(Zawgyi / Unicode)
ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Un ရဲ႕ ညီမျဖစ္သူ Kim Yo Jong က ေတာင္ကိုရီးယားႏုိင္ငံကို လက္တုံ႔ျပန္ဖို႔ အေရးယူ ေဆာင္ရြက္မႈေတြ လုပ္ေဆာင္သြားမယ္လို႔ ေျပာဆိုလိုက္ၿပီး အဲဒီအထဲ စစ္ေရးအရ အေရးယူ ေဆာင္ရြက္ခ်က္ေတြလည္း ပါဝင္မယ္လို႔ ေျပာပါတယ္။
တရားဝင္ခန္႔အပ္ထားတာ မဟုတ္ေပမယ့္ Kim Jong Un ရဲ႕ အႀကံေပးလို ေဆာင္ရြက္ေနတဲ့ Kim Yo Jong ရဲ႕ အခုလို ၿခိမ္းေျခာက္ ေျပာဆိုခ်က္ကို ေျမာက္ကိုရီးယား KCNA သတင္းဌာနက စေနေန႔မွာ ေၾကညာခဲ့တာပါ။
ေျမာက္ကိုရီးယားတို႔အေနနဲ႔ ေတာင္ကိုရီးယား အာဏာပိုင္ေတြနဲ႔ လမ္းခြဲဖို႔ အခ်ိန္တိုင္ၿပီလို႔ ထင္ေၾကာင္းနဲ႔ မၾကာခင္ ေနာက္တဆင့္ အေရးယူမႈေတြ ျပဳလုပ္သြားမယ္လို႔လည္း Kim Yo Jong က ေျပာပါတယ္။
ေနာက္ထပ္လိုအပ္တဲ့ အေရးယူမႈေတြကို ျပဳလုပ္ဖို႔ ညႊန္ၾကားခ်က္ေတြ ေပးထားသလို ရန္သူအေပၚ အေရးယူမႈေတြလုပ္ဖို႔ ႏုိင္ငံစစ္တပ္ အႀကီးအကဲ ဗိုလ္ခ်ဳပ္ႀကီးေတြကို လုပ္ပိုင္ခြင့္ေတြ ေပးထားတယ္လို႔လည္း သူက ေျပာပါတယ္။
ဘယ္လို အေရးယူ ေဆာင္ရြက္မႈလဲ ဆိုတာကို မေဖာ္ျပေပမယ့္ ေျမာက္ကိုရီးယား နယ္စပ္ Kaesong ၿမိဳ႕ ႏွစ္ႏုိင္ငံ ဆက္ဆံေရး႐ုံးကို ရပ္ဆိုင္းမယ့္သေဘာကိုေတာ့ KCNA သတင္းမွာ ေဖာ္ျပထားပါတယ္။
ေျမာက္ကိုရီးယားႏုိင္ငံကေန ထြက္ေျပးလြတ္ေျမာက္သြားသူေတြက ႏွစ္ႏုိင္ငံ နယ္စပ္ကေန မိုးပ်ံပူေဖာင္းေတြသုံးၿပီး လက္ကမ္းစာေစာင္ေတြ ေျမာက္ကိုရီးယားႏုိင္ငံထဲ ပို႔လႊတ္ေနတာအေပၚ ေတာင္ကိုရီးယားႏုိင္ငံက မတားဆီးလို႔ မေက်နပ္ေၾကာင္းကို Kim Yo Jong က ၿပီးခဲ့တဲ့အပတ္ထဲ ေျပာထားဖူးပါတယ္။
အဲဒီကတည္းက ေျမာက္ကိုရီးယားက ေၾကညာခ်က္ေတြကို ဆက္တိုက္ထုတ္ျပန္ခဲ့ၿပီး ေတာင္ကိုရီးယားကို ဆန္႔က်င္တဲ့ လူထုစုေဝးပြဲေတြကိုလည္း က်င္းပခဲ့ပါတယ္။
ႏ်ဴကလီးယားကိစၥ ေဆြးေႏြးပြဲေတြ ေရွ႕မတိုး ေနာက္မဆုတ္သာ ျဖစ္ေနတဲ့အတြက္ ေတာင္ကိုရီးယားႏုိင္ငံကို ဖိအားေပးခ်င္လို႔ ေျမာက္ကိုရီးယားတို႔ ဒီ လက္ကမ္းစာေစာင္ကိစၥကို ျပႆာနာရွာေနတာလို႔လည္း အကဲျဖတ္ေတြက သုံးသပ္ၾကပါတယ္။
-----------------------------
(Unicode)
တောင်ကိုရီးယားကို စစ်ရေးအရ အရေးယူမယ်လို့ မြောက်ကိုရီးယား ခြိမ်းခြောက်
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ ညီမဖြစ်သူ Kim Yo Jong က တောင်ကိုရီးယားနိုင်ငံကို လက်တုံ့ပြန်ဖို့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောဆိုလိုက်ပြီး အဲဒီအထဲ စစ်ရေးအရ အရေးယူ ဆောင်ရွက်ချက်တွေလည်း ပါဝင်မယ်လို့ ပြောပါတယ်။
တရားဝင်ခန့်အပ်ထားတာ မဟုတ်ပေမယ့် Kim Jong Un ရဲ့ အကြံပေးလို ဆောင်ရွက်နေတဲ့ Kim Yo Jong ရဲ့ အခုလို ခြိမ်းခြောက် ပြောဆိုချက်ကို မြောက်ကိုရီးယား KCNA သတင်းဌာနက စနေနေ့မှာ ကြေညာခဲ့တာပါ။
မြောက်ကိုရီးယားတို့အနေနဲ့ တောင်ကိုရီးယား အာဏာပိုင်တွေနဲ့ လမ်းခွဲဖို့ အချိန်တိုင်ပြီလို့ ထင်ကြောင်းနဲ့ မကြာခင် နောက်တဆင့် အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့လည်း Kim Yo Jong က ပြောပါတယ်။
နောက်ထပ်လိုအပ်တဲ့ အရေးယူမှုတွေကို ပြုလုပ်ဖို့ ညွှန်ကြားချက်တွေ ပေးထားသလို ရန်သူအပေါ် အရေးယူမှုတွေလုပ်ဖို့ နိုင်ငံစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီးတွေကို လုပ်ပိုင်ခွင့်တွေ ပေးထားတယ်လို့လည်း သူက ပြောပါတယ်။
ဘယ်လို အရေးယူ ဆောင်ရွက်မှုလဲ ဆိုတာကို မဖော်ပြပေမယ့် မြောက်ကိုရီးယား နယ်စပ် Kaesong မြို့ နှစ်နိုင်ငံ ဆက်ဆံရေးရုံးကို ရပ်ဆိုင်းမယ့်သဘောကိုတော့ KCNA သတင်းမှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားနိုင်ငံကနေ ထွက်ပြေးလွတ်မြောက်သွားသူတွေက နှစ်နိုင်ငံ နယ်စပ်ကနေ မိုးပျံပူဖောင်းတွေသုံးပြီး လက်ကမ်းစာစောင်တွေ မြောက်ကိုရီးယားနိုင်ငံထဲ ပို့လွှတ်နေတာအပေါ် တောင်ကိုရီးယားနိုင်ငံက မတားဆီးလို့ မကျေနပ်ကြောင်းကို Kim Yo Jong က ပြီးခဲ့တဲ့အပတ်ထဲ ပြောထားဖူးပါတယ်။
အဲဒီကတည်းက မြောက်ကိုရီးယားက ကြေညာချက်တွေကို ဆက်တိုက်ထုတ်ပြန်ခဲ့ပြီး တောင်ကိုရီးယားကို ဆန့်ကျင်တဲ့ လူထုစုဝေးပွဲတွေကိုလည်း ကျင်းပခဲ့ပါတယ်။
နျူကလီးယားကိစ္စ ဆွေးနွေးပွဲတွေ ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေတဲ့အတွက် တောင်ကိုရီးယားနိုင်ငံကို ဖိအားပေးချင်လို့ မြောက်ကိုရီးယားတို့ ဒီ လက်ကမ်းစာစောင်ကိစ္စကို ပြဿာနာရှာနေတာလို့လည်း အကဲဖြတ်တွေက သုံးသပ်ကြပါတယ်။