သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Nancy Pelosi ကို ကန္ေအာက္လႊတ္ေတာ္ ဥကၠ႒အျဖစ္ ဒီမိုကရက္အမတ္ေတြ အဆိုျပဳ 


ေအာက္လႊတ္ေတာ္ ဥကၠ႒ Nancy Pelosi

(Zawgyi/Unicode)

အေမရိကန္ေအာက္လႊတ္ေတာ္ ဒီမိုကရက္အမတ္ေတြက လက္ရွိေအာက္လႊတ္ေတာ္ ဥကၠ႒ Nancy Pelosi ကို ဥကၠ႒အျဖစ္ဆက္ၿပီး ေနာက္ ၂ ႏွစ္သက္တမ္း တာဝန္ယူႏိုင္ဖို႔ျပန္လည္ အဆိုျပဳလိုက္ပါတယ္။ ဇန္နဝါရီလမွာ က်င္းပမယ့္ ေအာက္လႊတ္ေတာ္သက္တမ္းအသစ္ စတင္တဲ့အခါဒီအဆိုျပဳခ်က္ကို တရားဝင္အတည္ျပဳမွာျဖစ္ပါတယ္။

ဒါေပမဲ့ ေရြးေကာက္ခံသမၼတ Joe Biden ရည္ရြယ္ထားတဲ့ အစီအစဥ္ေတြ အတည္ျပဳႏိုင္ေရး ပဲ့ကိုင္ရာမွာေတာ့ ခံယူခ်က္၊ သေဘာထား ကြဲလြဲတာေတြရွိႏိုင္တာေၾကာင့္ Nancy Pelosi အေနနဲ႔ အမ်ားစုထဲက လူနည္းစုကိုဘဲ ဦးေဆာင္ႏိုင္ဖြယ္ရွိပါတယ္။ ဗုဒၶဟူးေန႔က ေအာက္လြတ္ေတာ္ ဒီမိုကရက္အမတ္ေတြက ကယ္လီဖိုးနီးယားျပည္နယ္ကိုယ္စားျပဳ ဒီမိုကရက္လႊတ္ေတာ္အမတ္ Nancy Pelosi ကို ဥကၠ႒အျဖစ္ ၿပိဳင္ဘက္မရွိ အဆိုျပဳေၾကညာလိုက္ၾကတာပါ။

Coronavirus ကပ္ေရာဂါေၾကာင့္ ဒီမိုကရက္အမတ္ေတြက ပထမဆံုးအေနနဲ႕ Online ကေန မဲေပးၿပီး ေခါင္းေဆာင္ေရြးခ်ယ္ၾကတာျဖစ္ပါတယ္။ ေအာက္လြတ္ေတာ္ ဒုတိယဥကၠ႒ Steny Hoyer နဲ႔ ပါတီ တတိယ ေခါင္းေဆာင္ Jim Clyburn တို႔ကိုလည္း ျပန္လည္ေရြးခ်ယ္ အဆိုျပဳ လိုက္ၾကပါတယ္။

အေမရိကန္သမိုင္းမွာ ပထမဦးဆံုး အမ်ိဳးသမီးလႊတ္ေတာ္ဥကၠ႒ျဖစ္ခဲ့တဲ့ Nancy Pelosi က ဒီမိုကရက္တစ္ပါတီအတြင္း စည္းလံုးညီညြတ္ၾကဖို႔ ေဆာ္ၾသတဲ့ စာတေစာင္ ဒီသီတင္းပတ္အတြင္း ေပးပို႔ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

Nancy Pelosi ကို ကန်အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဒီမိုကရက်အမတ်တွေအဆိုပြု

(Unicode)

အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်အမတ်တွေက လက်ရှိအောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi ကို ဥက္ကဋ္ဌအဖြစ်ဆက်ပြီး နောက် ၂ နှစ်သက်တမ်း တာဝန်ယူနိုင်ဖို့ပြန်လည် အဆိုပြုလိုက်ပါတယ်။ ဇန်နဝါရီလမှာ ကျင်းပမယ့် အောက်လွှတ်တော်သက်တမ်းအသစ် စတင်တဲ့အခါဒီအဆိုပြုချက်ကို တရားဝင်အတည်ပြုမှာဖြစ်ပါတယ်။

ဒါပေမဲ့ ရွေးကောက်ခံသမ္မတ Joe Biden ရည်ရွယ်ထားတဲ့ အစီအစဉ်တွေ အတည်ပြုနိုင်ရေး ပဲ့ကိုင်ရာမှာတော့ ခံယူချက်၊ သဘောထား ကွဲလွဲတာတွေရှိနိုင်တာကြောင့် Nancy Pelosi အနေနဲ့ အများစုထဲက လူနည်းစုကိုဘဲ ဦးဆောင်နိုင်ဖွယ်ရှိပါတယ်။ ဗုဒ္ဓဟူးနေ့က အောက်လွတ်တော် ဒီမိုကရက်အမတ်တွေက ကယ်လီဖိုးနီးယားပြည်နယ်ကိုယ်စားပြု ဒီမိုကရက်လွှတ်တော်အမတ် Nancy Pelosi ကို ဥက္ကဋ္ဌအဖြစ် ပြိုင်ဘက်မရှိ အဆိုပြုကြေညာလိုက်ကြတာပါ။

Coronavirus ကပ်ရောဂါကြောင့် ဒီမိုကရက်အမတ်တွေက ပထမဆုံးအနေနဲ့ Online ကနေ မဲပေးပြီး ခေါင်းဆောင်ရွေးချယ်ကြတာဖြစ်ပါတယ်။ အောက်လွတ်တော် ဒုတိယဥက္ကဋ္ဌ Steny Hoyer နဲ့ ပါတီ တတိယ ခေါင်းဆောင် Jim Clyburn တို့ကိုလည်း ပြန်လည်ရွေးချယ် အဆိုပြု လိုက်ကြပါတယ်။

အမေရိကန်သမိုင်းမှာ ပထမဦးဆုံး အမျိုးသမီးလွှတ်တော်ဥက္ကဋ္ဌဖြစ်ခဲ့တဲ့ Nancy Pelosi က ဒီမိုကရက်တစ်ပါတီအတွင်း စည်းလုံးညီညွတ်ကြဖို့ ဆော်သြတဲ့ စာတစောင် ဒီသီတင်းပတ်အတွင်း ပေးပို့ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG