သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရေးဝန်ကြီးအဖြစ် လျာထားခံရသူ Antony Blinken ဘယ်သူလဲ


 ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း Antony Blinken
ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း Antony Blinken

(Zawgyi/Unicode)

ရွေးကောက်ခံ သမ္မတ Joe Biden ထုတ်ပြန်ကြေညာခဲ့တဲ့ ထိပ်တန်း အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေရဲ့ စာရင်းမှာ သူ့ရဲ့ အနီးကပ် အကြံပေး ဖြစ်သူ ဒုတိယ နိုင်ငံခြား ရေးဝန်ကြီးဟောင်း Antony Blinken လည်း ပါဝင်ပြီး နိုင်ငံခြားရေးဝန်ကြီးအဖြစ် လျာထားခံရပါတယ်။ Blinkenက နိုင်ငံ တကာက မဟာမိတ် တွေ၊လူ့အခွင့် အရေးနဲ့ ဒုက္ခသည်တွေရဲ့ အရေးကို အမြဲထောက်ခံအားပေးတဲ့အကြောင်း VOA သံတမန်ရေးရာ သတင်း ထောက် Cindy Saine သတင်းပေးပို့ ထားတာကို ကိုရဲမင်းထွန်းက ပြောပြမှာပါ။

သမ္မတ ဘားရက် အိုဘားမား လက်ထက်က Antony Blinken က ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သလို Joe Biden ရဲ့ အကြံ ပေး အဖြစ်လည်း ၂၀၀၂ ခုနှစ်ကတည်းက ဆောင်ရွက်နေခဲ့သူ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ အထက်တန်းကျောင်း တက်ရောက်ခဲ့သူ Blinken က NATO အပါအဝင် မဟာမိတ်အဖွဲ့တွေနဲ့ နိုင်ငံပေါင်းစုံ သံတမန်ရေးကိုလည်း ထောက်ခံအားပေးသူ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကမ္ဘာတစ်ဝှမ်းရင်ဆိုင်ခဲ့ရတဲ့ ဒုက္ခသည် အကျပ်အတည်းကို အမေရိကန်တို့ တုန့်ပြန်ဖြေရှင်းရာမှာ Blinken က ဦး ဆောင်ခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း ကလေးတီဗွီဇတ်လမ်းတွဲ Sesame Streetမှာပါဝင်ခဲ့ပြီးဒုက္ခသည်တွေအကြောင်းကိုရှင်းပြခဲ့ပါတယ်။

“ဒီလူတွေက သူတို့ရဲ့ အိုးအိမ်တွေကို စွန့်ခွာ ချန်ထားခဲ့ရသူတွေပါ။ Grover ရေ ကိုယ့်အိမ်ကိုယ့်ယာကို စွန့်ခွာရတာ ဘယ်လောက် ခက်ခဲမလဲ ဆိုတာ စဉ်းစားမိသလား။"

Blinken က မေးတော့ ကာတွန်းဇာတ်ကောင်လေး“Grover” က

“မပြောတတ်ပါဘူး။ ကျွန်တော်ကတော့ Sesame Street ကနေ ဘယ်တော့မှ မထွက်သွားချင်ဘူး။”

Blinkenရဲ့ ပထမဦးစားပေးလုပ်ငန်းတွေက သမ္မတ ဒေါ်နယ် ထရမ့် စွန့်ခွာ နှုတ်ထွက်ခဲ့တဲ့ အီရန် နျူးကလီးယားစာချုပ်လို နိုင်ငံတကာ သဘောတူညီချက် တွေကို ပြန်လည် ဝင်ရောက်ဖို့ ဖြစ်ပါတယ်။ ပျက်ယွင်းခဲ့ရတဲ့ ဆက်ဆံရေး တွေကို ပြန်လည် ကောင်းမွန်အောင် ဆောင်ရွက်ဖို့လည်း ဖြစ်တယ်လို့ ကျွမ်းကျင်သူ တွေက ပြောပါတယ်။

Atlantic Council က သုတေသီ တဦးဖြစ်သူ Mark Simakovsky က

“အမေရိကန်နိုင်ငံဆိုတာ ယုံကြည် စိတ်ချရတဲ့ မဟာမိတ် နိုင်ငံ၊ ကမ္ဘာ့နိုင်ငံတွေရဲ့ လက်တွဲဖော်နိုင်ငံ ဖြစ်တယ်ဆိုတဲ့ အမြင်ကို ပြန်ပြီး ပုံဖော် သွင်း ဖို့က သူ့ရဲ့ ဦးစားပေးလုပ်ငန်း ဖြစ်မယ်လို့ ထင်တယ်။ သူက ပျက်ယွင်းခဲ့ရတဲ့ ဆက်ဆံရေးတွေကို ပြန်ပြီး အဖတ်ဆယ်ချင်ပါလိမ့်မယ်။ သူ ထပ်ခါတလဲလဲ ပြောမယ့်စကားကတော့ ကျွန်တော်တို့ ပြန်လာပြီ ဆိုတာပါ။ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ စာချုပ်ကို ပြန်လည် ဝင်ရောက်ရေးနဲ့ မဟာဗျူဟာ လက်နက် ထိန်းချုပ်ရေး START စာချုပ်သစ် သက်တမ်းတိုးရေး ကိစ္စတွေ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

Joe Bidenရဲ့ သီးခြား ကြေညာချက် တစ်ခုမှာတော့ ဝါရင့် သံတမန်တစ်ဦးဖြစ်တဲ့ Linda Thomas-Greenfield ကို Joe Biden က ကုလ သမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် လျာထားသူ ထားပါတယ်။

“ကျွန်မရဲ့ မျှော်လင့်ချက်တွေက အမေ့ရဲ့ မျှော်လင့်ချက်နဲ့ အိပ်မက်တွေပဲ ဖြစ်ပါတယ်။ အမေက ကျွန်မ ဘယ်လို စိန်ခေါ်မှုမျိုးနဲ့ ရန်လိုမှုမျိုးကို မဆို ရင်ဆိုင်နိုင်တယ်ဆိုတာကို ဟိုး ငယ်ငယ်လေးကတည်းက သင်ပေးခဲ့သူပါ။”

အထက်လွှတ်တော်က အတည်ပြုပြီ ဆိုရင်တော့ Antony Blinken က နိုင်ငံခြားရေး ဝန်ကြီးဌာနကို Mike Pompeo ဆီကနေ လွှဲပြောင်းရယူ ဦးဆောင်ရမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
နိုင်ငံခြားရေးဝန်ကြီးနေရာ လျာထားခံရသူ
please wait

No media source currently available

0:00 0:03:01 0:00

..............


(Unicode)













XS
SM
MD
LG