သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Joe Biden အောင်ပွဲ တရုတ်သမ္မတ ချီးကျူးဂုဏ်ပြု


မှတ်တမ်းဓါတ်ပုံ -၂၀၁၃ ဒီဇင်ဘာလ ၄ ရက်နေ့က Joe Biden နှင့် တရုတ်သမ္မတ Xi Jinping တို့ တွေ့ဆုံစဉ်
မှတ်တမ်းဓါတ်ပုံ -၂၀၁၃ ဒီဇင်ဘာလ ၄ ရက်နေ့က Joe Biden နှင့် တရုတ်သမ္မတ Xi Jinping တို့ တွေ့ဆုံစဉ်

(Zawgyi/Unicode)

နိုဝင်ဘာ ၃ ရက်နေ့ ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာအတွက် ရွေးကောက်ခံသမ္မတ Joe Biden ကို တရုတ်သမ္မတ Xi Jinping က ဗုဒ္ဓဟူးနေ့မှာ ချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။

နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်မိကြောင်း သမ္မတXi က ပြောတာလို့ ဆင်ဟွာသတင်းမှာ ဖေါ်ပြပါတယ်။ Donald Trump သမ္မတဖြစ်လာချိန်ကစလို့ အမေရိကန်-တရုတ်ကြား ကုန်သွယ်ရေး၊ ကိုဗစ်ရောဂါ၊ နည်းပညာ စတဲ့ အငြင်းပွားဖွယ် အကြောင်းတွေကြောင့် ဆက်ဆံရေး သိသိသာသာ တင်းမာခဲ့တာပါ ။

တည်ငြိမ် အားကောင်းတဲ့ တရုတ်-အမေရိကန် ဆက်ဆံရေးကို တည်ဆောက်ခြင်းဟာ နှစ်နိုင်ငံ ပြည်သူတွေရဲ့ အခြေခံ အကျိုးစီးပွားကို ဖြည့်ဆည်းရာ ရောက်သလို၊ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဘုံ ရည်မှန်းချက်တွေကိုလည်း ပြည့်မီရာ ရောက်စေတယ်လို့ သမ္မတ Xi ရဲ့ စကားကို ကိုးကားပြီး ဆင်ဟွာက ရေးပါတယ်။

ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေး အင်အားကြီးနိုင်ငံ ၂ ခုက မတူကွဲပြားမှုတွေကို အတူတကွ လက်တွဲ ဆောင်ရွက် သွားနိုင်မယ်လို့ မျှော်လင့်မိကြောင်းလည်း တရုတ်သမ္မတ Xi က ပြောပါတယ်။

အမေရိကန် ရွေးကောက်ပွဲအပြီး ၁၀ ရက်အကြာမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက Joe Biden ကို ဂုဏ်ပြုကြောင်း ပြောဆိုခဲ့တာပါ။ တရုတ် ဒုသမ္မတ Wang Qishan ကလည်း အမေရိကန် ရွေးကောက်ခံ ဒုသမ္မတ Kamala Harris ကို ဝမ်းမြောက် ဂုဏ်ပြုကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြောဆိုခဲ့တယ်ပါတယ်။

၂၀၁၆ မှာ သမ္မတ ထရမ့် ရွေးကောက်ပွဲ နိုင်ပြီး နောက်တရက်မှာပဲ တရုတ်သမ္မတ Xi က ဝမ်းမြောက်ချီးကျူးကြောင်း ပြောဆိုခဲ့ပါတယ်။

Joe Biden အောင်ပွဲ တရုတ်သမ္မတ ချီးကျူးဂုဏ်ပြု
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်


...........

Joe Biden အောငျပှဲ တရုတျသမ်မတ ခြီးကြူးဂုဏျပွု

(Unicode)

နိုဝငျဘာ ၃ ရကျနေ့ ကငြျးပခဲ့တဲ့ အမရေိကနျသမ်မတ ရှေးကောကျပှဲမှာ အနိုငျရခဲ့တာအတှကျ ရှေးကောကျခံသမ်မတ Joe Biden ကို တရုတျသမ်မတ Xi Jinping က ဗုဒ်ဓဟူးနေ့မှာ ခြီးကြူး ဂုဏျပွုလိုကျပါတယျ။






XS
SM
MD
LG