သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖေ့စ်ဘုတ်ကုမ္ပဏီ တောင်ကိုရီးယားမှာ ဒဏ်ငွေ ဒေါ်လာ ၆ သန်းကျော်ချမှတ်ခံရ


Facebook logo တံဆိပ်။
Facebook logo တံဆိပ်။

[Zawgyi/Unicode]

လူပုဂ္ဂိုလ်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကာကွယ်ပေးတဲ့ တောင်ကိုရီးယား အေဂျင်စီတခုက ဖေ့စ်ဘုတ်ကုမ္ပဏီကို ဗုဒ္ဓဟူးနေ့မှာ ဒေါ်လာ ၆.၀၆ သန်း ဒဏ်ငွေတပ်လိုက်ပါတယ်။ သုံးစွဲသူတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို ကာယကံရှင်ရဲ့ ခွင့်ပြုချက်မရဘဲ အခြားသူတွေကို ပေးအပ်မှုနဲ့လည်း ဖေ့စ်ဘုတ်ကို ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးဖို့ လုပ်ကိုင်နေပါတယ်။

ဖေ့စ်ဘုတ်သုံးစွဲသူ ၁၈ သန်းထဲက ၃.၃ သန်းတို့ရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို ၂၀၁၂ ခုနှစ်မေလနဲ့ ၂၀၁၈ ဇွန်လကြား အခြားလုပ်ငန်းတွေကို ပေးအပ်ခဲ့တဲ့ သက်သေအထောက်အထားတွေကို တောင်ကိုရီးယားမှာ ဒီနှစ်သြဂုတ်လအတွင်း ဖွဲ့စည်းလိုက်တဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်ကာကွယ်ရေးကော်မရှင်က တွေ့ရှိခဲ့တာကြောင့် ဖေ့စ်ဘုတ်ကို ခုလိုငွေဒဏ်တပ်တာဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့တာပါ။

ဖေ့စ်ဘုတ်အကောင့်နဲ့ အခြား အင်တာနက်စာမျက်နှာတခုကို ဝင်သုံးလိုက်တာနဲ့ ဖေ့စ်ဘုတ်ပေါ်ကသူ့ရဲ့မိတ်ဆွေ သူငယ်ချင်းတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အဲဒီဘက်က ရသွားတယ်လို့ ကော်မရှင်ကပြောပါတယ်။ ဒဏ်ကြေးတပ်ခံထားရတဲ့ Facebook Ireland Ltd. ကို ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးသွားမယ်လို့လည်းပြောပါတယ်။

တောင်ကိုရီးယား ဖေ့စ်ဘုတ်ကုမ္ပဏီပြောခွင့်ရသူကတော့ စုံစမ်းစစ်ဆေးမှုမှာ အတတ်နိုင်ဆုံးပူးပေါင်းပါဝင်နေသလို ဒီကိစ္စကို ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုလုပ်နေတာကိုတော့ စိတ်မကောင်းဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ ကော်မရှင်ရဲ့အသေးစိတ်ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ဖေ့စ်ဘုတ်က အပြည့်အဝသုံးသပ်မှုရှိ၊ မရှိဆိုတဲ့ ကိစ္စကိုတော့ မှတ်ချက်ပေးပြောဆိုထားတာမျိုး မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG