သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်နယ်အုပ်ချုပ်ရေးမှူးတချို့နဲ့ Joe Biden အွန်လိုင်းက တွေ့ဆုံ


(Zawgyi/Unicode)

နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ ကြေညာထားတဲ့ ဂျိုးဘိုင်ဒန်ဟာ ကြာသပတေးနေ့မှာ အရေးပါတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ အွန်လိုင်းတွေ့ဆုံမှုတွေလုပ်ပြီး သူ့အစိုးရ အဖွဲ့ အကူးအပြောင်းကာလ အတွက် ဆက်လက်လုပ်နေသလို သမ္မတဒေါ်နယ်ထရမ့်ကတော့ ရွေးကောက်ပွဲရလဒ် ပြောင်းလဲစေဖို့ တရားရေးဆိုင်ရာ ကြိုးပမ်းမှုတွေ ဆက်လုပ်ဆောင်နေတာပါ။

ကျမ်းသစ္စာ ကြိမ်ဆိုရမယ့် ဇန်နဝါရီလ ၂၀ ရောက်ဖို့ ၂ လ ပဲ လိုတော့တဲ့ အချိန်မှာ မစ္စတာဘိုင်ဒန်က သူ့ဌာနေ Delaware ပြည်နယ် Wilmington မြို့ကနေ နယူးရောက်ပြည်နယ်က ဒီမိုကရက်တစ် ပါတီဝင် အုပ်ချုပ်ရေးမှုး Andrew Cuomo နဲ့ Arkansas ပြည်နယ်က ရီပတ်ဘလစ်ကင် ပါတီဝင် အုပ်ချုပ်ရေးမှူး Asa Hutchinson အပါအဝင် တခြားပြည်နယ် ခေါင်းဆောင်တွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံခဲ့ပါတယ်။

အွန်လိုင်းဆွေးနွေးပွဲမှာ သူသမ္မတတာဝန် စတင်ထမ်းဆောင်တဲ့အခါ အမေရိကန်နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတိုးမြင့်နေမှု ထိန်းချုပ်ရေး ဆိုင်ရာ သူ့အစီအစဉ်တွေနဲ့ပတ်သက်ပြီး အဓိကထားဆွေးနွေးဖို့ ရှိသလို သူ့ရဲ့ သမ္မတအိမ်ဖြူ ၄ နှစ်သက်တမ်း မစခင် ဘာတွေ လုပ်ဆောင်နိုင်မယ် ဆိုတာတွေကိုပါ ဆွေးနွေးဖို့ ရှိပါတယ်။

အမေရိကန်နိုင်ငံမှာ တနေ့ကို လူပေါင်း သိန်းနဲ့ ချီကူးစက်မှု ရှိနေပြီး တချို့နေ့တွေမှာ ဆို ၁၈၀,၀၀၀ အထိ အကူးစက်ခံနေရတာပါ။ အခုဆို အမေရိကန်နိုင်ငံမှာ ဒီရောဂါ အကူးစက်ခံရသူက ၂ သိန်းခွဲကျော်နေပြီ ဖြစ်ပါတယ်။

ဒီရောဂါအတွက် ကာကွယ်ဆေးတွေ၊ ဆေးပစ္စည်းတွေနဲ့ပတ်သက်ပြီး ထရမ့်အစိုးရအဖွဲ့ လုပ်ဆောင်ထားတဲ့ အချက်အလက်တွေကို နောက်တာဝန်ယူရမယ့် ဘိုင်ဒန့်အရာရှိတွေဆီ တရားဝင် လွဲပြောင်းပေးရေး စတင်လုပ်ဆောင်ဖို့ ဒါဇင်နဲ့ချီတဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူ တွေက ထရမ့်အစိုးရအဖွဲ့ကို ကြာသပတေးနေ့မှာ တိုက်တွန်းခဲ့ကြပါတယ်။

ဒါပေမယ့် သမ္မတထရမ့်က သူရှုံးနိမ့်ကြောင်း လက်မခံသေးတာကြောင့် မစ္စတာဘိုင်ဒန်ဟာ နိုင်ငံ့လုံခြုံရေးအတွက် အရေးပါတဲ့ တာဝန်ခံအရာရှိတွေနဲ့ပါ တွေ့ဆုံခွင့် မရသေးပါဘူး။

ပြည်နယ်အုပ်ချုပ်ရေးမှူးတချို့နဲ့ Joe Biden အွန်လိုင်းက တွေ့ဆုံ
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်


...............


(Unicode)







XS
SM
MD
LG