သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုလလူ႔အခြင္႔အေရးေကာင္စီ ဆံုးျဖတ္ခ်က္ ျမန္မာတံု႔ျပန္


ကုလ လူ႔အခြင့္အေရးေကာင္စီ အစည္းအေဝးျမင္ကြင္းတခု။ (စက္တင္ဘာ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

၇၅ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံရဲ႕ လူမႈေရး၊ လူသားခ်င္းစာနာမႈနဲ႔ ယဥ္ေက်းမႈဆိုင္ရာ တတိယေကာ္မတီမွာ ျမန္မာ့အေရး ေဆြးေႏြးမႈကို မသိဂႌထုိက္ စုစည္းတင္ျပထားပါတယ္။

ကို႐ုိနာဗိုင္းရပ္စ္ ကပ္ေဘးေၾကာင့္ အြန္လိုင္းကေန က်င္းပခဲ့တဲ့ ကုလသမဂၢ အေထြေထြညီလာခံ တတိယေကာ္မတီ အစည္းအေဝးမွာ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီကို ျမန္မာ႔အေရး ဆံုးျဖတ္ခ်က္၊ ေနာက္ ႏိုင္ငံေတြအတြက္ ခန္႔အပ္ထားတဲ့ အထူးကိုယ္စားလွယ္ေတြနဲ႔ ႏုိင္ငံေတြၾကား ယံုၾကည္မႈမဲ့ေနတဲ့ ကိစၥေတြကို ျမန္မာကိုယ္စားလွယ္က တင္ျပခဲ့ပါတယ္။ ကုလသမဂၢရဲ႕ ျမန္မာ့အေရး ဆံုးျဖတ္ခ်က္ကိုလည္း ျမန္မာကိုယ္စားလွယ္က အခုလို ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့ပါတယ္။

“၄၅ ႀကိမ္ေျမာက္ ညီလာခံအတြင္း ခ်မွတ္ခဲ့တဲ့ ျမန္မာ့အေရး ဆံုးျဖတ္ခ်က္ဟာ ႏုိင္ငံေရးဇာတ္သြင္းၿပီး သမာသမတ္မက်၊ ဖြံ႔ၿဖိဳးေရးကိစၥေတြ အပါအဝင္ မွ်မွ်တတ သံုးသပ္ထားျခင္းလည္း မရွိဘူးဆိုၿပီး ျမန္မာဘက္က ပယ္ခ်ထားပါတယ္။ ႏုိင္ငံတြင္းက ျပည္သူအားလံုးအတြက္ ၿငိမ္းခ်မ္းေရး၊ လူမႈေရး သဟဇာတျဖစ္မႈနဲ႔ ဖြံ႔ၿဖိဳးေရးအတြက္ ဒီဆံုးျဖတ္ခ်က္က အဟန္႔အတားႀကီး ျဖစ္ေနပါတယ္။ ကုလသမဂၢမွာ ရန္ပံုေငြအခက္အခဲ ေတြ႔ေနခ်ိန္မွာ ႏုိင္ငံေရးအရ ပံုသြင္းမႈမ်ိဳး မဟုတ္ဘဲ ရည္ရြယ္ခ်က္ေကာင္းေတြအတြက္ပဲ ထိေရာက္ အက်ိဳးရွိေအာင္ သံုးသင့္ပါတယ္။”

