သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဂ်ာ္ဂ်ီယာျပည္နယ္ မဲျပန္ေရတြက္မႈ Joe Biden ပဲ အႏုိင္ရ


ေရြးေကာက္ခံသမၼတ Joe Biden. (ႏုိဝင္ဘာ ၁၀၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္သမၼတေရြးေကာက္ပြဲအတြက္ ေဂ်ာ္ဂ်ီယာျပည္နယ္မွာ ေရြးေကာက္ခံ သမၼတ Joe Biden အႏိုင္ရတယ္ဆိုတာ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးနဲ႔အတူ ေရြးေကာက္ပြဲဆိုင္ရာ ျပည္နယ္ ထိပ္တန္းတာဝန္ရွိသူေတြက ေသာၾကာေန႔က အတည္ျပဳခဲ့ၾကပါတယ္။

မျဖစ္မေနလုပ္ရတဲ့ ဆႏၵမဲတခုခ်င္းစီကို လက္နဲ႔ျပန္ေရတြက္တာ ေသာၾကာေန႔က ၿပီးသြားၿပီးတဲ့ေနာက္ ရလဒ္ကို အတည္ျပဳ ထုတ္ျပန္တာပါ။

က်ေနာ့္ဘဝတသက္တာလံုး အင္ဂ်င္နီယာအျဖစ္ လုပ္ကိုင္ခဲ့တာနဲ႔အမွ် ကိန္းဂဏန္းေတြဟာ မလိမ္ညာဘူးဆိုတဲ့ ေဆာင္ပုဒ္ကို က်ေနာ္လက္ကိုင္ထားပါတယ္။ က်ေနာ္တို႔ ဒီကေန႔ထုတ္ျပန္တဲ့ ကိန္းဂဏန္းေတြ မွန္ကန္တယ္ဆိုတာ ျပည္နယ္အတြင္းဝန္အေနနဲ႔ က်ေနာ္ယံုၾကည္ပါတယ္လုိ႔ Brad Raffensperger ကေျပာၿပီး ...

"ကိန္းဂဏန္းေတြဟာ လူထုရဲ႕ ဆံုးျဖတ္ခ်က္ကို ထင္ဟပ္ေနပါတယ္။ ျပည္နယ္အတြင္းဝန္႐ံုး ဒါမွမဟုတ္ တရား႐ံုးေတြ ဒါမွမဟုတ္ မဲဆြယ္စည္း႐ံုးေရး တဖြဲ႔ဖြဲ႔က ဆံုးျဖတ္တာမဟုတ္ပါဘူး" လို႔ ျပည္နယ္အတြင္းဝန္ Brad Raffensperger က အတၱလႏၱာၿမိဳ႕မွာ ေသာၾကာေန႔ကလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ေျပာသြားပါတယ္။

ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Brian Kemp ကလည္း သူ႔အေနနဲ႔ ဥပေဒအရ ေရြးေကာက္ပြဲရလဒ္ကို တရားဝင္ အတည္ျပဳေပးဖို႔ လိုအပ္တယ္လို႔ ေသာၾကာေန႔ေႏွာင္းပိုင္း သတင္းစာရွင္းလင္းပြဲအတြင္း ေျပာခဲ့ပါတယ္။

ျပည္နယ္အတြင္းဝန္ Raffensperger ဟာ သမၼတ Trump ကုိ အခိုင္အမာ ေထာက္ခံသူျဖစ္ၿပီး "ေဂ်ာ္ဂ်ီယာ ကိုယ္စားလွယ္မဲေတြကို က်ေနာ္တို႔ သမၼတေလာင္း အႏုိင္မရတဲ့အတြက္ တျခား ရီပတ္ဘလီကန္ေတြလိုပဲ က်ေနာ္စိတ္ပ်က္ပါတယ္" လို႔ ေျပာပါတယ္။

ေဂ်ာ္ဂ်ီယာျပည္နယ္မွာ မဲမသမာမႈေတြ ျဖစ္ခဲ့တယ္ဆိုၿပီး သမၼတ Trump က အေထာက္အထားမရွိဘဲ စြပ္စြဲေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

ဂျော်ဂျီယာပြည်နယ် မဲပြန်ရေတွက်မှု Joe Biden ပဲ အနိုင်ရ

အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ဂျော်ဂျီယာပြည်နယ်မှာ ရွေးကောက်ခံ သမ္မတ Joe Biden အနိုင်ရတယ်ဆိုတာ ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့အတူ ရွေးကောက်ပွဲဆိုင်ရာ ပြည်နယ် ထိပ်တန်းတာဝန်ရှိသူတွေက သောကြာနေ့က အတည်ပြုခဲ့ကြပါတယ်။

မဖြစ်မနေလုပ်ရတဲ့ ဆန္ဒမဲတခုချင်းစီကို လက်နဲ့ပြန်ရေတွက်တာ သောကြာနေ့က ပြီးသွားပြီးတဲ့နောက် ရလဒ်ကို အတည်ပြု ထုတ်ပြန်တာပါ။

ကျနော့်ဘဝတသက်တာလုံး အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့တာနဲ့အမျှ ကိန်းဂဏန်းတွေဟာ မလိမ်ညာဘူးဆိုတဲ့ ဆောင်ပုဒ်ကို ကျနော်လက်ကိုင်ထားပါတယ်။ ကျနော်တို့ ဒီကနေ့ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေ မှန်ကန်တယ်ဆိုတာ ပြည်နယ်အတွင်းဝန်အနေနဲ့ ကျနော်ယုံကြည်ပါတယ်လို့ Brad Raffensperger ကပြောပြီး ...

"ကိန်းဂဏန်းတွေဟာ လူထုရဲ့ ဆုံးဖြတ်ချက်ကို ထင်ဟပ်နေပါတယ်။ ပြည်နယ်အတွင်းဝန်ရုံး ဒါမှမဟုတ် တရားရုံးတွေ ဒါမှမဟုတ် မဲဆွယ်စည်းရုံးရေး တဖွဲ့ဖွဲ့က ဆုံးဖြတ်တာမဟုတ်ပါဘူး" လို့ ပြည်နယ်အတွင်းဝန် Brad Raffensperger က အတ္တလန္တာမြို့မှာ သောကြာနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

ပြည်နယ်အုပ်ချုပ်ရေးမှူး Brian Kemp ကလည်း သူ့အနေနဲ့ ဥပဒေအရ ရွေးကောက်ပွဲရလဒ်ကို တရားဝင် အတည်ပြုပေးဖို့ လိုအပ်တယ်လို့ သောကြာနေ့နှောင်းပိုင်း သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။

ပြည်နယ်အတွင်းဝန် Raffensperger ဟာ သမ္မတ Trump ကို အခိုင်အမာ ထောက်ခံသူဖြစ်ပြီး "ဂျော်ဂျီယာ ကိုယ်စားလှယ်မဲတွေကို ကျနော်တို့ သမ္မတလောင်း အနိုင်မရတဲ့အတွက် တခြား ရီပတ်ဘလီကန်တွေလိုပဲ ကျနော်စိတ်ပျက်ပါတယ်" လို့ ပြောပါတယ်။

ဂျော်ဂျီယာပြည်နယ်မှာ မဲမသမာမှုတွေ ဖြစ်ခဲ့တယ်ဆိုပြီး သမ္မတ Trump က အထောက်အထားမရှိဘဲ စွပ်စွဲပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG