သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္ကိုရီးယားအေပၚ စစ္ေရးတံု႔ျပန္မႈအားလံုး ရပ္ဆိုင္းေၾကာင္း ေျမာက္ကိုရီးယားေၾကညာ


ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Un။ (ေမ ၂၄၊ ၂၀၂၀)

[Zawgyi/Unicode]

ေတာင္ကိုရီးယားအေပၚ စစ္ေရးအရ တုံ႔ျပန္မႈအားလံုးကုိ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္မ္ဂ်ဳံအြန္းက ရပ္ဆိုင္းလိုက္တယ္လုိ႔ ႏုိင္ငံပိုင္သတင္းက ဗုဒၶဟူးေန႔မွာ ေၾကျငာပါတယ္။ ဘယ္လို စစ္ေရးတံု႔ျပန္မႈေတြလည္း ဆိုတာကိုေတာ့ အတိအက်ေျပာမထားပါဘူး။

ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Un။
ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Un။

သီတင္းပတ္နဲ႔ခ်ိီ ၿခိ္မ္းေခ်ာက္လာတဲ့ ေျမာက္ကိုရီးယားရဲ႕ လုပ္ရပ္ေတြေၾကာင့္ ႏွစ္ႏုိင္ငံၾကားတင္းမာမႈ တိုးလာတာကို ထင္ထင္ရွားရွား ေလ ွ်ာ့ခ်လို္က္တာလည္း ျဖစ္ပါတယ္။ ႏုိင္ငံပိုင္ KCNA သတင္းဌာနရဲ ႔ အဆိုအရ အာဏာရပါတီရဲ ႔ ဗဟိုစစ္ေရးေကာ္မရွင္အစည္းအေ၀းမွာ Kim Jong Un က ေပၚေပါက္လာတဲ့အေျခအေနေတြကို ဆင္ျခင္သုံးသပ္ၿပီး အဲဒီစစ္ေရးလႈပ္ရွားမႈေတြကို ရပ္ဆုိင္းလုိက္တာပါ။

ဘယ္လို စစ္ေရးလုပ္ေဆာင္မႈကို ရပ္ဆုိင္းလိုက္တာလဲဆိုတာနဲ႔ ေတာင္ကိုရီးယားအေပၚ ရန္စတ့ဲလုပ္ရပ္ေတြ ရပ္ဆုိင္းလုိက္ၿပီလားဆိုတာကေတာ့ ရွင္းရွင္းလင္းလင္းမရွိေသးပါဘူး။

ႏွစ္ႏုိင္ငံဆက္ဆံေရး အဆိုးဘက္ကို ဦးတည္သြားႏုိင္တဲ့အတြက္ ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ထားတဲ့ ေတာင္ကိုရီးယား တာ၀န္ရွိသူေတြက ေျမာက္ကိုရီးယားရဲ ႔ ဒီလုပ္ရပ္ေၾကာင့္ အံ့အားသင့္ခဲ့ၾကတာပါ။

ေျမာက္ကိုရီးယားႏုိင္ငံနဲ႔ ဆက္ဆံေရးကို တာ၀န္ယူလုပ္ကုိင္ေနတဲ့ ေတာင္ကိုရီးယားႏုိင္ငံကႏွစ္ႏုိင္ငံေပါင္းစည္းေရး၀န္ႀကီးဌာန ေျပာခြင့္ရသူကေတ့ာ အေျခအေနကို ေစာင့္ၾကည့္ေနၿပီး ႏွစ္ႏုိင္ငံသေဘာတူထားတဲ့ ကိစၥရပ္ေတြကို ဆက္ၿပီး လိုက္နာသြားမယ္လို႔ေျပာပါတယ္။

၂၀၁၈ ခုႏွစ္က သေဘာတူခ်က္ထဲမွာေတာ့ စီးပြားေရးပူးေပါင္းေဆာင္ရြက္ဖို႔နဲ႔ စစ္ေရးတင္းမာမႈေတြေလ ွ်ာ့ခ်သြားဖို႔ ပါ၀င္ေပမယ့္ ေတာင္ကိုရီးယားဘက္က ေရွ႕ဆက္အေကာင္အထည္ေဖာ္ဖို႔ ပ်က္ကြက္တယ္ဆိုၿပီး ေျမာက္ကိုရီးယားက မေက်မနပ္ျဖစ္ေနတာပါ။ ႏုိင္ငံတကာအေရးယူ ဒဏ္ခတ္မႈေတြေၾကာင့္ ေတာင္ကိုရီးယားဘက္က သေဘာတူညီမႈအတုိင္း အျပည့္အ၀ အေကာင္အထည္ မေဖာ္ႏို္င္တာလည္းျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တောင်ကိုရီးယားအပေါ် စစ်ရေးတုံ့ပြန်မှုအားလုံး ရပ်ဆိုင်းကြောင်း မြောက်ကိုရီးယားကြေညာ

တောင်ကိုရီးယားအပေါ် စစ်ရေးအရ တုံ့ပြန်မှုအားလုံးကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းက ရပ်ဆိုင်းလိုက်တယ်လို့ နိုင်ငံပိုင်သတင်းက ဗုဒ္ဓဟူးနေ့မှာ ကြေငြာပါတယ်။ ဘယ်လို စစ်ရေးတုံ့ပြန်မှုတွေလည်း ဆိုတာကိုတော့အတိအကျပြောမထားပါဘူး။

သီတင်းပတ်နဲ့ချီ ခြိမ်းချောက်လာတဲ့ မြောက်ကိုရီးယားရဲ့ လုပ်ရပ်တွေကြောင့် နှစ်နိုင်ငံကြားတင်းမာမှု တိုးလာတာကို ထင်ထင်ရှားရှား လေ ျှာ့ချလိုက်တာလည်း ဖြစ်ပါတယ်။ နိုင်ငံပိုင် KCNA သတင်းဌာနရဲ့ အဆိုအရ အာဏာရပါတီရဲ့ ဗဟိုစစ်ရေးကော်မရှင်အစည်းအဝေးမှာ Kim Jong Un က ပေါ်ပေါက်လာတဲ့အခြေအနေတွေကို ဆင်ခြင်သုံးသပ်ပြီး အဲဒီစစ်ရေးလှုပ်ရှားမှုတွေကို ရပ်ဆိုင်းလိုက်တာပါ။

ဘယ်လို စစ်ရေးလုပ်ဆောင်မှုကို ရပ်ဆိုင်းလိုက်တာလဲဆိုတာနဲ့ တောင်ကိုရီးယားအပေါ် ရန်စတဲ့လုပ်ရပ်တွေ ရပ်ဆိုင်းလိုက်ပြီလားဆိုတာကတော့ ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။

နှစ်နိုင်ငံဆက်ဆံရေး အဆိုးဘက်ကို ဦးတည်သွားနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတဲ့ တောင်ကိုရီးယား တာဝန်ရှိသူတွေက မြောက်ကိုရီးယားရဲ့ ဒီလုပ်ရပ်ကြောင့် အံ့အားသင့်ခဲ့ကြတာပါ။

မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရေးကို တာဝန်ယူလုပ်ကိုင်နေတဲ့တောင်ကိုရီးယားနိုင်ငံကနှစ်နိုင်ငံပေါင်းစည်းရေးဝန်ကြီးဌာန ပြောခွင့်ရသူကတေ့ာ အခြေအနေကို စောင့်ကြည့်နေပြီး နှစ်နိုင်ငံသဘောတူထားတဲ့ ကိစ္စရပ်တွေကို ဆက်ပြီး လိုက်နာသွားမယ်လို့ပြောပါတယ်။

၂၀၁၈ ခုနှစ်က သဘောတူချက်ထဲမှာတော့ စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့နဲ့ စစ်ရေးတင်းမာမှုတွေလေ ျှာ့ချသွားဖို့ ပါဝင်ပေမယ့် တောင်ကိုရီးယားဘက်က ရှေ့ဆက်အကောင်အထည်ဖော်ဖို့ ပျက်ကွက်တယ်ဆိုပြီး မြောက်ကိုရီးယားက မကျေမနပ်ဖြစ်နေတာပါ။ နိုင်ငံတကာအရေးယူ ဒဏ်ခတ်မှုတွေကြောင့် တောင်ကိုရီးယားဘက်က သဘောတူညီမှုအတိုင်း အပြည့်အ၀ အကောင်အထည် မဖော်နိုင်တာလည်းဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG