သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ခံသမ္မတ Biden က အစိုးရအဖွဲ့ဝင် အမည်စာရင်း ထုတ်ပြန်ဖို့ ပြင်ဆင်


ရွေးကောက်ခံသမ္မတ Joe Biden. (နိုဝင်ဘာ ၁၉၊ ၂၀၂၀)
ရွေးကောက်ခံသမ္မတ Joe Biden. (နိုဝင်ဘာ ၁၉၊ ၂၀၂၀)

(Zawgyi / Unicode)

နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ ကြေညာထားတဲ့ Joe Biden က သူ့အစိုးရအဖွဲ့အတွက် တာဝန်ထမ်းဆောင်မယ့်သူတွေရဲ့ ကနဦး အမည်စာရင်းကို အင်္ဂါနေ့ကျရင် ထုတ်ပြန်ဖို့ စီစဉ်နေတယ်လို့ Mr. Biden ရဲ့ အိမ်ဖြူတော်အမှုထမ်း အကြီးအကဲ ဖြစ်လာမယ့် Ron Klain က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

သမ္မတ Donald Trump ကတော့ ရွေးကောက်ပွဲမဲရလဒ် ပြောင်းလဲသွားစေဖို့ တရားရေးအရ ကြိုးပမ်းနေဆဲဖြစ်ပြီး သူ့ရဲ့လုပ်ဆောင်ချက်ကို ပံ့ပိုးကူညီဖို့ ရီပတ်ဘလစ်ကန် ပါတီဝင်တွေကို တိုက်တွန်းနေပါတယ်။

Ron Klain က ABC ရုပ်သံ တွေ့ဆုံမေးမြန်းခန်းမှာ အခုလို ပြောကြားခဲ့ပေမယ့် Mr. Biden က ဘယ်ဌာနတွေအတွက် အကြီးအကဲ အမည်စာရင်း တင်သွင်းဖို့ရှိတယ် ဆိုတာကိုတော့ မဖြေကြားခဲ့ပါဘူး။

ဒါပေမယ့် Mr. Biden က ဘဏ္ဍာရေးဝန်ကြီးဌာနအတွက် ဝန်ကြီးအသစ် ခန့်အပ်မှာဖြစ်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ပြောကြားခဲ့တာပါ။ ဒါ့အပြင် သူအသစ်ရွေးချယ်မယ့်သူဟာ ဒီမိုကရက်တစ်ပါတီရဲ့ သဘောထားအားလုံးနဲ့ ကိုက်ညီမယ့် ပြုပြင်ပြောင်းလဲလိုသူတွေကနေ အလယ်အလတ် သဘောထားရှိသူ မဟာမိတ်တွေ လက်ခံတဲ့သူမျိုး ဖြစ်ရမယ်လို့ ပြောပါတယ်။

ဇန်နဝါရီ ၂၀ မှာ ကျမ်းသစ္စာ ကျိန်ဆိုရတော့မယ့် ၄၆ ဆက်မြောက် အမေရိကန်သမ္မတ တာဝန်ယူဖို့ အကူးအပြောင်းကာလအတွက် Mr. Biden က ဆောင်ရွက်နေချိန်မှာပဲ သမ္မတ Trump ကတော့ ရွေးကောက်ပွဲမှာ သူရှုံးနိမ့်ကြောင်း လက်မခံပါဘူး။ မသမာတဲ့မဲ အများအပြား တွေ့လာဖို့ရှိတဲ့အတွက် ရီပတ်ဘလစ်ကန်တွေ အလျှော့မပေးဘဲ တိုက်ကြဖို့ တနင်္ဂနွေနေ့မှာပဲ သူ့ကိုထောက်ခံသူတွေကို တွစ်တာကနေ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)







XS
SM
MD
LG