သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ညီမဟာ ဒုတိယအာဏာအရှိဆုံးပုဂ္ဂိုလ်လား


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နှင့် ညီမ Kim Yo Jong
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နှင့် ညီမ Kim Yo Jong

(Zawgyi/Unicode)

မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ရဲ့ ညီမဖြစ်သူ Kim Yo Jong ဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုတိယအာဏာ အရှိဆုံး ပုဂ္ဂိုလ်အဖြစ် တာဝန် ထမ်းဆောင်နေတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့က ယူဆထားကြောင်း တောင်ကိုရီးယား ဥပဒေပြု အမတ်တစ်ယောက်က ပြောပါတယ်။ ဒါပေမဲ့ Kim Jong Un ကို ဆက်ခံမယ့်သူအဖြစ် သတ်မှတ်ထားတာမျိုးတော့ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

ကြာသပတေးနေ့က ပြုလုပ်တဲ့ တောင်ကိုရီးယား ပါလီမန် ထောက်လှမ်းရေး ကော်မတီ အစည်းအဝေးအပြီးမှာ အတိုက်အခံ အမတ် Ha Tae-keung က သတင်းထောက်တွေကို အခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။

အသက် ၃၀ စွန်းစွန်းရှိပြီလို့ ယူဆရတဲ့ Kim Yo Jong ဟာ မြောက်ကိုရီယား နိုင်ငံရေးလောကမှာ ပါဝင် ပတ်သက်သူတွေထဲ Kim Jong Un ရဲ့ တစ်ဦးတည်းသော သွေးရင်းတော်စပ်သူ ဖြစ်ပါတယ်။ မကြာသေးခင်လတွေက Kim Yo Jong က တောင်ကိုရီယား နဲ့ ဆက်ဆံရေးကိစ္စတွေအပေါ် တင်းတင်းမာမာ ကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။

Kim Yo Jong ဟာ သူ့အစ်ကို ပေးထားတဲ့ တာဝန်တွေနဲ့ မြောက်ကိုရီးယား အစိုးရကို အကူအညီပေးနေတယ်လို့ ပါလီမန်၊ ထောက် လှမ်းရေးကော်မတီဝင် Ha Tae-keung ကသတင်းထောက်တွေကိုပြောပါတယ်။ Kim Jong Un မှာ အကြွင်းမဲ့အာဏာရှိနေဆဲဖြစ် ပေမဲ့ အရင်ကထက်စာ ရင် တစ်ချို့အာဏာတွေကို လွှဲပြောင်းပေးထားကြောင်းနဲ့ Kim Yo Jong ဟာ မြောက်ကိုရီးယားမှာ ဒုတိယ အာဏာ အရှိဆုံးသူ ဖြစ်ကြောင်းသူက ပြောပါတယ်။

စီးပွားရေးနဲ့ စစ်ရေးဆိုင်ရာ မူဝါဒတွေနဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း တခြားအဆင့်မြင့် အရာရှိတွေကို ခွဲဝေပေးထားကြောင်း၊ ဒါဟာ Kim Jong Un မှာ ရှိနေတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချဖို့ ဖြစ်သလို တစ်စုံတစ်ရာ မအောင်မမြင် ဖြစ်ရင် သူ့အပေါ် အပြစ် မတင်နိုင်အောင်လည်း ဖြစ်တယ်လို့ တောင်ကိုရီးယား အမတ် Haက ပြောပါတယ်။

Kim Yo Jong ဟာ သူ့အစ်ကို Kim Jong Un နဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့ ၂၀၁၉ ခုနှစ် ဗီယက်နမ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးတုန်းက သူ့အစ်ကို ခရီးစဉ် အစစ အဆင်ပြေဖို့အရေး စေ့စေ့စပ်စပ် စီစဉ် ဆောင်ရွက်ခဲ့တာကြောင့် လူသိများလာသူတစ်ယောက်ဖြစ် ပါတယ်။

ဒီနှစ်ထဲ တောင်ကိုရီးယားနိုင်ငံ ဆန့်ကျင်ရေး လုပ်ဆောင်ချက်တွေ ပါဝင်ခဲ့တဲ့ သူ့ရဲ့ အခန်းကဏ္ဍဟာ သူ့အစ်ကို Kim Jong Un ရဲ့ လက်ထောက်တစ်ယောက်ထက် ပိုတယ်လို့လည်း သုံးသပ်သူတွေက ပြောပါတယ်။

ဒါပေမဲ့ အခုတလော ကျင်းပတဲ့ အာဏာရ အလုပ်သမားပါတီ အဆင့်မြင့် အစည်းအဝေးတွေမှာ သူ့ကို မတွေ့ရတာကြောင့် ရာထူးကနေ ချထားသလားဆိုပြီး တွက်ဆ ပြောဆိုနေတာတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


.........


(Unicode)









XS
SM
MD
LG