(Zawgyi/Unicode)
COVID-19 ကာကြယ္ေဆး ေနာက္ဆံုးအတည္ျပဳခ်က္ရၿပီဆိုတာနဲ႔ ကိုရိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရး ဘယ္သူေတြကို ဦးစားေပးၿပီး ထိုးေပးသင့္သလဲ ဆိုတာကို ဆံုးျဖတ္ဖို႔ အဂၤါေန႔က အေမရိကန္ကူးစက္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးဌာန (CDC) အႀကံေပးေကာ္မတီ၀င္ေတြ ေတြ႔ဆံုခဲ့ၾကပါတယ္။
အေမရိကန္အစားအေသာက္နဲ႔ ေဆးဝါးႀကီးၾကပ္ေရးဌာန FDA ရဲ႕ ကာကြယ္ေဆးနဲ႔ ပတ္သက္လို႔ ဆံုးျဖတ္ခ်က္ မေၾကညာခင္မွာ CDC အႀကံျပဳခ်က္ေတြကုိ အမ်ားျပည္သူကို အသိေပးလိုေၾကာင္း အႀကံေပးေကာ္မတီ ဥကၠဌ ေဒါက္တာ ဟိုေဆးရိုမာရိုက CNN သတင္းဌာနကို အဂၤါေန႔က ေျပာၾကားခဲ့ပါတယ္။
လက္ရွိမွာေတာ့ ကာကြယ္ေဆးအသံုးျပဳဖို႔အတြက္ Pfizer ရဲ႕ အေရးေပၚေတာင္းခံခ်က္ကို FDA က စဥ္းစားေနပါတယ္။ Moderna ကလည္း သူထုတ္မယ့္ ကာကြယ္ေဆးအတြက္ အေရးေပၚအသုံးျပဳဖို႔ ခြင့္ျပဳခ်က္ကို ေလွ်ာက္ထားမယ့္အေၾကာင္း တနလၤာေန႔က ေၾကညာခဲ့ပါတယ္။
ေရွ႕တန္းကေန အလုပ္လုပ္ေနတဲ့ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္သားေတြနဲ႔ အေထာက္အကူျပဳ ၀ န္ထမ္းေတြကို ပထမဆံုး ကာကြယ္ေဆးထိုးေပးသင့္ေၾကာင္း CDC ဘက္ကေတာ့ အႀကံျပဳထားၿပီးျဖစ္ပါတယ္။ ဒါအျပင္ သက္ႀကီးရြယ္အုိေတြကို ျပဳစုေစာင့္ေရွာက္တဲ့ ေဂဟာေတြမွာ ေနထိုင္သူေတြဟာလည္း ပထမဆံုး ကာကြယ္ေဆး ထုိးေပးသင့္သူေတြထဲမွာ ပါ၀င္သင့္ေၾကာင္းလည္း CDC ကအဆိုျပဳထားပါတယ္။
အေမရိကန္ က်န္းမာေရး၀န္ႀကီး Alex Azar ကေတာ့ Pfizer ရဲ႕ကာကြယ္ေဆးနဲ႔ပတ္သက္လို႔ FDA ဘက္က ဆံုးျဖတ္ခ်က္ ေၾကညာဖို႔ တပတ္ေလာက္ၾကာဖို႔ရွိမယ္လို႔ ေျပာၾကားခဲ့ပါတယ္။ တကယ္လို႔မ်ားPfizer နဲ႔ Moderna တို႔ရဲ႕ကာကြယ္ေဆးေတြကို FDA ဘက္က အတည္ျပဳခဲ့မယ္ဆိုရင္ အေမရိကန္ႏိုင္ငံအတြင္း ေဆးအလံုးေပါင္း သန္း ၅၀ ေလာက္ ထိုးေပးႏိုင္လိမ့္မယ္လို႔ ေဆးပညာရွင္ တခ်ဳိ႕က ခန္႔မွန္းထားပါတယ္။
Johns Hopkins တကၠသိုလ္ရဲ႕ စစ္တမ္းအရ အေမရိကန္ျပည္ေထာင္စုဟာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ အမ်ားဆံုးႏိုင္ငံအျဖစ္ ရွိေနဆဲျဖစ္ၿပီး ကူးစက္ခံရသူေပါင္း ၁၃.၅ သန္း ေက်ာ္ရွိေနပါတယ္။ ကမၻာမွာေတာ့ ကိုဗစ္ကူးစက္သူ စုစုေပါင္း ၆၃.၃ သန္းရွိေနပါတယ္။
..............
COVID ကာကွယ်ဆေး ဦးစားပေးအစီအစဉ် ကန် CDC ဆွေးနွေး
(Unicode)
COVID-19 ကာကွယ်ဆေး နောက်ဆုံးအတည်ပြုချက်ရပြီဆိုတာနဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ဘယ်သူတွေကို ဦးစားပေးပြီး ထိုးပေးသင့်သလဲ ဆိုတာကို ဆုံးဖြတ်ဖို့ အင်္ဂါနေ့က အမေရိကန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန (CDC) အကြံပေးကော်မတီဝင်တွေ တွေ့ဆုံခဲ့ကြပါတယ်။
အမေရိကန်အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာန FDA ရဲ့ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် မကြေညာခင်မှာ CDC အကြံပြုချက်တွေကို အများပြည်သူကို အသိပေးလိုကြောင်း အကြံပေးကော်မတီ ဥက္ကဌ ဒေါက်တာ ဟိုဆေးရိုမာရိုက CNN သတင်းဌာနကို အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။
လက်ရှိမှာတော့ ကာကွယ်ဆေးအသုံးပြုဖို့အတွက် Pfizer ရဲ့ အရေးပေါ်တောင်းခံချက်ကို FDA က စဉ်းစားနေပါတယ်။ Moderna ကလည်း သူထုတ်မယ့် ကာကွယ်ဆေးအတွက် အရေးပေါ်အသုံးပြုဖို့ ခွင့်ပြုချက်ကို လျှောက်ထားမယ့်အကြောင်း တနင်္လာနေ့က ကြေညာခဲ့ပါတယ်။
ရှေ့တန်းကနေ အလုပ်လုပ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်သားတွေနဲ့ အထောက်အကူပြု ၀ န်ထမ်းတွေကို ပထမဆုံး ကာကွယ်ဆေးထိုးပေးသင့်ကြောင်း CDC ဘက်ကတော့ အကြံပြုထားပြီးဖြစ်ပါတယ်။ ဒါအပြင် သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်တဲ့ ဂေဟာတွေမှာ နေထိုင်သူတွေဟာလည်း ပထမဆုံး ကာကွယ်ဆေး ထိုးပေးသင့်သူတွေထဲမှာ ပါဝင်သင့်ကြောင်းလည်း CDC ကအဆိုပြုထားပါတယ်။
အမေရိကန် ကျန်းမာရေးဝန်ကြီး Alex Azar ကတော့ Pfizer ရဲ့ကာကွယ်ဆေးနဲ့ပတ်သက်လို့ FDA ဘက်က ဆုံးဖြတ်ချက် ကြေညာဖို့ တပတ်လောက်ကြာဖို့ရှိမယ်လို့ ပြောကြားခဲ့ပါတယ်။ တကယ်လို့များPfizer နဲ့ Moderna တို့ရဲ့ကာကွယ်ဆေးတွေကို FDA ဘက်က အတည်ပြုခဲ့မယ်ဆိုရင် အမေရိကန်နိုင်ငံအတွင်း ဆေးအလုံးပေါင်း သန်း ၅၀ လောက် ထိုးပေးနိုင်လိမ့်မယ်လို့ ဆေးပညာရှင် တချို့က ခန့်မှန်းထားပါတယ်။
Johns Hopkins တက္ကသိုလ်ရဲ့ စစ်တမ်းအရ အမေရိကန်ပြည်ထောင်စုဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အများဆုံးနိုင်ငံအဖြစ် ရှိနေဆဲဖြစ်ပြီး ကူးစက်ခံရသူပေါင်း ၁၃.၅ သန်း ကျော်ရှိနေပါတယ်။ ကမ္ဘာမှာတော့ ကိုဗစ်ကူးစက်သူ စုစုပေါင်း ၆၃.၃ သန်းရှိနေပါတယ်။