သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့လူ႔အခြင့္အေရး တုိးတက္ေအာင္ ေဆာင္ရြက္ေပးဖုိ႔ ကန္ ႏုိင္ငံျခားေရး၀န္ႀကီးကုိ လူ႔အခြင့္အေရးဖြဲ႔ ၆၄ ဖြဲ႔ေတာင္းဆုိ


အေမရိကန္ နိုင္ငံျခားေရး ဝန္ႀကီး Mike Pompeo

(Zawgyi/Unicode)

ျမန္မာနိုင္ငံအတြင္းက လူ႔အခြင့္အေရး အေျခအေနေတြတိုးတက္လာေစဖို႔အေရး အေရးယူ ေဆာင္ရြက္ေပးဖို႔ အေမရိကန္ နိုင္ငံျခားေရး ဝန္ႀကီး Mike Pompeo ကို တိုက္တြန္းေတာင္းဆိုထားတဲ့ အိတ္ဖြင့္ေပးစာတစ္ေစာင္ကို နိုင္ငံတကာ လူ႔အခြင့္အေရး အဖြဲ႕ ၆၄ခုကပူးတြဲ ထုတ္ျပန္ခဲ့ပါတယ္။

ေမလ ၁၂ ရက္ေန႔ရက္စြဲနဲ႔ အဲဒီ ေၾကညာခ်က္မွာ ျမန္မာ နိုင္ငံအတြင္း ျမန္မာ အစိုးရနဲ႔ ျမန္မာစစ္တပ္က တိုင္းရင္းသား နဲ႔ လူနည္းစု ဘာသာဝင္ ေတြရဲ႕ အခြင့္အေရးကို ခ်ိဳးေဖာက္ေနတာ ရပ္ဆိုင္းသြားေအာင္ အေမရိကန္ အစိုးရအေနနဲ႔ သံတမန္ေရးအရ ဖိအား ေပးရမယ္လို႔ အေမရိကန္ ဂ်ဴးအခြင့္အေရးအဖြဲ႕တစ္ခု ျဖစ္တဲ့ American Jewish World Service က လူ႔အခြင့္အေရး အဖြဲ႕ ၆၄ ဖြဲ႕ ကိုယ္စားထုတ္ျပန္တဲ့ေၾကညာခ်က္မွာေတာင္းဆိုထားပါတယ္။

ျမန္မာအစိုးရက မီဒီယာေတြအေပၚထိုးႏွက္တိုက္ခိုက္ေနမႈနဲ႔ အင္တာနက္ ျဖတ္ေတာက္ၿပီး တိုင္းရင္းသားနဲ႔ လူနည္းစု ဘာသာဝင္ေတြအၾကား သတင္းအခ်က္အလက္ စီးဆင္းမႈကို ပိတ္ဆို႔ တာေတြ အပါအဝင္ ၿပီးခဲ့တဲ့ သီတင္းပတ္ေတြထဲ အရပ္သားေတြအေပၚ တိုက္ခိုက္မႈေတြ အတြက္ စိုးရိမ္ ပူပန္မိတယ္လို႔လည္း ေၾကညာခ်က္မွာ ပါရွိပါတယ္။

COVID-19 ကပ္ေရာဂါ စမ္းသပ္ ကိရိယာေတြ၊ က်န္းမာေရး ဝန္ေဆာင္မႈနဲ႔ လူသားခ်င္း စာနာမႈ အေထာက္အပံ့ေတြ တိုင္းရင္းသားေတြနဲ႔ လူနည္းစု ဘာသာဝင္ေတြအပါအဝင္ လူတိုင္းဆီကို ေရာက္ဖို႔ ျမန္မာအစိုးရက ေဆာင္ရြက္ေပးဖို႔လည္း ေတာင္းဆိုထားပါတယ္။

လူ႔အခြင့္အေရးအဖြဲ႕ ၆၄ ဖြဲ႕ရဲ့ အိတ္ဖြင့္စာထဲမွာေတာ့ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ Antonio Guterres ရဲ႕ ေမတၱာရပ္ခံခ်က္နဲ႔အညီ ျမန္မာနိုင္ငံအတြင္း အပစ္အခတ္ရပ္စဲၾကဖို႔ကို အဓိက ေတာင္းဆိုထားသလို ျမန္မာအစိုးရကသတင္းသမားေတြကို တိုက္ခိုက္ေနမႈနဲ႔ အင္တာနက္လိုင္းေတြ ပိတ္ပင္ထားတာကို ရပ္ဆိုင္းေပးဖို႔ ေတာင္းဆိုထားပါတယ္။

ျမန္မာ့တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးကေတာ့ ျမန္မာ နိုင္ငံအတြင္း အၾကမ္းဖက္အဖြဲ႕အစည္းလို႔ သတ္မွတ္ထားတဲ့ အဖြဲ႕အစည္းေတြရွိတဲ့ေနရာေတြကလြဲၿပီး က်န္တဲ့ေနရာေတြမွာ ေမလ ၁၀ ရက္ေန႔ ကေန ၾသဂုတ္လ ၃၁ ရက္ေန႔အထိ အပစ္အခတ္ ရပ္စဲသြားမွာ ေမလ ၉ ရက္က ေၾကညာထားခဲ့ပါတယ္။ လက္ရွိမွာ အၾကမ္းဖက္ အဖြဲ႕ အစည္းအျဖစ္ အစိုးရက သတ္မွတ္ေၾကညာထားတာ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA နဲ႔ ARSA အဖြဲ႕တို႔ရွိၿပီး တိုက္ပြဲေတြ အမ်ားဆုံးျဖစ္ ေနတာ ကလည္း ရခိုင္ျပည္နယ္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ ပတ္ဝန္းက်င္မွာ ျဖစ္ပါတယ္။

ရခိုင္ျပည္နယ္ထဲ အင္တာနက္ ပိတ္ပင္ ခံ ထားရတဲ့ ၿမိဳ႕နယ္ ၈ ခုအနက္ ေမာင္းေတာၿမိဳ႕နယ္မွာ ေမလ ၂ရက္ေန႔ အင္တာနက္လိုင္းေတြ ျပန္ဖြင့္ေပးခဲ့ေပမယ့္ တျခားၿမိဳ႕နယ္ေတြမွာေတာ့ အင္တာနက္ ပိတ္ပင္ခံေနရဆဲ ျဖစ္ပါတယ္။အင္တာလိုင္းေတြကတဆင့္ လက္ရွိျဖစ္ပြား ေနတဲ့ COVID-19 ေရာဂါနဲ႔ ပတ္သတ္ၿပီး သတင္းအခ်က္ေတြရယူႏိုင္တာေၾကာင့္ ရခိုင္ေျမာက္ပိုင္းက ၿမိဳ႕နယ္ေတြနဲ႔ ခ်င္းျပည္နယ္က ပလက္ဝ ၿမိဳ႕နယ္ေတြကို အင္တာလိုင္းျဖတ္ ေတာက္ထားတာနဲ႔ ပတ္သတ္ၿပီး ျပန္ဖြင့္ေပးဖို႔၊ ကုလသမဂၢ အပါအဝင္ နိုင္ငံတကာေရာ ျပည္တြင္းက လႊတ္ေတာ္အမတ္ေတြနဲ႔ အရပ္ဖက္လူမႈအဖြဲ႕အစည္းေတြက ေတာင္းဆိုထား ၾကပါတယ္။

................

မြန်မာ့လူ့အခွင့်အရေးတိုးတက်အောင် ဆောင်ရွက်ပေးဖို့ ကန် နိုင်ငံခြားရေးဝန်ကြီးကို လူ့အခွင့်အရေးဖွဲ့ ၆၄ ဖွဲ့တောင်းဆို

(Unicode)

မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေတွေတိုးတက်လာစေဖို့အရေး အရေးယူ ဆောင်ရွက်ပေးဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးMike Pompeo ကို တိုက်တွန်းတောင်းဆိုထားတဲ့ အိတ်ဖွင့်ပေးစာတစ်စောင်ကို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ ၆၄ခုကပူးတွဲ ထုတ်ပြန်ခဲ့ပါတယ်။ မေလ ၁၂ ရက်နေ့ရက်စွဲနဲ့ အဲဒီ ကြေညာချက်မှာ မြန်မာ နိုင်ငံအတွင်း မြန်မာ အစိုးရနဲ့ မြန်မာစစ်တပ်က တိုင်းရင်းသား နဲ့ လူနည်းစု ဘာသာဝင် တွေရဲ့ အခွင့်အရေးကို ချိုးဖောက်နေတာ ရပ်ဆိုင်းသွားအောင် အမေရိကန် အစိုးရအနေနဲ့ သံတမန်ရေးအရ ဖိအား ပေးရမယ်လို့ အမေရိကန် ဂျူးအခွင့်အရေးအဖွဲ့တစ်ခု ဖြစ်တဲ့ American Jewish World Service က လူ့အခွင့်အရေး အဖွဲ့ ၆၄ ဖွဲ့ ကိုယ်စားထုတ်ပြန်တဲ့ကြေညာချက်မှာတောင်းဆိုထားပါတယ်။