လူ႔အခြင့္အေရးေကာင္စီ သဘာပတိ Elisabeth Tichy-Fisslbergher က ၇၅ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံရဲ႕ တတိယေကာ္မတီ ေဆြးေႏြးပြဲမွာ ကုလသမဂၢရဲ႕ ရန္ပံုေငြနည္းလာတဲ့ အေျခအေနက ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီရဲ႕ လုပ္ငန္းေတြအတြက္လည္း ထည့္သြင္း စဥ္းစားသံုးသပ္ရတဲ့ အခ်က္ျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။ ႏုိင္ငံေတြအတြက္ အထူးကိုယ္စားလွယ္ေတြကို သက္ဆိုင္ရာ ႏုိင္ငံေတြက မႀကိဳက္တဲ့ ကိစၥဟာလည္း လူ႔အခြင့္အေရးေကာင္စီ စဖြဲ႔ကတည္းက ေဆြးေႏြးေနၾကရတဲ့ကိစၥ ျဖစ္ပါတယ္လို႔ လူ႔အခြင့္အေရးေကာင္စီ သဘာပတိ Elisabeth Tichy-Fisslbergher က ေျဖၾကားသြားပါတယ္။ သက္ဆိုင္ရာ ႏုိင္ငံေတြဘက္က အေျခအေနနဲ႔ ပတ္သက္ၿပီး တင္ျပေဆြးေႏြးၾကဖို႔လည္း သူက တိုက္တြန္းသြားပါတယ္။

“ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီကေန ႏုိင္ငံတခုခုအတြက္ အထူးကိုယ္စားလွယ္ ခန္႔အပ္မယ္ဆိုရင္ ဒီအထူးကိုယ္စားလွယ္ေတြဟာ သတင္းမွားေတြ ျဖန္႔တယ္ဆိုၿပီး ႏုိင္ငံေတြဘက္က မၾကာခန ေျပာၾကတာမ်ိဳး ရွိပါတယ္။ သူ႔အေနနဲ႔ ေျပာႏုိင္တာကေတာ့ ႏုိင္ငံေတြဘက္ကလည္း အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ကိုယ့္ရဲ႕႐ႈျမင္ခ်က္ ကိုယ့္ဘက္ကအျမင္ကို တင္ျပဖို႔ အခြင့္အေရး ရမွာျဖစ္ၿပီး အနည္းဆံုးေတာ့ အျပန္အလွန္ ေဆြးေႏြးမႈမ်ိဳးနဲ႔ အတူေဆာင္ရြက္ၾကဖို႔ကိုပဲ သူ႔အေနနဲ႔ ပန္ၾကားႏုိင္ပါတယ္။”

ကုလသမဂၢ အေထြေထြညီလာခံကေန ၂၀၁၉ ခုႏွစ္ ႏွစ္ကုန္ပိုင္းမွာ ျမန္မာ့အေရး ဆံုးျဖတ္ခ်က္ကို မဲခြဲအတည္ျပဳခဲ့တာျဖစ္ၿပီး ဒီဆံုးျဖတ္ခ်က္မွာေတာ့ ႐ုိဟင္ဂ်ာ မြတ္စလင္ေတြနဲ႔ တျခား လူနည္းစုေတြအေပၚ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို ႐ႈတ္ခ်ထားတာ ျဖစ္ပါတယ္။ ႐ုိဟင္ဂ်ာေတြ၊ ေနာက္ ရခုိင္၊ ကခ်င္နဲ႔ ရွမ္းျပည္နယ္တြင္းက တျခား လူနည္းစုေတြအေပၚ မုန္းတီးလာေအာင္ လံႈ႕ေဆာ္မႈေတြကို ျမန္မာအစိုးရဘက္က အေရးေပၚ အေရးယူေဆာင္ရြက္ဖို႔ တိုက္တြန္းထားတာပါ။ ကုလသမဂၢ အေထြေထြညီလာခံရဲ႕ ဆံုးျဖတ္ခ်က္ေတြက မျဖစ္မေန လိုက္နာလုပ္ေဆာင္ဖို႔ မလိုအပ္ဘူး ဆိုေပမယ့္လည္း ကမၻာ႔ရဲ႕ ႐ႈျမင္ခ်က္ကို ထင္ဟပ္ေစတာ ျဖစ္ပါတယ္။

ျမန္မာဘက္ကေတာ့ ႐ုိဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံပါဘူး။ ကုလသမဂၢ အေထြေထြညီလာခံက ၂၀၁၉ ခုႏွစ္ ႏွစ္ကုန္ပိုင္းမွာ ခ်မွတ္ခဲ့တဲ့ ျမန္မာ့အေရး ဆံုးျဖတ္ခ်က္ဟာဆိုရင္ ရခုိင္ျပည္နယ္ရဲ႕ ႐ႈပ္ေထြးလွတဲ့ အေျခအေနေတြကို ေျဖရွင္းဖို႔ မရည္ရြယ္သလို ျမန္မာအစိုးရဘက္က ေျဖရွင္းေဆာင္ရြက္ဖို႔ ႀကိဳးပမ္းခ်က္ကိုလည္း လက္ခံဖို႔ ျငင္းဆန္တာျဖစ္တယ္လို႔ အဲဒီအခ်ိန္က နယူးေယာက္ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းက ေျပာဆိုခဲ့တာပါ။ ကုလသမဂၢရဲ႕ ျမန္မာ့လူ႔အခြင့္အေရးဆိုင္ရာ ဆံုးျဖတ္ခ်က္ဟာ မလိုလားအပ္တဲ့ ႏုိင္ငံေရးဖိအားေတြ ျဖစ္ေစဖို႔ ရည္ရြယ္တာလို႔လည္း ျမန္မာဘက္က တစိုက္မတ္မတ္ စြပ္စြဲထားေပမယ့္ ဘယ္လို ႏုိင္ငံေရးအရ ဖိအားေပးမႈလဲ ဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း ေျပာဆိုမထားပါဘူး။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် မြန်မာတုံ့ပြန်

၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ လူမှုရေး၊ လူသားချင်းစာနာမှုနဲ့ ယဉ်ကျေးမှုဆိုင်ရာ တတိယကော်မတီမှာ မြန်မာ့အရေး ဆွေးနွေးမှုကို မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် အွန်လိုင်းကနေ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို မြန်မာ့အရေး ဆုံးဖြတ်ချက်၊ နောက် နိုင်ငံတွေအတွက် ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ်တွေနဲ့ နိုင်ငံတွေကြား ယုံကြည်မှုမဲ့နေတဲ့ ကိစ္စတွေကို မြန်မာကိုယ်စားလှယ်က တင်ပြခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ကိုလည်း မြန်မာကိုယ်စားလှယ်က အခုလို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

“၄၅ ကြိမ်မြောက် ညီလာခံအတွင်း ချမှတ်ခဲ့တဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ဟာ နိုင်ငံရေးဇာတ်သွင်းပြီး သမာသမတ်မကျ၊ ဖွံ့ဖြိုးရေးကိစ္စတွေ အပါအဝင် မျှမျှတတ သုံးသပ်ထားခြင်းလည်း မရှိဘူးဆိုပြီး မြန်မာဘက်က ပယ်ချထားပါတယ်။ နိုင်ငံတွင်းက ပြည်သူအားလုံးအတွက် ငြိမ်းချမ်းရေး၊ လူမှုရေး သဟဇာတဖြစ်မှုနဲ့ ဖွံ့ဖြိုးရေးအတွက် ဒီဆုံးဖြတ်ချက်က အဟန့်အတားကြီး ဖြစ်နေပါတယ်။ ကုလသမဂ္ဂမှာ ရန်ပုံငွေအခက်အခဲ တွေ့နေချိန်မှာ နိုင်ငံရေးအရ ပုံသွင်းမှုမျိုး မဟုတ်ဘဲ ရည်ရွယ်ချက်ကောင်းတွေအတွက်ပဲ ထိရောက် အကျိုးရှိအောင် သုံးသင့်ပါတယ်။”

လူ့အခွင့်အရေးကောင်စီ သဘာပတိ Elisabeth Tichy-Fisslbergher က ၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီ ဆွေးနွေးပွဲမှာ ကုလသမဂ္ဂရဲ့ ရန်ပုံငွေနည်းလာတဲ့ အခြေအနေက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ လုပ်ငန်းတွေအတွက်လည်း ထည့်သွင်း စဉ်းစားသုံးသပ်ရတဲ့ အချက်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ နိုင်ငံတွေအတွက် အထူးကိုယ်စားလှယ်တွေကို သက်ဆိုင်ရာ နိုင်ငံတွေက မကြိုက်တဲ့ ကိစ္စဟာလည်း လူ့အခွင့်အရေးကောင်စီ စဖွဲ့ကတည်းက ဆွေးနွေးနေကြရတဲ့ကိစ္စ ဖြစ်ပါတယ်လို့ လူ့အခွင့်အရေးကောင်စီ သဘာပတိ Elisabeth Tichy-Fisslbergher က ဖြေကြားသွားပါတယ်။ သက်ဆိုင်ရာ နိုင်ငံတွေဘက်က အခြေအနေနဲ့ ပတ်သက်ပြီး တင်ပြဆွေးနွေးကြဖို့လည်း သူက တိုက်တွန်းသွားပါတယ်။

“ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ နိုင်ငံတခုခုအတွက် အထူးကိုယ်စားလှယ် ခန့်အပ်မယ်ဆိုရင် ဒီအထူးကိုယ်စားလှယ်တွေဟာ သတင်းမှားတွေ ဖြန့်တယ်ဆိုပြီး နိုင်ငံတွေဘက်က မကြာခန ပြောကြတာမျိုး ရှိပါတယ်။ သူ့အနေနဲ့ ပြောနိုင်တာကတော့ နိုင်ငံတွေဘက်ကလည်း အခြေအနေတွေနဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ရှုမြင်ချက် ကိုယ့်ဘက်ကအမြင်ကို တင်ပြဖို့ အခွင့်အရေး ရမှာဖြစ်ပြီး အနည်းဆုံးတော့ အပြန်အလှန် ဆွေးနွေးမှုမျိုးနဲ့ အတူဆောင်ရွက်ကြဖို့ကိုပဲ သူ့အနေနဲ့ ပန်ကြားနိုင်ပါတယ်။”

ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို မဲခွဲအတည်ပြုခဲ့တာဖြစ်ပြီး ဒီဆုံးဖြတ်ချက်မှာတော့ ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ တခြား လူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချထားတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေ၊ နောက် ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွင်းက တခြား လူနည်းစုတွေအပေါ် မုန်းတီးလာအောင် လှုံ့ဆော်မှုတွေကို မြန်မာအစိုးရဘက်က အရေးပေါ် အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းထားတာပါ။ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်တွေက မဖြစ်မနေ လိုက်နာလုပ်ဆောင်ဖို့ မလိုအပ်ဘူး ဆိုပေမယ့်လည်း ကမ္ဘာ့ရဲ့ ရှုမြင်ချက်ကို ထင်ဟပ်စေတာ ဖြစ်ပါတယ်။

မြန်မာဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။ ကုလသမဂ္ဂ အထွေထွေညီလာခံက ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ ချမှတ်ခဲ့တဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ဟာဆိုရင် ရခိုင်ပြည်နယ်ရဲ့ ရှုပ်ထွေးလှတဲ့ အခြေအနေတွေကို ဖြေရှင်းဖို့ မရည်ရွယ်သလို မြန်မာအစိုးရဘက်က ဖြေရှင်းဆောင်ရွက်ဖို့ ကြိုးပမ်းချက်ကိုလည်း လက်ခံဖို့ ငြင်းဆန်တာဖြစ်တယ်လို့ အဲဒီအချိန်က နယူးယောက် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောဆိုခဲ့တာပါ။ ကုလသမဂ္ဂရဲ့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်ဟာ မလိုလားအပ်တဲ့ နိုင်ငံရေးဖိအားတွေ ဖြစ်စေဖို့ ရည်ရွယ်တာလို့လည်း မြန်မာဘက်က တစိုက်မတ်မတ် စွပ်စွဲထားပေမယ့် ဘယ်လို နိုင်ငံရေးအရ ဖိအားပေးမှုလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ပြောဆိုမထားပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG