သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ပညာေပးပန္းခ်ီေၾကာင့္ အမႈဖြင့္ထားတာ ႐ုပ္သိမ္းဖို႔ HRW ေတာင္းဆို


HRW အာရွေရးရာလက္ေထာက္ညႊန္ၾကားေရးမွဴး Phil Robertson

(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ ကိုုရိုနာဗုိင္းရပ္စ္ ကပ္ေရာဂါ အသိပညာေပး ပန္းခ်ီေတြကို အမ်ားျပည္သူနဲ႔သက္ဆုိင္တဲ့ေနရာမွာ ေရးဆြဲခဲ့ၾကတဲ့ Street artist နံရံပန္းခ်ီေရးဆြဲသူ ၃ ဦးအေပၚ အမႈဖြင့္အေရးယူထားတာေတြ အားလုံး ခ်က္ခ်င္းရုပ္သိမ္းေပးဖို႔ လူ႔အခြင့္အေရးေလ့လာေစာင့္ၾကည့္ေရးအဖြဲ႔ HRW က ဧၿပီလ ၈ ရက္ေန႔မွာ ေၾကျငာခ်က္ထုတ္ ေတာင္းဆိုလိုက္ပါတယ္။

ကိုေဇယ်ာေနာင္း၊ ဂ်ာဆုိင္းနဲ႔ ေနာ္ထြန္းေအာင္တို႔ က်င္ခ်င္ျပည္နယ္၊ ျမစ္ႀကီးနား ဘူတာတုိ က္တန္းမွာ ေရးဆြဲခဲ့တဲ့ အသိပညာေပးနံရံပန္းခ်ီေတြဟာ ဗုဒၵဘာသာကို ထိခိုက္ေစတဲ့ ယူဆခ်က္ေတြ ပါ၀င္ေနတဲ့အတြက္ ဆိုၿပီး ဧၿပီလ ၃ ရက္ေန႔မွာ သာသနာေရးဦးစီးဌာနက ျမစ္ႀကီးနား တရားရုံးမွာ ဦးတိုက္ေလွ်ာက္ထားခဲ့တာ ျဖစ္ပါတယ္။

သူတို႔ေရးထားတဲ႔ ပန္းခ်ီထဲမွာ နီညိဳေရာင္ ၀တ္႐ုံ၀တ္ထားတဲ့ အ႐ိုးေခါင္းနဲ႔ လူပုံဟာ ဗုဒၵဘာသာဘုန္းႀကီးနဲ႔ တူတယ္ဆိုတဲ့ ေ၀ဖန္မႈေတြ ထြက္ေပၚလာၿပီးတဲ့ေနာက္ခုလို အမႈဖြင့္အေရးယူထားတာလည္းျဖစ္ပါတယ္။

ျမန္မာတာ၀န္ရွိသူေတြအေနနဲ႔ခုလို အဓိပၸာယ္မရွိတဲ့ ကိစၥကို အာ႐ုံစိုက္ေနမယ့္အစား ကို႐ိုနာဗုိင္းရပ္စ္ ကပ္ေရာဂါအေရးကို ပိုၿပီး အေလးထား ေဆာင္ရြက္သင့္တယ္လို႔ HRW အာရွေရးရာလက္ေထာက္ညႊန္ၾကားေရးမွဴး Phil Robertson က ေျပာပါတယ္။

ပန္းခ်ီေရးဆြဲသူေတြရဲ ႔ လြတ္လပ္စြာ ထုတ္ေဖာ္ေရးသားခဲ့တဲ့ ပန္းခ်ီေရးဆြဲသူေတြကို ျမန္မာအာဏာပုိင္ေတြ အေရးယူတဲ့အေပၚ မစၥတာ Robertson က ေ၀ဖန္ေျပာဆိုသြားတာျဖစ္သလို ပန္းခ်ီဆရာေတြအေပၚ စြဲဆိုထားတဲ့ အမႈအားလုံး ခ်က္ခ်င္း ရုပ္သိမ္းေပးဖို႔ တုိက္တြန္းခဲ့တာလည္းျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

COVID-19 ပညာပေးပန်းချီကြောင့် အမှုဖွင့်ထားတာ ရုပ်သိမ်းဖို့ HRW တောင်းဆို

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အသိပညာပေး ပန်းချီတွေကို အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာမှာ ရေးဆွဲခဲ့ကြတဲ့ Street artist နံရံပန်းချီရေးဆွဲသူ ၃ ဦးအပေါ် အမှုဖွင့်အရေးယူထားတာတွေ အားလုံး ချက်ချင်းရုပ်သိမ်းပေးဖို့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က ဧပြီလ ၈ ရက်နေ့မှာ ကြေငြာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။

ကိုဇေယျာနောင်း၊ ဂျာဆိုင်းနဲ့ နော်ထွန်းအောင်တို့ ကျင်ချင်ပြည်နယ်၊ မြစ်ကြီးနား ဘူတာတို က်တန်းမှာ ရေးဆွဲခဲ့တဲ့ အသိပညာပေးနံရံပန်းချီတွေဟာ ဗုဒ္ဒဘာသာကို ထိခိုက်စေတဲ့ ယူဆချက်တွေ ပါဝင်နေတဲ့အတွက် ဆိုပြီး ဧပြီလ ၃ ရက်နေ့မှာ သာသနာရေးဦးစီးဌာနက မြစ်ကြီးနား တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

သူတို့ရေးထားတဲ့ ပန်းချီထဲမှာ နီညိုရောင် ဝတ်ရုံဝတ်ထားတဲ့ အရိုးခေါင်းနဲ့ လူပုံဟာ ဗုဒ္ဒဘာသာဘုန်းကြီးနဲ့ တူတယ်ဆိုတဲ့ ဝေဖန်မှု တွေထွက်ပေါ်လာပြီးတဲ့နောက်ခုလို အမှုဖွင့်အရေးယူထားတာလည်းဖြစ်ပါတယ်။

မြန်မာတာဝန်ရှိသူတွေအနေနဲ့ခုလို အဓိပ္ပာယ်မရှိတဲ့ ကိစ္စကို အာရုံစိုက်နေမယ့်အစား ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအရေးကို ပိုပြီး အလေးထား ဆောင်ရွက်သင့်တယ်လို့ HRW အာရှရေးရာလက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။

ပန်းချီရေးဆွဲသူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခဲ့တဲ့ ပန်းချီရေးဆွဲသူတွေကို မြန်မာအာဏာပိုင်တွေ အရေးယူတဲ့အပေါ် မစ္စတာ Robertson က ဝေဖန်ပြောဆိုသွားတာဖြစ်သလို ပန်းချီဆရာတွေအပေါ် စွဲဆိုထားတဲ့ အမှုအားလုံး ချက်ချင်း ရုပ်သိမ်းပေးဖို့ တိုက်တွန်းခဲ့တာလည်းဖြစ်ပါတယ်။

XS
SM
MD
LG