သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်း လူသားစာနာမှုအကူအညီရန်ပုံငွေ ဒေါ်လာ ၃၅ ဘီလီယံ ကုလပန်ကြား


ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres
ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres

[Zawgyi/Unicode]

ကမ္ဘာတဝန်းက လူသားချင်း စာနာမှုအကူအညီ လိုအပ်နေတဲ့ လူသန်းပေါင်း ၁၆၀ အတွက် စံချိန်တင်လိုအပ်တဲ့ ရန်ပုံငွေ ၃၅ ဘီလီယံထိ ထည့်ဝင်ကြဖို့ ကုလသမဂ္ဂအဖွဲ့ကြီးက အလှူရှင်နိုင်ငံတွေကို အင်္ဂါနေ့မှာ ပန်ကြားလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် စီးပွါးရေး ကျဆင်းလာတဲ့အတွက် ကမ္ဘာတဝန်းက သန်းနဲ့ချီတဲ့လူတွေ အလွန်အမင်း ဆင်းရဲနွမ်းပါးတဲ့ အခြေစိုက်လာကြတာပါ။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပဋိပက္ခတွေ၊ ဥတုရာသီပြောင်းလဲဖောက်ပြန်မှုတွေနဲ့ COVID-19 ကပ်ရောဂါကြောင့် ကြီးမားတဲ့ လူသား ဘေးဒုက္ခ အကြပ်အတည်းတွေ ပေါ်ပေါက်လာရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က ဗီဒီယိုနဲ့ ထုတ်ပြန်ခဲ့တဲ့ ပန်ကြားချက်မှာ ပြောဆိုထားပါတယ်။

အကူအညီတွေလိုအပ်နေတဲ့ သူတို့ရဲ့ အမှောင်မိုက်ဆုံးကာလမှာ ဝိုင်းဝန်းကူညီကြပါလို့ အလှူရှင်နိုင်ငံတွေကို အတွင်းရေးမှူးချုပ်က တိုက်တွန်းထားပါတယ်။ လူသားချင်းစာနာမှုအကူအညီတွေ၊ ဒါမှအဟုတ် အကာအကွယ်ပေးဖို့ လိုအပ်နေတဲ့လူတွေ ဒီထက်များပြီး အမှန်တကယ် အကူအညီလိုအပ်နေသူတွေဟာ လူ ၃၃ ယောက်မှာတယောက်နှုန်းနဲ့ လူပေါင်း ၂၃၅ သန်းထိ ရှိတယ်လို့လည်း ကုလသမဂ္ဂကပြောပါတယ်။

ခုလို အကူအညီ လိုအပ်နေသူတွေ ၂၀၂၀ ခုနှစ်အတွင်း ၄၀% ထိတိုးလာတာလည်းဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးလှတဲ့ တိုင်းပြည်တွေမှာ ကပ်ရောဂါ တခုတည်းကြောင့် မဟုတ်ဘဲ စီးပွါးရေးကြောင့်ပါ အလွန်အမင်း ထိခိုက်နေရတယ်လို့လည်း ကုလသမဂ္ဂကပြောပါတယ်။

ကမ္ဘာတဝန်း လူသားစာနာမှုအကူအညီရန်ပုံငွေ ဒေါ်လာ ၃၅ ဘီလီယံ ကုလပန်ကြား
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG