သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကပ္ေရာဂါကာလ အကာအကြယ္မဲ႔သူေတြ ကူညီေရးေဒၚလာ ၃၅ ဘီလီယံ လိုအပ္


(Zawgyi/Unicode)

COVID 19 ကပ္ေရာဂါရဲ႕ ရိုက္ခတ္မႈေၾကာင့္ ကမၻာတစ္ဝွမ္း နိုင္ငံ ၅၆ နိုင္ငံက အကာအကြယ္မဲ့ အကူအညီ လိုအပ္ေနသူ လူေပါင္း ၁၆၅ သန္းအတြက္ အေမရိကန္ ေဒၚလာ ၃၅ ဘီလီယံ လိုအပ္ေနတယ္လို႔ ကုလသမဂၢ အဖြဲ႕ႀကီးက ေျပာပါတယ္။

အခု အက်ပ္အတည္းႀကီးေၾကာင့္ လူသားမ်ိဳးႏြယ္ေတြအေနနဲ႔ အေမွာင္မိုက္ဆုံးနဲ႔ စိတ္မခ်မ္းေျမ့စရာ အျဖစ္ဆုံး ျဖစ္ရပ္ကိုေတြ႕ၾကဳံ ခံစားေနရတယ္လို႔ ကုလသမဂၢလူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာနဲ႔အေရးေပၚအကူအညီေပးေရး လက္ေထာက္ အတြင္း ေရးမႉးခ်ဳပ္ Mark Lowcock က ေျပာပါတယ္။

“COVID ကပ္ေရာဂါႀကီးက ကမၻာတစ္ဝွမ္း အားအနည္းဆုံးနဲ႔ အကာအကြယ္ အမဲ့ဆုံးနိုင္ငံေတြကို အျပင္းအထန္ ထိခိုက္ေစပါတယ္။ အဲဒီနိုင္ငံေတြဟာ လူသားခ်င္း စာနာမႈဆိုင္ရာ အဖြဲ႕အစည္းေတြ ေန႔တဓူဝ အကူအညီေပးေနရတဲ့ နိုင္ငံေတြ ျဖစ္ပါတယ္” လို႔ ကုလ လက္ေထာက္ အတြင္း ေရးမႉးခ်ဳပ္ Mark Lowcock က ေျပာပါတယ္။

ဥတုရာသီ ေျပာင္းလဲမႈေၾကာင့္ ျဖစ္ေပၚလာတဲ့ ျပင္းထန္လြန္းတဲ့ ရာသီဥတု ေဖာက္ျပန္မႈေတြ ျဖစ္တဲ့ မုန္တိုင္းေတြ၊ ေရႀကီးမႈေတြနဲ႔ မိုးေခါင္မႈေတြအၾကား ဒီ ကပ္ေရာဂါ ေဘးဒုကၡႀကီးကို ကမၻာသူ ကမၻာသားေတြ ထပ္ဆင့္ ရင္ဆိုင္ေနရတာလည္း သူက ေျပာပါတယ္။​

သကၠရာဇ္ ၂၀၂၁ ခုႏွစ္ အေရာက္မွာ ကမၻာတစ္ဝွမ္း လူေပါင္း ၂၃၅ သန္း လူသားခ်င္းဆိုင္ရာ အေထာက္အပံ့ေတြ လိုအပ္လိမ့္မယ္လို႔ ကုလသမဂၢက ခန္႔မွန္းထားတာပါ။ တစ္ႏွစ္ထဲမွာ ရာခိုင္ႏႈန္း ၄၀ တိုးျမင့္သြားတာ ျဖစ္ပါတယ္။

COVID 19 ကပ္ေရာဂါေၾကာင့္ လူသန္းေပါင္းမ်ားစြာ ဆင္းရဲႏြမ္းပါးတဲ့အဆင့္ကို ေရာက္ခဲ့ၾကတာေၾကာင့္ လူသားခ်င္းဆိုင္ရာ အကူအညီ လိုအပ္ခ်က္ေတြ ႐ုတ္ခ်ည္း ျမင့္တက္သြားခဲ့တာလို႔လည္း ကုလ လက္ေထာက္ အတြင္း ေရးမႉးခ်ဳပ္ Mark Lowcock က ေျပာပါတယ္။

ပဋိပကၡေတြေၾကာင့္ ၂၀၂၀ ျပည့္ႏွစ္ထဲ အိုးအိမ္ေျပာင္းေရႊ႕ ရသူေတြနဲ႔ ဒုကၡသည္ အေရအတြက္ကလည္း ၈၅ သန္း ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


......

ကပ်ရောဂါကာလ အကာအကွယ်မဲ့သူတွေ ကူညီရေး ဒေါ်လာ ၃၅ ဘီလီယံ လိုအပ်

(Unicode)

COVID 19 ကပ်ရောဂါရဲ့ ရိုက်ခတ်မှုကြောင့် ကမ္ဘာတစ်ဝှမ်း နိုင်ငံ ၅၆ နိုင်ငံက အကာအကွယ်မဲ့ အကူအညီ လိုအပ်နေသူ လူပေါင်း ၁၆၅ သန်းအတွက် အမေရိကန် ဒေါ်လာ ၃၅ ဘီလီယံ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ အဖွဲ့ကြီးက ပြောပါတယ်။

အခု အကျပ်အတည်းကြီးကြောင့် လူသားမျိုးနွယ်တွေအနေနဲ့ အမှောင်မိုက်ဆုံးနဲ့ စိတ်မချမ်းမြေ့စရာ အဖြစ်ဆုံး ဖြစ်ရပ်ကိုတွေ့ကြုံ ခံစားနေရတယ်လို့ ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာနဲ့အရေးပေါ်အကူအညီပေးရေး လက်ထောက် အတွင်း ရေးမှူးချုပ် Mark Lowcock က ပြောပါတယ်။

“COVID ကပ်ရောဂါကြီးက ကမ္ဘာတစ်ဝှမ်း အားအနည်းဆုံးနဲ့ အကာအကွယ် အမဲ့ဆုံးနိုင်ငံတွေကို အပြင်းအထန် ထိခိုက်စေပါတယ်။ အဲဒီနိုင်ငံတွေဟာ လူသားချင်း စာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေ နေ့တဓူဝ အကူအညီပေးနေရတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်” လို့ ကုလ လက်ထောက် အတွင်း ရေးမှူးချုပ် Mark Lowcock က ပြောပါတယ်။

ဥတုရာသီ ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြင်းထန်လွန်းတဲ့ ရာသီဥတု ဖောက်ပြန်မှုတွေ ဖြစ်တဲ့ မုန်တိုင်းတွေ၊ ရေကြီးမှုတွေနဲ့ မိုးခေါင်မှုတွေအကြား ဒီ ကပ်ရောဂါ ဘေးဒုက္ခကြီးကို ကမ္ဘာသူ ကမ္ဘာသားတွေ ထပ်ဆင့် ရင်ဆိုင်နေရတာလည်း သူက ပြောပါတယ်။

သက္ကရာဇ် ၂၀၂၁ ခုနှစ် အရောက်မှာ ကမ္ဘာတစ်ဝှမ်း လူပေါင်း ၂၃၅ သန်း လူသားချင်းဆိုင်ရာ အထောက်အပံ့တွေ လိုအပ်လိမ့်မယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားတာပါ။ တစ်နှစ်ထဲမှာ ရာခိုင်နှုန်း ၄၀ တိုးမြင့်သွားတာ ဖြစ်ပါတယ်။

COVID 19 ကပ်ရောဂါကြောင့် လူသန်းပေါင်းများစွာ ဆင်းရဲနွမ်းပါးတဲ့အဆင့်ကို ရောက်ခဲ့ကြတာကြောင့် လူသားချင်းဆိုင်ရာ အကူအညီ လိုအပ်ချက်တွေ ရုတ်ချည်း မြင့်တက်သွားခဲ့တာလို့လည်း ကုလ လက်ထောက် အတွင်း ရေးမှူးချုပ် Mark Lowcock က ပြောပါတယ်။

ပဋိပက္ခတွေကြောင့် ၂၀၂၀ ပြည့်နှစ်ထဲ အိုးအိမ်ပြောင်းရွှေ့ ရသူတွေနဲ့ ဒုက္ခသည် အရေအတွက်ကလည်း ၈၅ သန်း ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG