သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္အစိုးရအဖြဲ႔သစ္ စီးပြားေရးက႑မွာ ခန္႔ထားမယ့္သူေတြ ဒီေန႔ေၾကညာမယ္


အေမရိကန္ ေ႐ြးေကာက္ခံသမၼတ Joe Biden

[Zawgyi/Unicode]

အေမရိကန္ ေ႐ြးေကာက္ခံသမၼတ Joe Biden နဲ႔ ေရြးေကာက္ခံဒုသမၼတ Kamala Harris တို႔က အစိုးရသစ္မွာ ခန္႔ထားမယ့္ ထိပ္တန္း စီးပြါးေရးအရာရွိေတြကို အဂၤါေန႔မွာ မိတ္ဆက္ေပးဖို႔ရွိပါတယ္။ မစၥတာ ဘုိင္ဒန္နဲ႔ မစၥ Harris တို႔က သူတို႔ေရြးခ်ယ္ထားတဲ့ စီးပြါးေရးအရာရွိေတြရဲ႕ နာမည္စာရင္းကို မေန႔ တနလၤာေန႔က ထုတ္ျပန္ေၾကျငာခဲ့တာပါ။ ဒီထဲမွာ အေမရိကန္သမိုင္း ႏွစ္ေပါင္း ၂၃၁ ႏွစ္အတြင္း ဘ႑ာေရးဝန္ႀကီးဌာနကို ဦးေဆာင္မယ့္ ပထမဆုံး အမ်ိဳးသမီးအျဖစ္ ဗဟိုဘဏ္ဥကၠ႒ေဟာင္း Janet Yellen လည္းပါ၀င္ပါတယ္။

ကို႐ိုနာဗုိင္းရပ္စ္ကပ္ေရာဂါေၾကာင့္ ကမၻာ့အႀကီးဆုံး အေမရိိကန္စီးပြါးေရးရဲ႕ စိန္ေခၚခ်က္ေတြနဲ႔ ဒီအဖြဲြ႔ ခ်က္ခ်င္း ရင္ဆုိင္ၾကရေတာ့မွာပါ။ ၀ါရွင္တန္အေျခစိုက္ မူဝါဒေရးရာအဖြဲ႕ Center for American Progress ရဲ႕ လက္ရွိ အႀကီးအကဲ Neera Tanden ကို ေတာ့ အစိုးရရဲ႕ စီမံခန႔္ခြဲေရးနဲ႔ ဘ႑ာေရး႐ုံး ၫႊန္ၾကားေရးမွဴးအျဖစ္ ေ႐ြးခ်ယ္ထားပါတယ္။

ဒါကို အထက္လႊတ္ေတာ္က အတည္ျပဳရင္ေတာ့ Tanden ဟာ ဒီဌာနကို ဦးေဆာင္မယ့္ လူျဖဴ မဟုတ္တဲ့ ပထမဆုံးေတာင္အာရွအႏြယ္ အမ်ိဳးသမီးတဦး ျဖစ္လာမွာပါ။ Janet Yellen ရဲ ႔ လက္ေထာက္အျဖစ္ ဒုတိယဘ႑ာေရး ဝန္ႀကီး ေနရာမွာေရြးခ်ယ္ထားတဲ့ စီးပြားေရး မူဝါဒဆိုင္ရာ အရာရွိ Wally Adeyemo ကေတာ့ ဘ႑ာေရး ဝန္ႀကီးဌာနရဲ႕ ဒုတိယ အဆင့္ျမင့္ဆုံး တာဝန္ကို ရယူမယ့္ ပထမဆုံး အာဖရိကန္ အေမရိကန္ ျဖစ္လာမွာျဖစ္ပါတယ္။

အိမ္ျဖဴေတာ္ စီးပြားေရး အၾကံေပး ေကာင္စီ အႀကီးအကဲ ေနရာကိုေတာ့ Princeton တကၠသိုလ္ အမ်ားျပည္သူနဲ႔ ႏိုင္ငံတကာ ဆက္ဆံေရးဌာန ဌာနမွဴးလည္းျဖစ္၊ လုပ္သားေရးရာ စီးပြားေရးပညာရွင္လည္းျဖစ္တဲ့ Cecilia Rouse ကိုလည္း ေ႐ြးခ်ယ္ထားျပီး သူကေတာ့ ဒီရာထူးကို လက္ခံရယူမယ့္ ပထမဆုံး လူမည္း ျဖစ္လာမယ့္အျပင္ ဒီေနရာကိုထမ္းေဆာင္တဲ့ စတုတၳေျမာက္ အမ်ိဳးသမီး ျဖစ္လာမွာပါ။ စီးပြားေရးပညာရွင္ေတြ ျဖစ္တဲ့ Jared Bernstein နဲ႔ Heather Boushey တို႔ကိုလည္း စီးပြားေရးေကာင္စီ အဖြဲ႕ဝင္ေတြအျဖစ္ မစၥတာဘိုင္ဒန္က ေ႐ြးခ်ယ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကန်အစိုးရအဖွဲ့သစ် စီးပွားရေးကဏ္ဍမှာ ခန့်ထားမယ့်သူတွေ ဒီနေ့ကြေညာမယ်

