သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏ်ဴကလီးယားအေရး အေမရိကန္နဲ႔ ေဆြးေႏြးဖို႔မရွိ - ေျမာက္ကိုရီးယား


မႏွစ္ ဇြန္ ၃၀ ရက္ေန႔က ေတြ႔ဆုံေဆြးေႏြးခဲ့တဲ့ အေမရိကန္သမၼတ Donald Trump နဲ႔ ေျမာက္ကုိရီးယားေခါင္းေဆာင္ Kim Jong Un.

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုဟာ ေျမာက္ကိုရီးယားအဆို သူတို႔အေပၚ ရန္လိုတဲ့ မူဝါဒကို မစြန္္႔လႊတ္မခ်င္း အေမရိကန္နဲ႔ အဏုျမဴလက္နက္ဆိုင္ရာ ေဆြးေႏြးမႈ လုပ္ဖုိ႔မရွိဘူးလို႔ ေျမာက္ကိုရီးယားက ေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ႏိုဝင္ဘာေရြးေကာက္ပြဲ မတိုင္ခင္ ေအာက္တိုဘာလထဲမွာ အမ်ားအံ့အားသင့္စရာအျဖစ္ သမၼတ Trump က ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Un နဲ႔ ထိပ္သီးေဆြးေႏြးပြဲ က်င္းပေကာင္း က်င္းပႏုိင္တယ္လို႔ အမ်ဳိးသားလံုၿခဳံေရးအႀကံေပး ပုဂၢိဳလ္ေဟာင္း John Bolton က နယူးေယာက္ၿမဳိ႕မွာ သတင္းေထာက္ေတြကို ဒီသီတင္းပတ္အစမွာ ေျပာသြားၿပီးေနာက္ အခုလို ေျမာက္ကိုရီးယားရဲ႕ ဒုႏိုင္ငံျခားေရးဝန္ႀကီး-၁ ဆီက ေၾကညာခ်က္ ထြက္လာတာပါ။

သူတို႔ႏွစ္ႏိုင္ငံၾကား ေဆြးေႏြးမႈေတြ ျပန္စႏုိင္ဖို႔ အထူးႀကဳိးစားေနတဲ့ ေတာင္ကိုရီးယားသမၼတ Moon Jae-in ကလည္း ဒီေခါင္းေဆာင္ ၂ ဦး အေမရိကန္ ေရြးေကာက္ပြဲ မတိုင္ခင္ ေတြ႔ဆံုဖို႔အတြက္ အေကာင္းဘက္က ယူဆထားေၾကာင္း ဒီသီတင္းပတ္ထဲမွာပဲ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

နျူကလီးယားအရေး အမေရိကန်နဲ့ ဆွေးနွေးဖို့မရှိ - မြောက်ကိုရီးယား

အမေရိကန်ပြည်ထောင်စုဟာ မြောက်ကိုရီးယားအဆို သူတို့အပေါ် ရန်လိုတဲ့ မူဝါဒကို မစွန့််လွှတ်မချင်း အမေရိကန်နဲ့ အဏုမြူလက်နက်ဆိုင်ရာ ဆွေးနွေးမှု လုပ်ဖို့မရှိဘူးလို့ မြောက်ကိုရီးယားက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာရွေးကောက်ပွဲ မတိုင်ခင် အောက်တိုဘာလထဲမှာ အများအံ့အားသင့်စရာအဖြစ် သမ္မတ Trump က မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ထိပ်သီးဆွေးနွေးပွဲ ကျင်းပကောင်း ကျင်းပနိုင်တယ်လို့ အမျိုးသားလုံခြုံရေးအကြံပေး ပုဂ္ဂိုလ်ဟောင်း John Bolton က နယူးယောက်မြို့မှာ သတင်းထောက်တွေကို ဒီသီတင်းပတ်အစမှာ ပြောသွားပြီးနောက် အခုလို မြောက်ကိုရီးယားရဲ့ ဒုနိုင်ငံခြားရေးဝန်ကြီး-၁ ဆီက ကြေညာချက် ထွက်လာတာပါ။

သူတို့နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေ ပြန်စနိုင်ဖို့ အထူးကြိုးစားနေတဲ့ တောင်ကိုရီးယားသမ္မတ Moon Jae-in ကလည်း ဒီခေါင်းဆောင် ၂ ဦး အမေရိကန် ရွေးကောက်ပွဲ မတိုင်ခင် တွေ့ဆုံဖို့အတွက် အကောင်းဘက်က ယူဆထားကြောင်း ဒီသီတင်းပတ်ထဲမှာပဲ ပြောထားပါတယ်။

XS
SM
MD
LG