သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္ကိုရီးယား တာဝန္ရွိသူတဦး အသတ္ခံရမႈ ႏွစ္ႏုိင္ငံ ပူးတြဲစစ္ေဆးဖို႔ ေတာင္းဆို


ေတာင္-ေျမာက္ ကုိရီးယားႏွစ္ႏုိင္ငံနယ္စပ္ အနီး ေစာင့္ၾကပ္ေနသည့္ ေျမာက္ကုိရီးယားစစ္သားမ်ား။ (စက္တင္ဘာ ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

ေတာင္ကိုရီးယား ငါးဖမ္းလုပ္ငန္းဌာနရဲ႕ တာဝန္ရွိသူတဦး ေသနတ္နဲ႔ ပစ္သတ္ခံလိုက္ရတာနဲ႔ ပတ္သက္ၿပီး ေျမာက္ကိုရီးယားႏုိင္ငံ အေနနဲ႔ ေနာက္ထပ္ စုံစမ္းစစ္ေဆးမႈေတြ လုပ္ဖို႔နဲ႔ ႏွစ္ႏုိင္ငံ ပူးတဲြစုံစမ္းစစ္ေဆးမႈေတြလုပ္ဖို႔ ေတာင္ကိုရီးယားႏုိင္ငံဘက္က ဒီေန႔မွာ ေတာင္းဆိုလိုက္ပါတယ္။

ေျမာက္ကိုရီးယားႏုိင္ငံအေနနဲ႔ ေနာက္ထပ္ စုံစမ္းစစ္ေဆးမႈေတြ လုပ္ဖို႔နဲ႔ လိုအပ္ရင္ ပူးတဲြစုံစမ္းစစ္ေဆးမႈေတြလုပ္ဖို႔ က်ေနာ္တုိ႔ ေတာင္းဆုိတယ္လို႔ ေတာင္ကိုရီးယား သမၼတ႐ုံးရဲ႕ ေၾကညာခ်က္မွာ ေျပာထားပါတယ္။ ေတာင္ကိုရီးယား အမ်ိဳးသားလုံၿခဳံေရး အစည္းအေဝးကို ေသာၾကာေန႔က ျပဳလုပ္ၿပီးတဲ့ေနာက္ အဲဒီလို ေျပာၾကားလိုက္တာပါ။

ဒီပစ္ခတ္မႈနဲ႔ပတ္သက္ၿပီး ေျမာက္ကိုရီးယားႏုိင္ငံဘက္က ေျဖရွင္းခ်က္ေတြမွာ ကြာဟမႈေတြ ရွိေနတာေၾကာင့္ ေတာင္ကိုရီးယားဘက္ကလည္း သူတုိ႔ရဲ႕ စုံစမ္းစစ္ေဆးမႈေတြကို ဆက္လုပ္သြားမယ္လို႔ ေၾကညာခ်က္မွာ ေျပာထားပါတယ္။

ႏွစ္ႏုိင္ငံၾကား အျငင္းပြားေနတဲ့ ပင္လယ္ေရပိုင္နက္မ်ဥ္းနားမွာ ျဖစ္ခဲ့တဲ့ ဒီပစ္ခတ္မႈနဲ႔ ပတ္သက္ၿပီး ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Un က ရွားရွားပါးပါး တရားဝင္ ေတာင္းပန္ခဲ့ပါတယ္။

ေတာင္ကိုရီးယားရဲ႕ အဓိက အတုိက္အခံ ႏုိင္ငံေရးပါတီကေတာ့ ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Un ဟာ အမွန္တကယ္ ေတာင္းပန္တာ မဟုတ္ေၾကာင္း၊ ေတာင္ကိုရီးယားအစိုးရ အေနနဲ႔ ဒီကိစၥနဲ႔ပတ္သက္ၿပီး ႏုိင္ငံတကာ ရာဇဝတ္တရား႐ုံးနဲ႔ ကုလသမဂၢ လုံၿခဳံေရးေကာင္စီတုိ႔ကို တင္သင့္တယ္လို႔ ေျပာလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

တောင်ကိုရီးယား တာဝန်ရှိသူတဦး အသတ်ခံရမှု နှစ်နိုင်ငံ ပူးတွဲစစ်ဆေးဖို့ တောင်းဆို

တောင်ကိုရီးယား ငါးဖမ်းလုပ်ငန်းဌာနရဲ့ တာဝန်ရှိသူတဦး သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတာနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့နဲ့ နှစ်နိုင်ငံ ပူးတွဲစုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ တောင်ကိုရီးယားနိုင်ငံဘက်က ဒီနေ့မှာ တောင်းဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့နဲ့ လိုအပ်ရင် ပူးတွဲစုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ကျနော်တို့ တောင်းဆိုတယ်လို့ တောင်ကိုရီးယား သမ္မတရုံးရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။ တောင်ကိုရီးယား အမျိုးသားလုံခြုံရေး အစည်းအဝေးကို သောကြာနေ့က ပြုလုပ်ပြီးတဲ့နောက် အဲဒီလို ပြောကြားလိုက်တာပါ။

ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံဘက်က ဖြေရှင်းချက်တွေမှာ ကွာဟမှုတွေ ရှိနေတာကြောင့် တောင်ကိုရီးယားဘက်ကလည်း သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လုပ်သွားမယ်လို့ ကြေညာချက်မှာ ပြောထားပါတယ်။

နှစ်နိုင်ငံကြား အငြင်းပွားနေတဲ့ ပင်လယ်ရေပိုင်နက်မျဉ်းနားမှာ ဖြစ်ခဲ့တဲ့ ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ရှားရှားပါးပါး တရားဝင် တောင်းပန်ခဲ့ပါတယ်။

တောင်ကိုရီးယားရဲ့ အဓိက အတိုက်အခံ နိုင်ငံရေးပါတီကတော့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဟာ အမှန်တကယ် တောင်းပန်တာ မဟုတ်ကြောင်း၊ တောင်ကိုရီးယားအစိုးရ အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်တရားရုံးနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတို့ကို တင်သင့်တယ်လို့ ပြောလိုက်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG