သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ကိုဗစ္ထိန္းခ်ဳပ္ေရး လိုက္နာမႈ အားနည္းေနဆဲ


ရန္ကုန္ၿမိဳ႕ရွိ ေရႊတိဂံုဘုရားေရွ႕မွာ ေစ်းေရာင္းေနသူတခ်ိဳ႕။ (ႏိုဝင္ဘာ ၀၉၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါကူးစက္မႈေတြ တုိးလာေနခ်ိန္မွာပဲ ေရာဂါကာကြယ္ ထိန္းခ်ဳပ္ႏိုင္ဖို႔ရည္႐ြယ္ၿပီး ကန္႔သတ္ခ်က္ေတြကို ေနာက္ထပ္ သီတင္း ၂ ပတ္ တုိးလုိက္တဲ့အေပၚ သေဘာထားအျမင္ေတြကုိ ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက သတင္းေပးပို႔ထားပါတယ္။

မလိုအပ္ဘဲ အိမ္ျပင္မထြက္ဖို႔၊ လူ ၃၀ ထက္ပိုၿပီး စုေဝးခြင့္မရွိတာ အပါအဝင္၊ နယ္ေျမျဖတ္ေက်ာ္ ခရီးသြားလာခြင့္ ကန္႔သတ္မႈေတြ အပါအ၀င္ ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရး စည္းကမ္းေတြကုိ ဒီဇင္ဘာ ၁၅ ရက္ေန႔အထိ ရက္ထပ္တုိးလုိက္တာပါ။ လုိအပ္လို႔ သြားလာတဲ့အခါ ႏွာေခါင္းစည္းတပ္ဖုိ႔ လူစုလူေ၀းေရွာင္ဖုိ႔ ကုန္စည္စီးဆင္းမႈေတြနဲ႔ လုပ္ငန္းေတြကုိ က်န္းမာေရး လမ္းညႊန္ခ်က္ေတြနဲ႔အညီလုပ္ဖုိ႔ အာဏာပုိင္ေတြက ေျပာဆုိထားေပမဲ့ လက္ေတြ႔လုိက္နာမႈေတြမွာေတာ့ အားနည္းေနဆဲပဲလုိ႔လည္း ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္း အဖြဲ႔ဝင္ ေဒၚေကသြယ္စိုးက သူ႔ရဲ႕အျမင္ကို ေျပာပါတယ္။

"လူေတြက အျပင္ထြက္ေနၾကတယ္။ တခ်ိဳ႕ေတြဆို Mask မတပ္ၾကဘူး။ ပုံမွန္ Normal Life အေနအထားမ်ိဳးကိုပဲ လက္ရွိေတြ႔ေနရတယ္ေပါ့ေနာ္။ ဒါေတြက အစိုးရကဘယ္ေလာက္ပဲထိန္းခ်ဳပ္၊ ဘယ္လိုဥပေဒေတြပဲထုတ္ထုတ္ လိုက္နာမႈမရွိေတာ့ ေရာဂါထိန္းခ်ဳပ္ဖို႔ကခက္ေနတယ္။ အဲဒီေတာ့ Case ေတြက တက္ေနဆဲပဲဆိုေတာ့ Case က တက္ေလ အစိုးရရဲ႕ Semi-Lockdown အစီအစဥ္က ရက္ ထပ္တိုးေလ၊ ျပည္တြင္း ခရီးသြားစီးပြားေရးလုပ္ငန္းေတြ ထိခိုက္ေလေပါ့။ ပြင့္ပြင့္လင္းလင္းေျပာရရင္ ေသခ်ာစည္းကမ္းတက် ၾကပ္မတ္မယ္ဆိုရင္ ႏွစ္ပတ္ဆိုရင္ ဒါကထိန္းခ်ဳပ္ႏိုင္တယ္။ ဒါေပမဲ့ အဝင္အထြက္ေတြမွာလည္း ၾကပ္ၾကပ္မတ္မတ္မစိစစ္တဲ့အတြက္ လူေတြက သြားလာေနဆဲပဲ။ တေနရာနဲ႔ တေနရာ မကူးရဘူးလို႔ တရားဝင္စာထုတ္ေပမဲ့လို႔ တရားမဝင္သြားေနတဲ့သူေတြလည္း ရွိေနတာပဲ၊ ဒါကိုလည္း သူတို႔သိပါတယ္။ မၾကပ္မတ္တဲ့အတြက္ မထိန္းခ်ဳပ္ႏိုင္ေတာ့ ျပည္တြင္းခရီးသြားလုပ္ငန္းေတြစဖို႔ဆိုတာကေတာ့ လိုေသးတယ္။ အမကေတာ့ ေတာင္ႀကီးမွာေရာက္ေနေတာ့ တျခားေဒသေတြကိုေတာ့ ေသခ်ာမသိဘူး။ ေတာင္ႀကီးက အေျခအေနကို သိတာေပါ့။ ဒီကတာဝန္ရွိသူေတြလိုမ်ိဳး နယ္ေျမေတြကို ပိတ္ၿပီး ေသခ်ာစည္းကမ္းတက်စိစစ္ အေရးယူမယ္ဆိုရင္ ၂ ပတ္ဆို ထိန္းခ်ဳပ္ႏိုင္တယ္လို႔ ထင္တယ္။ အဲဒါဆိုရင္ေတာ့ ျပည္တြင္းခရီးစဥ္ေတြက ျပန္ၿပီးေတာ့တိုးလာမွာပဲေလ။ လူေတြကလည္း အရမ္းမြန္းၾကပ္ေနေတာ့ ခရီးေတြသြားခ်င္ေနၾကတယ္။"

ကပ္ေရာဂါကာလ ကန္႔သတ္ခ်က္ေတြထဲက ေလေၾကာင္း ခရီးစဥ္သြားလာမႈေတြကိုပါ ယာယီပိတ္ထားၿပီး အေရးေပၚ ကယ္ဆယ္ေရးေလယာဥ္ကိုေတာ့ ပုံမွန္ေျပးဆြဲေပးေနပါတယ္။ ဒါေပမဲ့ ျမန္မာသေဘၤာသားေတြအတြက္ ျပည္ပျပန္ထြက္ဖို႔က အခက္အခဲေတြရွိေနတယ္လို႔ ကပၸတိန္ ဦးဝင္းႏိုင္ၫြန႔္က ေျပာပါတယ္။

"သေဘၤာသားအတြက္ဆိုၿပီးေတာ့ သီးသန႔္လုပ္ေပးတဲ့ ပုံစံမ်ိဳးေပါ့ေနာ္။ သူတို႔ေခၚတာကေတာ့ Key Workers ေပါ့။ အဲဒီ ပုံစံမ်ိဳးလုပ္ၿပီးသြားလိုက္ရင္ေတာ့ ဒါအဆင္ေျပသြားမွာပါ။ ဒါေပမဲ့လို႔ အခုဟာက ႏိုင္ငံေတာ္ကပုံစံေတြက အကုန္လုံး ပုံစံမ်ိဳးေရာေထြးၿပီးျဖစ္ေနေတာ့ တခ်ိဳ႕ဟာေတြကက်ေတာ့လည္း လူသိရွင္ၾကား ဖြင့္ခ်လို႔မရတာေတြ ရွိတယ္ေလ။ အခုေလာေလာဆယ္မွာက ဒီေလေၾကာင္းလိုင္းကို ခ်ိတ္လို႔မရလို႔ ဟိုဘက္နဲ႔ ခ်ိတ္လို႔ မရလို႔ဆိုၿပီးေတာ့ ဒီကသေဘၤာသားေတြက အခ်ိန္မီ မထြက္ႏိုင္ျဖစ္ေတာ့ ဟိုမွာအလုပ္မရ၊ အဲဒီလိုမ်ိဳး ျပႆနာေတြျဖစ္ေနတာေပါ့ေနာ္။ အခုက အလုပ္အကိုင္အခြင့္အလမ္းေတြ ေတာ္ေတာ္ဆုံးရႈံးသြားၾကတာေပါ့။"

ကပ္ေရာဂါထိန္းခ်ဳပ္ေရး လမ္းညႊန္ခ်က္ေတြကုိ တာ၀န္ရွိသူေတြ ထုတ္ျပန္ထားေပမဲ့ လုိက္နာမႈေတြ အားနည္းေနတာေတြကုိ ထိထိေရာက္ေရာက္ အေရးယူဖုိ႔ ျပင္ဆင္ဖုိ႔ တုိက္တြန္းတာေတြလည္း ရွိေနပါတယ္။ တခ်ိန္တည္းမွာပဲ ကပ္ေရာဂါကာကြယ္ေရး စည္းမ်ဥ္းေတြနဲ႔အတူ ကာကြယ္ေရးၫႊန္ၾကားခ်က္ေတြကို ခ်မွတ္တဲ့ေနရာမွာ ျပည္သူေတြ႐ုပ္ပိုင္းဆိုင္ရာ ေရာဂါကာကြယ္ႏိုင္ဖို႔အပါအဝင္၊ စိတ္ပိုင္းဆိုင္ရာအဆင္ေျပေစမယ့္ နည္းလမ္းေတြကိုပါ ထည့္သြင္းစဥ္းစားၿပီး ခ်မွတ္ဖို႔လိုတယ္လို႔လည္း စိတ္ေရာဂါအထူးကုဆရာဝန္ ေဒါက္တာစန္းစန္းဦးက ေျပာပါတယ္။

"အထက္ကျပဌာန္းခ်က္ေတြ ရွိေနတယ္။ ဒါေပမဲ့ လူေတြသည္ ဘယ္လိုမ်ိဳးလက္ေတြ႕ေနထိုင္မလဲဆိုတာကို က်မတို႔ေသေသခ်ာခ်ာ သိႏိုင္ရင္ေတာ့ ပိုေကာင္းမယ္။ က်န္းမာေရးလို႔ေျပာလို႔ရွိရင္ စိတ္က်န္းမာေရးပါ ပါေနရမွာေပါ့။ ျပည္သူဆိုတာက ႏိုင္ငံအစိုးရက တာဝန္ရွိတယ္ေလ။ သူ႔စနစ္နဲ႔ ေထာက္ပံ့မႈေတြ ဘယ္ေလာက္ေကာင္းမလဲဆိုတာ ဒီလူေတြနဲ႔ ျပည္သူေတြနဲ႔ အလုပ္လုပ္ရမွာကို။ ဆိုေတာ့ ေျပာခ်င္တာကေတာ့ ဒီက Decision Maker လို႔ေျပာေနတဲ့ အဆင့္ဆင့္ေသာလူႀကီးေတြ၊ အဲဒီေနရာမွာ တာဝန္ယူထားတဲ့သူေတြက သေဘာေပါက္ၿပီးေတာ့ မူဝါဒတို႔၊ စနစ္တို႔ အေကာင္အထည္ေဖာ္ေဆာင္တဲ့အခါမွာ စိတ္က်န္းမာေရးဆိုတာကို ေသခ်ာထည့္မွရမွာပါ။"

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ မြန္းလြဲပိုင္းထုတ္ျပန္ခ်က္ေတြအရ ကပ္ေရာဂါေၾကာင့္ေသဆုံးသူ ၁,၉၄၁ ဦးရွိေနၿပီး၊ ကူးစက္သူ အတည္ျပဳလူနာကေတာ့ ၉၀,၇၁၃ ဦးရွိေနပါတယ္။ ကူးစက္ခံရသူ တိုးလာႏႈန္းေတြက အရင္ကၿမိဳ႕ျပမွာသာရွိေနေပမယ့္ အခုအခါမွာေတာ့ ေက်းလက္ေဒသေတြမွာပါ ကပ္ေရာဂါကူးစက္ႏႈန္းတိုးလာေနၿပီး ကပ္ေရာဂါကာကြယ္ေရး အသိပညာျမႇင့္တင္ေရး အစီအစဥ္ေတြကိုေတာ့ လူထုၾကားလႈပ္ရွားမႈေတြရွိေနတာ ေတြ႕လာရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ ကိုဗစ်ထိန်းချုပ်ရေး လိုက်နာမှု အားနည်းနေဆဲ

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ ရောဂါကာကွယ် ထိန်းချုပ်နိုင်ဖို့ရည်ရွယ်ပြီး ကန့်သတ်ချက်တွေကို နောက်ထပ် သီတင်း ၂ ပတ် တိုးလိုက်တဲ့အပေါ် သဘောထားအမြင်တွေကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက သတင်းပေးပို့ထားပါတယ်။

မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့၊ လူ ၃၀ ထက်ပိုပြီး စုဝေးခွင့်မရှိတာ အပါအဝင်၊ နယ်မြေဖြတ်ကျော် ခရီးသွားလာခွင့် ကန့်သတ်မှုတွေ အပါအဝင် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းတွေကို ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ရက်ထပ်တိုးလိုက်တာပါ။ လိုအပ်လို့ သွားလာတဲ့အခါ နှာခေါင်းစည်းတပ်ဖို့ လူစုလူဝေးရှောင်ဖို့ ကုန်စည်စီးဆင်းမှုတွေနဲ့ လုပ်ငန်းတွေကို ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့အညီလုပ်ဖို့ အာဏာပိုင်တွေက ပြောဆိုထားပေမဲ့ လက်တွေ့လိုက်နာမှုတွေမှာတော့ အားနည်းနေဆဲပဲလို့လည်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း အဖွဲ့ဝင် ဒေါ်ကေသွယ်စိုးက သူ့ရဲ့အမြင်ကို ပြောပါတယ်။

"လူတွေက အပြင်ထွက်နေကြတယ်။ တချို့တွေဆို Mask မတပ်ကြဘူး။ ပုံမှန် Normal Life အနေအထားမျိုးကိုပဲ လက်ရှိတွေ့နေရတယ်ပေါ့နော်။ ဒါတွေက အစိုးရကဘယ်လောက်ပဲထိန်းချုပ်၊ ဘယ်လိုဥပဒေတွေပဲထုတ်ထုတ် လိုက်နာမှုမရှိတော့ ရောဂါထိန်းချုပ်ဖို့ကခက်နေတယ်။ အဲဒီတော့ Case တွေက တက်နေဆဲပဲဆိုတော့ Case က တက်လေ အစိုးရရဲ့ Semi-Lockdown အစီအစဉ်က ရက် ထပ်တိုးလေ၊ ပြည်တွင်း ခရီးသွားစီးပွားရေးလုပ်ငန်းတွေ ထိခိုက်လေပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် သေချာစည်းကမ်းတကျ ကြပ်မတ်မယ်ဆိုရင် နှစ်ပတ်ဆိုရင် ဒါကထိန်းချုပ်နိုင်တယ်။ ဒါပေမဲ့ အဝင်အထွက်တွေမှာလည်း ကြပ်ကြပ်မတ်မတ်မစိစစ်တဲ့အတွက် လူတွေက သွားလာနေဆဲပဲ။ တနေရာနဲ့ တနေရာ မကူးရဘူးလို့ တရားဝင်စာထုတ်ပေမဲ့လို့ တရားမဝင်သွားနေတဲ့သူတွေလည်း ရှိနေတာပဲ၊ ဒါကိုလည်း သူတို့သိပါတယ်။ မကြပ်မတ်တဲ့အတွက် မထိန်းချုပ်နိုင်တော့ ပြည်တွင်းခရီးသွားလုပ်ငန်းတွေစဖို့ဆိုတာကတော့ လိုသေးတယ်။ အမကတော့ တောင်ကြီးမှာရောက်နေတော့ တခြားဒေသတွေကိုတော့ သေချာမသိဘူး။ တောင်ကြီးက အခြေအနေကို သိတာပေါ့။ ဒီကတာဝန်ရှိသူတွေလိုမျိုး နယ်မြေတွေကို ပိတ်ပြီး သေချာစည်းကမ်းတကျစိစစ် အရေးယူမယ်ဆိုရင် ၂ ပတ်ဆို ထိန်းချုပ်နိုင်တယ်လို့ ထင်တယ်။ အဲဒါဆိုရင်တော့ ပြည်တွင်းခရီးစဉ်တွေက ပြန်ပြီးတော့တိုးလာမှာပဲလေ။ လူတွေကလည်း အရမ်းမွန်းကြပ်နေတော့ ခရီးတွေသွားချင်နေကြတယ်။"

ကပ်ရောဂါကာလ ကန့်သတ်ချက်တွေထဲက လေကြောင်း ခရီးစဉ်သွားလာမှုတွေကိုပါ ယာယီပိတ်ထားပြီး အရေးပေါ် ကယ်ဆယ်ရေးလေယာဉ်ကိုတော့ ပုံမှန်ပြေးဆွဲပေးနေပါတယ်။ ဒါပေမဲ့ မြန်မာသင်္ဘောသားတွေအတွက် ပြည်ပပြန်ထွက်ဖို့က အခက်အခဲတွေရှိနေတယ်လို့ ကပ္ပတိန် ဦးဝင်းနိုင်ညွန့်က ပြောပါတယ်။

"သင်္ဘောသားအတွက်ဆိုပြီးတော့ သီးသန့်လုပ်ပေးတဲ့ ပုံစံမျိုးပေါ့နော်။ သူတို့ခေါ်တာကတော့ Key Workers ပေါ့။ အဲဒီ ပုံစံမျိုးလုပ်ပြီးသွားလိုက်ရင်တော့ ဒါအဆင်ပြေသွားမှာပါ။ ဒါပေမဲ့လို့ အခုဟာက နိုင်ငံတော်ကပုံစံတွေက အကုန်လုံး ပုံစံမျိုးရောထွေးပြီးဖြစ်နေတော့ တချို့ဟာတွေကကျတော့လည်း လူသိရှင်ကြား ဖွင့်ချလို့မရတာတွေ ရှိတယ်လေ။ အခုလောလောဆယ်မှာက ဒီလေကြောင်းလိုင်းကို ချိတ်လို့မရလို့ ဟိုဘက်နဲ့ ချိတ်လို့ မရလို့ဆိုပြီးတော့ ဒီကသင်္ဘောသားတွေက အချိန်မီ မထွက်နိုင်ဖြစ်တော့ ဟိုမှာအလုပ်မရ၊ အဲဒီလိုမျိုး ပြဿနာတွေဖြစ်နေတာပေါ့နော်။ အခုက အလုပ်အကိုင်အခွင့်အလမ်းတွေ တော်တော်ဆုံးရှုံးသွားကြတာပေါ့။"

ကပ်ရောဂါထိန်းချုပ်ရေး လမ်းညွှန်ချက်တွေကို တာဝန်ရှိသူတွေ ထုတ်ပြန်ထားပေမဲ့ လိုက်နာမှုတွေ အားနည်းနေတာတွေကို ထိထိရောက်ရောက် အရေးယူဖို့ ပြင်ဆင်ဖို့ တိုက်တွန်းတာတွေလည်း ရှိနေပါတယ်။ တချိန်တည်းမှာပဲ ကပ်ရောဂါကာကွယ်ရေး စည်းမျဉ်းတွေနဲ့အတူ ကာကွယ်ရေးညွှန်ကြားချက်တွေကို ချမှတ်တဲ့နေရာမှာ ပြည်သူတွေရုပ်ပိုင်းဆိုင်ရာ ရောဂါကာကွယ်နိုင်ဖို့အပါအဝင်၊ စိတ်ပိုင်းဆိုင်ရာအဆင်ပြေစေမယ့် နည်းလမ်းတွေကိုပါ ထည့်သွင်းစဉ်းစားပြီး ချမှတ်ဖို့လိုတယ်လို့လည်း စိတ်ရောဂါအထူးကုဆရာဝန် ဒေါက်တာစန်းစန်းဦးက ပြောပါတယ်။

"အထက်ကပြဌာန်းချက်တွေ ရှိနေတယ်။ ဒါပေမဲ့ လူတွေသည် ဘယ်လိုမျိုးလက်တွေ့နေထိုင်မလဲဆိုတာကို ကျမတို့သေသေချာချာ သိနိုင်ရင်တော့ ပိုကောင်းမယ်။ ကျန်းမာရေးလို့ပြောလို့ရှိရင် စိတ်ကျန်းမာရေးပါ ပါနေရမှာပေါ့။ ပြည်သူဆိုတာက နိုင်ငံအစိုးရက တာဝန်ရှိတယ်လေ။ သူ့စနစ်နဲ့ ထောက်ပံ့မှုတွေ ဘယ်လောက်ကောင်းမလဲဆိုတာ ဒီလူတွေနဲ့ ပြည်သူတွေနဲ့ အလုပ်လုပ်ရမှာကို။ ဆိုတော့ ပြောချင်တာကတော့ ဒီက Decision Maker လို့ပြောနေတဲ့ အဆင့်ဆင့်သောလူကြီးတွေ၊ အဲဒီနေရာမှာ တာဝန်ယူထားတဲ့သူတွေက သဘောပေါက်ပြီးတော့ မူဝါဒတို့၊ စနစ်တို့ အကောင်အထည်ဖော်ဆောင်တဲ့အခါမှာ စိတ်ကျန်းမာရေးဆိုတာကို သေချာထည့်မှရမှာပါ။"

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ မွန်းလွဲပိုင်းထုတ်ပြန်ချက်တွေအရ ကပ်ရောဂါကြောင့်သေဆုံးသူ ၁,၉၄၁ ဦးရှိနေပြီး၊ ကူးစက်သူ အတည်ပြုလူနာကတော့ ၉၀,၇၁၃ ဦးရှိနေပါတယ်။ ကူးစက်ခံရသူ တိုးလာနှုန်းတွေက အရင်ကမြို့ပြမှာသာရှိနေပေမယ့် အခုအခါမှာတော့ ကျေးလက်ဒေသတွေမှာပါ ကပ်ရောဂါကူးစက်နှုန်းတိုးလာနေပြီး ကပ်ရောဂါကာကွယ်ရေး အသိပညာမြှင့်တင်ရေး အစီအစဉ်တွေကိုတော့ လူထုကြားလှုပ်ရှားမှုတွေရှိနေတာ တွေ့လာရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG