သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေရငုပ္သေဘၤာကေန ပဲ့ထိန္းဒံုးက်ည္ ပစ္လႊတ္စမ္းသပ္ဖို႔ ေျမာက္ကိုရီးယား ျပင္ေနပံုရ


ေျမာက္ကုိရီးယားရဲ႕ ဒုံးက်ည္စမ္းသပ္မႈ ႐ုပ္ျမင္သံၾကားက ျပသေနတာကို ဆုိးလ္ၿမိဳ႕ ဘူတာ႐ုံမွာ ၾကည့္႐ႈေနသူတခ်ဳိ႕။ (မတ္ ၂၉၊ ၂၀၂၀)

(Zawgyi / Unicode)

ေျမာက္ကိုရီးယားႏုိင္ငံဟာ ေရငုပ္သေဘၤာကေန ပစ္လို႔ရတဲ့ တာလတ္ပစ္ ပဲ့ထိန္းဒုံးက်ည္ကို ပစ္လႊတ္ဖို႔အတြက္ ျပင္ဆင္ေနတယ္လို႔ ေျမာက္ကိုရီးယားရဲ႕ သေဘၤာက်င္းကို ေသာၾကာေန႔က ၿဂိဳဟ္တုကေန ႐ုိက္ကူးထားတဲ့ ဓာတ္ပုံေတြက ျပသေနတဲ့အေၾကာင္း အေမရိကန္ မဟာဗ်ဴဟာနဲ႔ ႏုိင္ငံတကာေလ့လာေရးဌာန (CSIS) က ေျပာလိုက္ပါတယ္။

CSIS က သူတုိ႔ရဲ႕ အင္တာနက္စာမ်က္ႏွာမွာ ေဖာ္ျပထားတဲ့ ေျမာက္ကိုရီးယား Sinpo သေဘၤာက်င္း ဓာတ္ပုံေတြအရ အဲဒီသေဘၤာက်င္းမွာ သေဘၤာအေတာ္မ်ားမ်ား ဆုိက္ကပ္ထားၿပီး အဲဒီထဲက တစင္းဟာ ေရထဲကေန ဒုံးက်ည္ပစ္လႊတ္တဲ့စင္ကို အရင္က သယ္ဖူးတဲ့ သေဘၤာတစင္းနဲ႔ တူေနတယ္လို႔ ေျပာပါတယ္။

အဲဒီလႈပ္ရွားမႈေတြအရေတာ့ ေရထဲက ဒုံးက်ည္ပစ္လႊတ္တဲ့စင္ကေန ေရငုပ္သေဘၤာကေန ပစ္လႊတ္တဲ့ ပဲ့ထိန္းဒုံးက်ည္ Pukgoksong-3 ကို မၾကာခင္မွာ စမ္းသပ္ပစ္လႊတ္ဖို႔ ျပင္ဆင္ေနတဲ့ အရိပ္အေယာင္ေတြ ျဖစ္တယ္လို႔ ေျပာပါတယ္။

ေျမာက္ကိုရီးယားႏုိင္ငံက ျပည္ပရန္ကုိ ကာကြယ္ဖို႔နဲ႔ သူတုိ႔ရဲ႕ ကာကြယ္ေရးစြမ္းရည္ကို ျမႇင့္တင္ဖုိ႔အတြက္ ေရငုပ္သေဘၤာကေန ပစ္လႊတ္ႏုိင္တဲ့ Pukguksong-3 ဒုံးက်ည္ကို ပင္လယ္ထဲကေန ေအာင္ေအာင္ျမင္ျမင္ စမ္းသပ္ပစ္လႊတ္ႏုိင္ခဲ့တယ္လို႔ ၿပီးခဲ့တဲ့ ေအာက္တုိဘာလက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

ရေငုပ်သင်္ဘောကနေ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်စမ်းသပ်ဖို့ မြောက်ကိုရီးယား ပြင်နေပုံရ

မြောက်ကိုရီးယားနိုင်ငံဟာ ရေငုပ်သင်္ဘောကနေ ပစ်လို့ရတဲ့ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်ကို ပစ်လွှတ်ဖို့အတွက် ပြင်ဆင်နေတယ်လို့ မြောက်ကိုရီးယားရဲ့ သင်္ဘောကျင်းကို သောကြာနေ့က ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေက ပြသနေတဲ့အကြောင်း အမေရိကန် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာန (CSIS) က ပြောလိုက်ပါတယ်။

CSIS က သူတို့ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားတဲ့ မြောက်ကိုရီးယား Sinpo သင်္ဘောကျင်း ဓာတ်ပုံတွေအရ အဲဒီသင်္ဘောကျင်းမှာ သင်္ဘောအတော်များများ ဆိုက်ကပ်ထားပြီး အဲဒီထဲက တစင်းဟာ ရေထဲကနေ ဒုံးကျည်ပစ်လွှတ်တဲ့စင်ကို အရင်က သယ်ဖူးတဲ့ သင်္ဘောတစင်းနဲ့ တူနေတယ်လို့ ပြောပါတယ်။

အဲဒီလှုပ်ရှားမှုတွေအရတော့ ရေထဲက ဒုံးကျည်ပစ်လွှတ်တဲ့စင်ကနေ ရေငုပ်သင်္ဘောကနေ ပစ်လွှတ်တဲ့ ပဲ့ထိန်းဒုံးကျည် Pukgoksong-3 ကို မကြာခင်မှာ စမ်းသပ်ပစ်လွှတ်ဖို့ ပြင်ဆင်နေတဲ့ အရိပ်အယောင်တွေ ဖြစ်တယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံက ပြည်ပရန်ကို ကာကွယ်ဖို့နဲ့ သူတို့ရဲ့ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့အတွက် ရေငုပ်သင်္ဘောကနေ ပစ်လွှတ်နိုင်တဲ့ Pukguksong-3 ဒုံးကျည်ကို ပင်လယ်ထဲကနေ အောင်အောင်မြင်မြင် စမ်းသပ်ပစ်လွှတ်နိုင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလက ပြောပါတယ်။

XS
SM
MD
LG