trump ကို ထောက်ခံသူတွေက အခုလို ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

သူ့ကို ထောက်ခံသူတွေ ဆန္ဒပြပွဲတွေ မလုပ်ခင် ၂ နာရီအလိုလောက်မှာ သမ္မတ Trump ရဲ့ မော်တော်ယာဉ်တန်းက ဆန္ဒပြသူတွေအနီး ဖြတ်သန်းမောင်းနှင်ပြီး ဆန္ဒပြသူတွေကို ရယ်ရယ်မောမော လက်ပြနှုတ်ဆက်ရင်း သူတို့လုပ်ရပ်ကို ထောက်ခံကြောင်း ပြသခဲ့ပါတယ်။

ဒီ ထောက်ခံဆန္ဒပြပွဲတွေကို ရှေးရိုးစွဲ ကွန်ဆာဗေးတစ် မီဒီယာတွေနဲ့ လူဖြူကြီးစိုးရေး ဝါဒီတွေက ကြီးမှူးကျင်းပခဲ့တာ ဖြစ်ပါတယ်။ လက်ယာအစွန်းရောက်အဖွဲ့ Proud Boys အဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ကြောင်း သတင်းဌာနတွေက ပြောပါတယ်။ သူ့ကို ထောက်ခံသူတွေကို တွေ့ရလို့ ပီတိဖြစ်ရတယ်လို့လည်း သောကြာနေ့က သမ္မတ Trump က တွစ်တာမှာ ရေးသားထားပါတယ်။

အဲဒီ ဆန္ဒပြသူတွေနဲ့ လူမျိုးရေး ခွဲခြားမှုနဲ့ ဖက်ဆစ်ဝါဒ တိုက်ဖျက်ရေး ဆန္ဒပြသူတွေအကြား ခိုက်ရန်ဖြစ်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ နှစ်ဖက် ခိုက်ရန်ဖြစ်ပွဲမှာ တဦး ဓားနဲ့အထိုးခံရသလို လူအယောက် ၂၀ အဖမ်းခံခဲ့ရပြီး ရဲအရာရှိ ၂ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG