သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္ကိုရီးယားအရာရွိတဦး အသတ္ခံရမႈ Kim Jong-un ေတာင္းပန္


ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္မ္ဂ်ဳံအြန္း

[Zawgyi/Unicode]

ေတာင္ကိုရီးယားႏုိင္ငံရဲ ႔ အရပ္ဘက္အရာ႐ွိ တေယာက္ကို သတ္ျဖတ္ခဲ့တဲ့ကိစၥနဲ႔ ပတ္သက္ၿပီး ေျမာက္ကိုရီးယားႏုိင္ငံ ေခါင္းေဆာင္က ေသာၾကာေန႔မွာ ေတာင္းပန္လိုက္ပါတယ္။ အဲဒီျဖစ္ရပ္ဟာ ေမ ွ်ာ္လင့္မထားတဲ့ စိတ္မေကာင္းစရာကိစၥျဖစ္ၿပီး ေတာင္ကိုရီးယားႏိုင္ငံသားေတြနဲ႔ သမၼတ Moon Jae-in တို႔ စိတ္အေႏွာင့္အယွက္ျဖစ္ခဲ့ရတဲ့အေပၚ ေတာင္းပန္ပါတယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္မ္ဂ်ဳံအြန္းက ေျပာဆိုေၾကာင္း ေတာင္ကိုရီးယားအစိုးရပိုင္ Yonhap သတင္းေအဂ်င္စီကေျပာပါတယ္။ ဒီကိစၥကို ေျမာက္ကိုရီးယားဘက္က ခ်ဥ္းကပ္ပုံဟာ လံုးဝကို ထူးျခားပါတယ္။

ဘယ္လိုကိစၥမ်ိဳးမွာ မဆို ေျမာက္ကိုရီးယားေခါင္းေဆာင္ ဘယ္သူကမွ ေတာင္ကိုရီးယားကို ေတာင္းပန္တာမ်ိဳး အရင္တုန္းက မရွိခဲ့ဖူးပါဘူး။ တနလၤာေန႔ကတည္းက ေပ်ာက္ဆုံးေနတဲ့ အသက္ ၄၇ ႏွစ္အရြယ္ ေတာင္ကိုရီးယား ငါးဖမ္းလုပ္ငန္း အရာရွိတဦးကို ေျမာက္ကိုရီးယားက သူ႔ေရျပင္နယ္နိမိတ္ထဲမွာ ေမးျမန္းစစ္ေဆးၿပီး ေသနတ္နဲ႔ ပစ္သတ္ၿပီးမွ အေလာင္းကို မီး႐ိႈ ႔ဖ်က္ဆီးပစ္ခဲ့တယ္လို႔ ေတာင္ကိုရီးယား စစ္ဘက္က ၾကာသပေတးေန႔မွာ ေျပာဆိုခဲ့တာပါ။

အဲဒီလူ ေသနတ္နဲ႔ပစ္ခံရတဲ့အေၾကာင္းရင္းကိုေတာ့ မသိရဘူးလို႔လည္း ေျပာပါတယ္။ ေတာင္ကိုရီးယား ပူးတြဲစစ္ဦးစီးခ်ဳပ္မ်ားအဖြဲ႔က ဒုတိယဗိုလ္ခ်ဳပ္ႀကီး Ahn Young-ho က ေတာင္ကိုရီးယား စစ္ဘက္အေနနဲ ဒီလို ရက္စက္တဲ့ လုပ္ရပ္အေပၚ အျပင္းအထန္ ျပစ္တင္႐ႈတ္ခ်ၿပီး ဒီျဖစ္ရပ္အတြက္ ရွင္းလင္းခ်က္ေပးဖို႔နဲ႔ တာဝန္ရွိသူေတြကို အျပစ္ေပးဖို႔ ေျမာက္ကိုရီးယားကို အခို္င္အမာ တိုက္တြန္းေၾကာင္း ၾကာသပေတးေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့ပါတယ္။ အဲဒီလူဟာ ကင္းလွည့္ေမာ္ေတာ္ေပၚကေန ေပ်ာက္ဆုံးသြားတာျဖစ္ၿပီး ေျမာက္ကိုရီးယားဘက္ကို ထြက္ေျပးတိမ္းေရွာင္ဖို႔ ႀကိဳးစားခဲ့ပုံရတယ္လို႔လည္း ေတာင္ကိုရီးယား စစ္တပ္ကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တောင်ကိုရီးယားအရာရှိတဦး အသတ်ခံရမှု Kim Jong-un တောင်းပန်

တောင်ကိုရီးယားနိုင်ငံရဲ့ အရပ်ဘက်အရာရှိ တယောက်ကို သတ်ဖြတ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်က သောကြာနေ့မှာ တောင်းပန်လိုက်ပါတယ်။ အဲဒီဖြစ်ရပ်ဟာ မေ ျှာ်လင့်မထားတဲ့ စိတ်မကောင်းစရာကိစ္စဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံသားတွေနဲ့ သမ္မတ Moon Jae-in တို့ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတဲ့အပေါ် တောင်းပန်ပါတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းက ပြောဆိုကြောင်း တောင်ကိုရီးယားအစိုးရပိုင် Yonhap သတင်းအေဂျင်စီကပြောပါတယ်။ ဒီကိစ္စကို မြောက်ကိုရီးယားဘက်က ချဉ်းကပ်ပုံဟာ လုံးဝကို ထူးခြားပါတယ်။

ဘယ်လိုကိစ္စမျိုးမှာ မဆို မြောက်ကိုရီးယားခေါင်းဆောင် ဘယ်သူကမှ တောင်ကိုရီးယားကို တောင်းပန်တာမျိုး အရင်တုန်းက မရှိခဲ့ဖူးပါဘူး။ တနင်္လာနေ့ကတည်းက ပျောက်ဆုံးနေတဲ့ အသက် ၄၇ နှစ်အရွယ် တောင်ကိုရီးယား ငါးဖမ်းလုပ်ငန်း အရာရှိတဦးကို မြောက်ကိုရီးယားက သူ့ရေပြင်နယ်နိမိတ်ထဲမှာ မေးမြန်းစစ်ဆေးပြီး သေနတ်နဲ့ ပစ်သတ်ပြီးမှ အလောင်းကို မီးရှို့ဖျက်ဆီးပစ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်ဘက်က ကြာသပတေးနေ့မှာ ပြောဆိုခဲ့တာပါ။

အဲဒီလူ သေနတ်နဲ့ပစ်ခံရတဲ့အကြောင်းရင်းကိုတော့ မသိရဘူးလို့လည်း ပြောပါတယ်။ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ဒုတိယဗိုလ်ချုပ်ကြီး Ahn Young-ho က တောင်ကိုရီးယား စစ်ဘက်အနေနဲ ဒီလို ရက်စက်တဲ့ လုပ်ရပ်အပေါ် အပြင်းအထန် ပြစ်တင်ရှုတ်ချပြီး ဒီဖြစ်ရပ်အတွက် ရှင်းလင်းချက်ပေးဖို့နဲ့ တာဝန်ရှိသူတွေကို အပြစ်ပေးဖို့ မြောက်ကိုရီးယားကို အခိုင်အမာ တိုက်တွန်းကြောင်း ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ အဲဒီလူဟာ ကင်းလှည့်မော်တော်ပေါ်ကနေ ပျောက်ဆုံးသွားတာဖြစ်ပြီး မြောက်ကိုရီးယားဘက်ကို ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးစားခဲ့ပုံရတယ်လို့လည်း တောင်ကိုရီးယား စစ်တပ်ကပြောပါတယ်။

XS
SM
MD
LG