မြန်မာအစိုးရက မီဒီယာတွေအပေါ်ထိုးနှက်တိုက်ခိုက်နေမှုနဲ့ အင်တာနက် ဖြတ်တောက်ပြီး တိုင်းရင်းသားနဲ့ လူနည်းစု ဘာသာဝင်တွေအကြား သတင်းအချက်အလက် စီးဆင်းမှုကို ပိတ်ဆို့ တာတွေ အပါအဝင် ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ အတွက် စိုးရိမ် ပူပန်မိတယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။

COVID-19 ကပ်ရောဂါ စမ်းသပ် ကိရိယာတွေ၊ ကျန်းမာရေး ဝန်ဆောင်မှုနဲ့ လူသားချင်း စာနာမှု အထောက်အပံ့တွေ တိုင်းရင်းသားတွေနဲ့ လူနည်းစု ဘာသာဝင်တွေအပါအဝင် လူတိုင်းဆီကို ရောက်ဖို့ မြန်မာအစိုးရက ဆောင်ရွက်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

လူ့အခွင့်အရေးအဖွဲ့ ၆၄ ဖွဲ့ရဲ့ အိတ်ဖွင့်စာထဲမှာတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ မေတ္တာရပ်ခံချက်နဲ့အညီ မြန်မာနိုင်ငံအတွင်း အပစ်အခတ်ရပ်စဲကြဖို့ကို အဓိက တောင်းဆိုထားသလို မြန်မာအစိုးရကသတင်းသမားတွေကို တိုက်ခိုက်နေမှုနဲ့ အင်တာနက်လိုင်းတွေ ပိတ်ပင်ထားတာကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုထားပါတယ်။

မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးကတော့ မြန်မာ နိုင်ငံအတွင်း အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေရှိတဲ့နေရာတွေကလွဲပြီး ကျန်တဲ့နေရာတွေမှာ မေလ ၁၀ ရက်နေ့ ကနေ သြဂုတ်လ ၃၁ ရက်နေ့အထိ အပစ်အခတ် ရပ်စဲသွားမှာ မေလ ၉ ရက်က ကြေညာထားခဲ့ပါတယ်။ လက်ရှိမှာ အကြမ်းဖက် အဖွဲ့ အစည်းအဖြစ် အစိုးရက သတ်မှတ်ကြေညာထားတာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ ARSA အဖွဲ့တို့ရှိပြီး တိုက်ပွဲတွေ အများဆုံးဖြစ် နေတာ ကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ပတ်ဝန်းကျင်မှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ထဲ အင်တာနက် ပိတ်ပင် ခံ ထားရတဲ့ မြို့နယ် ၈ ခုအနက် မောင်းတောမြို့နယ်မှာ မေလ ၂ရက်နေ့ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးခဲ့ပေမယ့် တခြားမြို့နယ်တွေမှာတော့ အင်တာနက် ပိတ်ပင်ခံနေရဆဲ ဖြစ်ပါတယ်။အင်တာလိုင်းတွေကတဆင့် လက်ရှိဖြစ်ပွား နေတဲ့COVID-19 ရောဂါနဲ့ ပတ်သတ်ပြီး သတင်းအချက်တွေရယူနိုင်တာကြောင့် ရခိုင်မြောက်ပိုင်းက မြို့နယ်တွေနဲ့ ချင်းပြည်နယ်က ပလက်ဝ မြို့နယ်တွေကို အင်တာလိုင်းဖြတ် တောက်ထားတာနဲ့ ပတ်သတ်ပြီး ပြန်ဖွင့်ပေးဖို့၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာရော ပြည်တွင်းက လွှတ်တော်အမတ်တွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက တောင်းဆိုထား ကြပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG