(Zawgyi/Unicode)
အေမရိကန္နဲ႔ တရုတ္ႏုိင္ငံအၾကား ကမၻာ့ၿငိမ္းခ်မ္းေရးနဲ႔ ဖြံ႔ၿဖိဳးမႈ စတဲ့ ျမင့္ျမတ္တဲ့အေျခအေနေတြ လုပ္ေဆာင္သင့္ေၾကာင္း အေမရိကန္သမၼတ ေရြးေကာက္ပြဲမွာ အႏုိင္ရခဲ့တဲ့ Joe Biden ကုိ ဗုဒၶဟူးေန႔က ခ်ီးက်ဴး ဂုဏ္ျပဳေၾကာင္း ေျပာၾကားတဲ့အထဲ သမၼတ ရွီက်င့္ဖ်င္က ထည့္သြင္း ေျပာၾကားခဲ့တယ္လုိ႔ တရုတ္ႏုိင္ငံျခားေရး၀န္ႀကီးဌာန ေျပာခြင့္ရ Zhao Lijian က ၾကာသပေတးေန႔မွာ ျပဳလုပ္တဲ့ ပုံမွန္ သတင္းစာရွင္းလင္းပြဲအတြင္း ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။
“တရုတ္ႏုိင္ငံဟာ အေမရိကန္ျပည္ေထာင္စုနဲ႔ ပဋိပကၡမျဖစ္ေရး၊ ထိပ္တုိက္ ရင္ဆုိင္မႈေတြ မျဖစ္ေရး၊ အျပန္အလွန္ ေလးစားသမႈျပဳေရးနဲ႔ ႏွစ္ဦး ႏွစ္ဘက္ ေအာင္ျမင္မႈေတြရႏုိင္မယ့္ ပူးေပါင္းေဆာင္ရြက္မႈေတြအျပင္ ဆက္သြယ္ေရး ေကာင္းမြန္ေအာင္ လုပ္ေဆာင္တာနဲ႔ မတူကြဲျပားမႈေတြကုိ ထိန္းခ်ဳပ္ၿပီး တရုတ္-အေမရိကန္ အၾကား အားေကာင္းၿပီး တည္ၿငိမ္တဲ့ ဆက္ဆံေရးမ်ဳိးျဖစ္ဖုိ႔ လုိလားပါတယ္” လုိ႔ ေျပာသြားတာပါ။
အေမရိကန္သမၼတ ေရြးေကာက္ပြဲမွာ အႏုိင္ရခဲ့တဲ့ Joe Biden ကုိ တရုတ္သမၼတ ရွီက်င့္ဖ်င္က ဗုဒၶဟူးေန႔မွာ ခ်ီးက်ဴး ဂုဏ္ျပဳေၾကာင္း တရုတ္ ႏုိင္ငံပုိင္ သတင္းမီဒီယာေတြမွာ ေဖာ္ျပခဲ့ၾကပါတယ္။
ႏုိ၀င္ဘာ ၃ ရက္ေန႔မွာ က်င္းပတဲ့ ေရြးေကာက္ပြဲ Joe Biden အႏုိင္ရလုိက္တဲ့အေပၚ ကမၻာ့ေခါင္းေဆာင္ေတြက ခ်ီးက်ဴး ဂုဏ္ျပဳစကားေတြ ေျပာၾကားအၿပီး သီတင္း ၂ ပတ္ေလာက္အၾကာမွ သမၼတက အခုလုိ ခ်ီးက်ဴးစကား ေျပာၾကားခဲ့တာပါ။
ကုန္သြယ္ေရးစစ္ပြဲ၊ သူလွ်ဳိလုပ္တယ္ဆုိတဲ့ အျပန္အလွန္စြပ္စြဲမႈေတြ၊ လူ႔အခြင့္အေရး၊ သတင္းမီဒီယာ လြတ္လပ္ခြင့္နဲ႔ နည္းပညာပုိင္းဆုိင္ရာ ၿပိဳင္ဆုိင္မႈ စတဲ့ကိစၥရပ္ေတြအပါအ၀င္ အျပန္အလွန္ စြပ္စြဲေျပာဆုိမႈေတြ ရွိခဲ့တာေၾကာင့္ လြန္ခဲ့တဲ့ လအနည္းငယ္အတြင္း ႏွစ္ႏုိင္ငံ ဆက္ဆံေရးဟာ အနိမ့္ဆုံးအဆင့္ကုိ ေရာက္ခဲ့တာပါ။
တရုတ္ႏုိင္ငံ၊ ၀ူဟန္ၿမိဳ႕မွာ စတင္ျဖစ္ပြားတဲ့ ကုိရုိနာဗုိင္းရပ္စ္ ကိစၥနဲ႔ပတ္သက္လုိ႔ တရုတ္ဘက္က အေစာပုိင္းမွာ ပြင့္လင္း ျမင္သာမႈ မရွိခဲ့ဘူးဆုိၿပီး အေမရိကန္က ေ၀ဖန္ ေျပာဆုိမႈေတြ လုပ္ခဲ့သလုိ ဒီ ကပ္ေရာဂါနဲ႔ပတ္သက္လုိ႔ တဦးရဲ႕ကုိင္တြယ္ပုံအေပၚ တဦးက အႀကိမ္ႀကိမ္ ေ၀ဖန္ေျပာဆုိမႈေတြ ရွိခဲ့ပါတယ္။
...............
Joe Biden အစိုးရနဲ့လက်တွဲပြီး ငြိမ်းချမ်းဖွံ့ဖြိုးရေး ဆောင်ရွက်ဖို့ တရုတ်သမ္မတ မျှော်လင့်
(Unicode)
အမေရိကန်နဲ့ တရုတ်နိုင်ငံအကြား ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးမှု စတဲ့ မြင့်မြတ်တဲ့အခြေအနေတွေ လုပ်ဆောင်သင့်ကြောင်း အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Joe Biden ကို ဗုဒ္ဓဟူးနေ့က ချီးကျူး ဂုဏ်ပြုကြောင်း ပြောကြားတဲ့အထဲ သမ္မတ ရှီကျင့်ဖျင်က ထည့်သွင်း ပြောကြားခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Zhao Lijian က ကြာသပတေးနေ့မှာ ပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
“တရုတ်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုနဲ့ ပဋိပက္ခမဖြစ်ရေး၊ ထိပ်တိုက် ရင်ဆိုင်မှုတွေ မဖြစ်ရေး၊ အပြန်အလှန် လေးစားသမှုပြုရေးနဲ့ နှစ်ဦး နှစ်ဘက် အောင်မြင်မှုတွေရနိုင်မယ့် ပူးပေါင်းဆောင်ရွက်မှုတွေအပြင် ဆက်သွယ်ရေး ကောင်းမွန်အောင် လုပ်ဆောင်တာနဲ့ မတူကွဲပြားမှုတွေကို ထိန်းချုပ်ပြီး တရုတ်-အမေရိကန် အကြား အားကောင်းပြီး တည်ငြိမ်တဲ့ ဆက်ဆံရေးမျိုးဖြစ်ဖို့ လိုလားပါတယ်” လို့ ပြောသွားတာပါ။
အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Joe Biden ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ဗုဒ္ဓဟူးနေ့မှာ ချီးကျူး ဂုဏ်ပြုကြောင်း တရုတ် နိုင်ငံပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။
နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပတဲ့ ရွေးကောက်ပွဲ Joe Biden အနိုင်ရလိုက်တဲ့အပေါ် ကမ္ဘာ့ခေါင်းဆောင်တွေက ချီးကျူး ဂုဏ်ပြုစကားတွေ ပြောကြားအပြီး သီတင်း ၂ ပတ်လောက်အကြာမှ သမ္မတက အခုလို ချီးကျူးစကား ပြောကြားခဲ့တာပါ။
ကုန်သွယ်ရေးစစ်ပွဲ၊ သူလျှိုလုပ်တယ်ဆိုတဲ့ အပြန်အလှန်စွပ်စွဲမှုတွေ၊ လူ့အခွင့်အရေး၊ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ နည်းပညာပိုင်းဆိုင်ရာ ပြိုင်ဆိုင်မှု စတဲ့ကိစ္စရပ်တွေအပါအဝင် အပြန်အလှန် စွပ်စွဲပြောဆိုမှုတွေ ရှိခဲ့တာကြောင့် လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေးဟာ အနိမ့်ဆုံးအဆင့်ကို ရောက်ခဲ့တာပါ။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကိစ္စနဲ့ပတ်သက်လို့ တရုတ်ဘက်က အစောပိုင်းမှာ ပွင့်လင်း မြင်သာမှု မရှိခဲ့ဘူးဆိုပြီး အမေရိကန်က ဝေဖန် ပြောဆိုမှုတွေ လုပ်ခဲ့သလို ဒီ ကပ်ရောဂါနဲ့ပတ်သက်လို့ တဦးရဲ့ကိုင်တွယ်ပုံအပေါ် တဦးက အကြိမ်ကြိမ် ဝေဖန်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။