သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္ကိုရီးယား အရပ္သားအရာရွိတဦး ေျမာက္ကိုရီးယား ပစ္သတ္


ေတာင္-ေျမာက္ ကုိရီးယားနယ္စပ္မွာ ေစာင့္ၾကပ္ေနတဲ့ ေျမာက္ကုိရီးယားစစ္သားအခ်ဳိ႕။ (စက္တင္ဘာ ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

ေတာင္ကိုရီးယား အရပ္သားအရာရွိတဦးကို ေျမာက္ကိုရီးယားက ပစ္သတ္ၿပီး ခ်က္ခ်င္း မီးသၿဂႋဳဟ္လိုက္တယ္လုိ႔ ေတာင္ကိုရီးယားစစ္ဘက္က ဒီကေန႔ေျပာပါတယ္။

"ဒီလို ရက္စက္တဲ့ လုပ္ရပ္အေပၚ က်ေနာ္တို႔စစ္ဘက္အေနနဲ႔ အျပင္းအထန္ ျပစ္တင္႐ႈတ္ခ်ၿပီး ဒီျဖစ္ရပ္အတြက္ ရွင္းလင္းခ်က္ေပးဖို႔နဲ႔ တာဝန္ရွိသူေတြကို အျပစ္ေပးဖို႔ ေျမာက္ကိုရီးယားကို အခို္င္အမာ တိုက္တြန္းပါတယ္။ ဒီျဖစ္ရပ္အတြက္ ေျမာက္ကိုရီးယားမွာ လံုးဝတာဝန္ရွိတယ္ ဆုိတာကိုလည္း က်ေနာ္တုိ႔ သတိေပးပါတယ္။" လို႔ ေတာင္ကိုရီးယား ပူးတြဲစစ္ဦးစီးခ်ဳပ္မ်ားအဖြဲ႔က ဒုတိယဗိုလ္ခ်ဳပ္ႀကီး Ahn Young-ho က သတင္းစာရွင္းလင္းပြဲအတြင္း ေျပာသြားပါတယ္။

ေတာင္နဲ႔ ေျမာက္ကိုရီးယားႏွစ္ႏိုင္ငံ တင္းမာမႈ
please wait

No media source currently available

0:00 0:02:54 0:00

ေတာင္-ေျမာက္ကိုရီးယား ႏွစ္ႏိုင္ငံ ပိုင္ဆိုင္မႈ အျငင္းပြားေနတဲ့ အေနာက္ပိုင္းပင္လယ္ နယ္စပ္နားမွာ ဒီသီတင္းပတ္အေစာပိုင္းက ေပ်ာက္ဆံုးသြားတဲ့ အဲဒီအရာရွိကို ေျမာက္ကိုရီးယား ေရပိုင္နက္ထဲမွာ ဓာတ္ဆီေလာင္း မီး႐ႈိ႕ၿပီးမွ ပစ္သတ္လိုက္တာလို႔ ေတာင္ကိုရီးယား ကာကြယ္ေရးဝန္ႀကီးဌာနက ဆိုပါတယ္။ ဒီလိုလုပ္ေဆာင္ဖို႔ အမိန္႔ဟာ ထိပ္တန္း တာဝန္ရွိသူတဦးဆီကလာတာ ျဖစ္ပံုရတယ္လုိ႔လည္း ေျပာပါတယ္။

ေတာင္ကိုရီးယား အရာရွိေတြအေနနဲ႔ ဒီသတင္းအေသးစိတ္ကို ဘယ္လိုရခဲ့တယ္ဆိုေတာ ထုတ္မေျပာဘဲ "ေထာက္လွမ္းေရးသတင္းအမ်ဳိးမ်ဳိး" ကေန ရတာလို႔ပဲ ေျပာပါတယ္။

ေတာင္-ေျမာက္ကိုရီးယား ႏွစ္ႏုိင္ငံဆက္ဆံေရးမွာ တင္းမာမႈ ေလ်ာ့ေနခ်ိန္မွာပဲ အခုျဖစ္ရပ္ ေပၚလာတာပါ။ ေျမာက္ကိုရီးယားဘက္က ဒီႏွစ္အေစာပိုင္းမွာ တင္းမာမႈအရွိန္ ျမႇင့္ခဲ့ေပမယ့္ ေခါင္းေဆာင္ Kim Jong Un က ႐ုတ္တရက္ဆိုသလို တင္းမာမႈေတြကို ရပ္ထားခဲ့တာပါ။ အဲဒီအခ်ိန္ကစလို႔ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါအေရးနဲ႔ ေရေဘးဒဏ္လို ျပည္တြင္းေရးေတြကိုပဲ အာ႐ံုစိုက္ လုပ္ေနခဲ့ပါတယ္။

အခု ေတာင္ကိုရီးယား အရပ္သားအရာရွိတဦးကို သတ္လိုက္တဲ့ျဖစ္ရပ္ေၾကာင့္ ႏွစ္ႏုိင္ငံဆက္ဆံေရး ျပန္ၿပီးတင္းမာလာမွာကို စိုးရိိမ္ေနၾကပါတယ္။

---------------------

(Unicode)

တောင်ကိုရီးယား အရပ်သားအရာရှိတဦး မြောက်ကိုရီးယား ပစ်သတ်

တောင်ကိုရီးယား အရပ်သားအရာရှိတဦးကို မြောက်ကိုရီးယားက ပစ်သတ်ပြီး ချက်ချင်း မီးသင်္ဂြိုဟ်လိုက်တယ်လို့ တောင်ကိုရီးယားစစ်ဘက်က ဒီကနေ့ပြောပါတယ်။

"ဒီလို ရက်စက်တဲ့ လုပ်ရပ်အပေါ် ကျနော်တို့စစ်ဘက်အနေနဲ့ အပြင်းအထန် ပြစ်တင်ရှုတ်ချပြီး ဒီဖြစ်ရပ်အတွက် ရှင်းလင်းချက်ပေးဖို့နဲ့ တာဝန်ရှိသူတွေကို အပြစ်ပေးဖို့ မြောက်ကိုရီးယားကို အခိုင်အမာ တိုက်တွန်းပါတယ်။ ဒီဖြစ်ရပ်အတွက် မြောက်ကိုရီးယားမှာ လုံးဝတာဝန်ရှိတယ် ဆိုတာကိုလည်း ကျနော်တို့ သတိပေးပါတယ်။" လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ဒုတိယဗိုလ်ချုပ်ကြီး Ahn Young-ho က သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ အနောက်ပိုင်းပင်လယ် နယ်စပ်နားမှာ ဒီသီတင်းပတ်အစောပိုင်းက ပျောက်ဆုံးသွားတဲ့ အဲဒီအရာရှိကို မြောက်ကိုရီးယား ရေပိုင်နက်ထဲမှာ ဓာတ်ဆီလောင်း မီးရှို့ပြီးမှ ပစ်သတ်လိုက်တာလို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဒီလိုလုပ်ဆောင်ဖို့ အမိန့်ဟာ ထိပ်တန်း တာဝန်ရှိသူတဦးဆီကလာတာ ဖြစ်ပုံရတယ်လို့လည်း ပြောပါတယ်။

တောင်ကိုရီးယား အရာရှိတွေအနေနဲ့ ဒီသတင်းအသေးစိတ်ကို ဘယ်လိုရခဲ့တယ်ဆိုတော ထုတ်မပြောဘဲ "ထောက်လှမ်းရေးသတင်းအမျိုးမျိုး" ကနေ ရတာလို့ပဲ ပြောပါတယ်။

တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးမှာ တင်းမာမှု လျော့နေချိန်မှာပဲ အခုဖြစ်ရပ် ပေါ်လာတာပါ။ မြောက်ကိုရီးယားဘက်က ဒီနှစ်အစောပိုင်းမှာ တင်းမာမှုအရှိန် မြှင့်ခဲ့ပေမယ့် ခေါင်းဆောင် Kim Jong Un က ရုတ်တရက်ဆိုသလို တင်းမာမှုတွေကို ရပ်ထားခဲ့တာပါ။ အဲဒီအချိန်ကစလို့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအရေးနဲ့ ရေဘေးဒဏ်လို ပြည်တွင်းရေးတွေကိုပဲ အာရုံစိုက် လုပ်နေခဲ့ပါတယ်။

အခု တောင်ကိုရီးယား အရပ်သားအရာရှိတဦးကို သတ်လိုက်တဲ့ဖြစ်ရပ်ကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပြန်ပြီးတင်းမာလာမှာကို စိုးရိမ်နေကြပါတယ်။

XS
SM
MD
LG