အမေရိကန် ရွေးကောက်ခံသမ္မတ Joe Biden နဲ့ ရွေးကောက်ခံဒုသမ္မတ Kamala Harris တို့က အစိုးရသစ်မှာ ခန့်ထားမယ့် ထိပ်တန်း စီးပွါးရေးအရာရှိတွေကို အင်္ဂါနေ့မှာ မိတ်ဆက်ပေးဖို့ရှိပါတယ်။ မစ္စတာ ဘိုင်ဒန်နဲ့ မစ္စ Harris တို့က သူတို့ရွေးချယ်ထားတဲ့ စီးပွါးရေးအရာရှိတွေရဲ့ နာမည်စာရင်းကို မနေ့ တနင်္လာနေ့က ထုတ်ပြန်ကြေငြာခဲ့တာပါ။ ဒီထဲမှာ အမေရိကန်သမိုင်း နှစ်ပေါင်း ၂၃၁ နှစ်အတွင်း ဘဏ္ဍာရေးဝန်ကြီးဌာနကို ဦးဆောင်မယ့် ပထမဆုံး အမျိုးသမီးအဖြစ် ဗဟိုဘဏ်ဥက္ကဋ္ဌဟောင်း Janet Yellen လည်းပါဝင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကမ္ဘာ့အကြီးဆုံး အမေရိကန်စီးပွါးရေးရဲ့ စိန်ခေါ်ချက်တွေနဲ့ ဒီအဖွဲ့ ချက်ချင်း ရင်ဆိုင်ကြရတော့မှာပါ။ ဝါရှင်တန်အခြေစိုက် မူဝါဒရေးရာအဖွဲ့ Center for American Progress ရဲ့ လက်ရှိ အကြီးအကဲ Neera Tanden ကို တော့ အစိုးရရဲ့ စီမံခန့်ခွဲရေးနဲ့ ဘဏ္ဍာရေးရုံး ညွှန်ကြားရေးမှူးအဖြစ် ရွေးချယ်ထားပါတယ်။

ဒါကို အထက်လွှတ်တော်က အတည်ပြုရင်တော့ Tanden ဟာ ဒီဌာနကို ဦးဆောင်မယ့် လူဖြူ မဟုတ်တဲ့ ပထမဆုံးတောင်အာရှအနွယ် အမျိုးသမီးတဦး ဖြစ်လာမှာပါ။ Janet Yellen ရဲ့ လက်ထောက်အဖြစ် ဒုတိယဘဏ္ဍာရေး ဝန်ကြီး နေရာမှာရွေးချယ်ထားတဲ့ စီးပွားရေး မူဝါဒဆိုင်ရာ အရာရှိ Wally Adeyemo ကတော့ ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ဒုတိယ အဆင့်မြင့်ဆုံး တာဝန်ကို ရယူမယ့် ပထမဆုံး အာဖရိကန် အမေရိကန် ဖြစ်လာမှာဖြစ်ပါတယ်။

အိမ်ဖြူတော် စီးပွားရေး အကြံပေး ကောင်စီ အကြီးအကဲ နေရာကိုတော့ Princeton တက္ကသိုလ် အများပြည်သူနဲ့ နိုင်ငံတကာ ဆက်ဆံရေးဌာန ဌာနမှူးလည်းဖြစ်၊ လုပ်သားရေးရာ စီးပွားရေးပညာရှင်လည်းဖြစ်တဲ့ Cecilia Rouse ကိုလည်း ရွေးချယ်ထားပြီး သူကတော့ ဒီရာထူးကို လက်ခံရယူမယ့် ပထမဆုံး လူမည်း ဖြစ်လာမယ့်အပြင် ဒီနေရာကိုထမ်းဆောင်တဲ့ စတုတ္ထမြောက် အမျိုးသမီး ဖြစ်လာမှာပါ။ စီးပွားရေးပညာရှင်တွေ ဖြစ်တဲ့ Jared Bernstein နဲ့ Heather Boushey တို့ကိုလည်း စီးပွားရေးကောင်စီ အဖွဲ့ဝင်တွေအဖြစ် မစ္စတာဘိုင်ဒန်က ရွေးချယ်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG