သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကပ္ေရာဂါကာကြယ္ေရးမွာ လူ႔အခြင့္အေရးပူပင္စရာ


Equality Myanmar ညီမွ်ျခင္းျမန္မာအဖြဲ႕ အမႈေဆာင္ၫြန္ၾကားေရးမႈး ဦးေအာင္မ်ိဳးမင္း
ကပ္ေရာဂါကာကြယ္ေရးမွာ လူ႔အခြင့္အေရးပူပင္စရာ
please wait

No media source currently available

0:00 0:11:12 0:00
တိုက္႐ိုက္ လင့္ခ္

Covid-19 ကမာၻ႔ကပ္ေရာဂါေၾကာင့္ လူစုလူေဝးမျဖစ္ဖို႔ အစိုးရတားျမစ္မိန႔္ေတြ ထုတ္ျပန္ခ်ိန္မွာ၊ တဦးခ်င္း လူ႔အခြင့္အေရး ထိခိုက္မွာလည္း လူ႔အခြင့္အေရးလႈပ္ရွားသူေတြ ပူပင္ေနပါတယ္။ Equality Myanmar ညီမွ်ျခင္းျမန္မာအဖြဲ႕ အမႈေဆာင္ၫြန္ၾကားေရးမႈး ဦးေအာင္မ်ိဳးမင္း ကို ကိုသားၫြန႔္ဦးက Skype ကတဆင့္ ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး ။ ။ မဂၤလာပါခင္မ်ား။ က်ေနာ္တို႔ Covid-19 ေရာဂါအက်ပ္အတည္း အေျခအေန ႀကံဳလာတာနဲ႔အတူပဲ ျမန္မာႏုိင္ငံ တိုင္းနဲ႔ျပည္နယ္ အေတာ္မ်ားမ်ားမွာ ညမထြက္ရအမိန္႔ေတြ အခ်ိန္တိုးျမွင့္ၿပီးေတာ့ ထုတ္ျပန္တာေတြ။ ေနာက္ အစိုးရကလည္း တခ်ဳိ ႔ၿမိဳ ႔နယ္ေတြ၊ ျပည္နယ္ေတြ၊ တခ်ဳိ ႔ေနရာေတြကို အသြားအလာ ကန္႔သတ္တာေတြ လုပ္လာပါတယ္။ ဒီအေျခအေနဟာ ျမန္မာႏုိင္ငံရဲ ႔ လူ႔အခြင့္အေရးအေပၚ ဘယ္ေလာက္အထိ သက္ေရာက္မႈ ရိွလာသလဲဆိုတာကိုိ ျမန္မာႏုိင္ငံမွာရိွေနတဲ့ ညီမွ်ျခင္းျမန္မာ (Equality Myanmar) ရဲ ႔ အမႈေဆာင္ညႊန္ၾကားေရးမွဴး ကိုေအာင္မ်ဳိးမင္းနဲ႔ ဆက္သြယ္ေမးျမန္းထားပါတယ္။ အခု ျမန္မာႏိုင္ငံမွာ တင္းၾကပ္တဲ့အမိန္႔ေတြ ပိုၿပီးေတာ့ ထုတ္လာပါတယ္။ ဒီအေျခအေနက ျမန္မာႏုိင္ငံရဲ ႔ လူ႔အခြင့္အေရး အေျခအေနနဲ႔ ပတ္သက္ၿပီးေတာ့ ဘယ္ေလာက္အထိ ရိုက္ခတ္မႈ ရိွပါသလဲ။ အရင္ဆံုး အဲဒါေလးကို ေျပာျပေပးပါ။

ေျဖ ။ ။ ဒီလိုမ်ဳိး အမိန္႔ေတြထုတ္ျပန္ျခင္းကေတာ့ ေျပာမယ္ဆိုရင္ေတာ့ ၿငိမ္းခ်မ္းစြာ စုေဝးမႈေတြ၊ ၿငိမ္းခ်မ္းစြာနဲ႔ သြားလာမႈေတြ - ခရီးသြားလာမႈအပိုင္းကိုေတာ့ ထိခိုက္တာ ေသခ်ာတယ္။ ဒီဟာတစ္ခုကေတာ့ ေျပာမယ္ဆိုရင္ ႏုိင္ငံတကာဥပေဒေတြမွာ ေျပာထားပါတယ္။ ဒါကေတာ့ တုိင္းျပည္ရဲ ႔ အေျခအေန၊ က်န္းမာေရး၊ ေနာက္တခါ ကပ္ေဘးေတြ ျဖစ္တဲ့အခါမွာ တိုင္းျပည္ရဲ ႔ အေရးေပၚအေျခအေနက တခ်ဳိ ႔ေသာအခြင့္အေရးေတြကို ကန္႔သတ္ခြင့္ ရိွပါတယ္လို႔ ေျပာထားတဲ့အတြက္ ဒီဟာက မကန္႔သတ္ရင္ေတာ့ အေကာင္းဆံုးပါ။ လိုအပ္ရင္ေတာ့ ကန္႔သတ္လို႔ရတယ္ဆိုတဲ့ အေျခအေနမ်ဳိး ျဖစ္တဲ့အတြက္ လိုအပ္တယ္ဆိုတဲ့ အေၾကာင္းအရာကိုျပဖို႔ လိုအပ္ပါတယ္။ အဲဒီေတာ့ လက္ရိွအေျခအေနမွာ တခ်ဳိ ႔ေသာေဒသေတြမွာ၊ တခ်ဳိ ႔ေသာၿမိဳ ႔နယ္ေတြမွာ ဒီလိုမ်ဳိး Covid-19 နဲ႔ ပတ္သက္တယ္ဆိုၿပီးေတာ့ ကူးစက္တယ္ဆိုတဲ့ လကၡဏာျပတဲ့လူေတြ ရိွတဲ့အတြက္ ဒါမ်ဳိးကန္႔သတ္တာေတြကို ေတြ႔ရပါတယ္။ ဒါကို က်န္းမာေရးရႈေထာင့္ကေန လက္ခံလို႔ရပါတယ္။

ဒါေပမဲ့ ကန္႔သတ္မႈကို ေျပာတဲ့အခါမွာ အဓိက (၂) ခ်က္ ရိွပါတယ္။ တကယ့္ကို တရားဥပေဒ လုပ္ထံုးလုပ္နည္းအရ ကန္႔သတ္လို႔ရတဲ့ လုပ္ထံုးလုပ္နည္းကို ျဖတ္သန္းရမယ္။ ေနာက္တခုကေတာ့ လိုအပ္သေလာက္သာ က်ေနာ္တုိ႔ ကန္႔သတ္ရမယ္။ လိုအပ္တာထက္ ပိုၿပီးေတာ့ မကန္႔သတ္ရဘူး။ အဲဒီေတာ့ က်ေနာ္တို႔ အခုနေျပာတဲ့ တခ်ဳိ ႔ေနရာေတြမွာ ဘာမွကိစၥမရိွဘဲနဲ႔ ကန္႔သတ္တဲ့အရာမ်ဳိး မျဖစ္ဖို႔ လုိအပ္သလို၊ အမိန္႔ေတြက ဟိုကထုတ္လိုက္၊ ဒီကထုတ္လိုက္ အဲဒီလိုမ်ဳိးျဖစ္လို႔ မရဘူး။ တကယ့္ကို အမိန္႔ထုတ္ခြင့္ရိွေသာ ဗဟိုအဆင့္လား။ ဒါမွမဟုတ္လို႔ရိွရင္ ျပည္နယ္တိုင္းေဒသက အစိုးရအဆင့္လား။ အဲဒီဟာေတြကို ေသေသခ်ာခ်ာ ရွင္းဖို႔ေတာ့ လိုအပ္ပါတယ္။

ေနာက္ထပ္အေရးႀကီးတာကေတာ့ ဒီအမိန္႔ေတြ ထုတ္ျပန္တဲ့အခါမွာ ရွင္းလင္းျပတ္သားဖို႔ပါ။ တခါတေလ အမိန္႔ေၾကညာခ်က္ ထုတ္လာတယ္။ ဒါေပမဲ့ အဲဒီအမိန္႔ေၾကညာခ်က္မွာ ေရးသားခ်က္ေတြက မရွင္းတဲ့အခါမွာ အေခါက္ေခါက္အခါခါ ဖတ္ရတယ္။ ဖတ္ရေတာ့ ထြက္ခြင့္ေပးတာလား။ မထြက္ခြင့္ ေပးတာလား။ လူ (၅) ေယာက္ထက္ ပိုစုရမွာလား။ မစုရဘူးလား။ အလုပ္ကို သြားခြင့္ရိွတာလား။ သြားခြင့္မရိွဘူးလား။ ေသခ်ာမသိတဲ့အတြက္ တခ်ဳိ ႔ေသာ အမိန္႔ေတြက ထုတ္ျပန္ၿပီးေတာ့ ျပည္သူလူထုက နားမလည္ဘူး။ နားမလည္တဲ့အတြက္ ဘယ္လိုမ်ဳိး လုပ္ေဆာင္ရမွာကို မသိတဲ့အတြက္ ကန္႔သတ္လို႔ရေပမယ့္ တခ်ဳိ ႔ေသာေနရာေတြမွာ ေထာက္ျပစရာ ျဖစ္ေနတဲ့ အျဖစ္အပ်က္ကေတာ့ Covid-19 ကို တားဆီးဖုိ႔ ႀကိဳးစားေနတဲ့ ျမန္မာႏုိင္ငံရဲ ႔ လက္ရိွအေျခအေနရဲ ႔ အားနည္းခ်က္ ျဖစ္ပါတယ္။

ေမး ။ ။ အဲဒီေတာ့ ဒီေနရာမွာ က်ေနာ္ တခါတည္းေမးခ်င္တာက တခ်ဳိ ႔ၿမိဳ ႔နယ္ေတြ - ရန္ကုန္မွာဆို အခုႀကံဳေနရၿပီလို႔ သိရပါတယ္။ တခ်ဳိ ႔ၿမိဳ ႔နယ္ေတြမွာ အသြားအလာ ပိတ္ပင္ဖို႔အတြက္ အစိုးရေဒသႏၱရအမိန္႔ေတြ ထုတ္ျပန္လိုက္တယ္။ ဒါေပမဲ့ တခ်ဳိ ႔ရပ္ကြက္ေတြၾကေတာ့ ရပ္ကြက္လိုက္ကို ပိတ္ထားတဲ့၊ ကိုယ့္ဘာသာကိုယ္ ကိုယ့္အုပ္ခ်ဳပ္ေရး ပိတ္ထားတဲ့သေဘာမ်ဳိးေတြကို ၾကားေနရတယ္။ အဲဒီအေနအထားနဲ႔ ပတ္သက္ၿပီး ကိုေအာင္မ်ဳိးမင္း ဘယ္လိုယူပါသလဲ။

ေျဖ ။ ။ အဲဒီေတာ့ အခုန က်ေနာ္ေျပာသလိုပါပဲ။ ဒီလိုမ်ဳိးအမိန္႔ေတြက ထုတ္ခြင့္ရိွတဲ့လူက ထုတ္တာလား။ ဒါမွမဟုတ္လို႔ ကိုယ့္လမ္းအႏၱရာယ္ ကိုယ္ဘာသာေၾကာက္လို႔ လမ္းသူလမ္းသားေတြက စုေဝးၿပီးေတာ့ ထုတ္တာလား။ အဲဒါေတြကိုရွင္းဖို႔ လုိအပ္ပါတယ္။ တကယ္လို႔ ထုတ္ဖို႔လိုအပ္တယ္လို႔ ျပဌာန္းထားလို႔ရိွရင္ အမိန္႔ကလည္း တရားဝင္ျဖစ္ဖုိ႔ လိုအပ္သလို၊ အဲဒီတရားဝင္ပါရိွတဲ့ အမိန္႔အတိုင္းပဲ အေကာင္အထည္ေဖာ္တဲ့ အရာမ်ဳိး ျဖစ္ရမယ္။ အဲဒီေတာ့ က်ေနာ္တို႔ ဆိုလိုတဲ့အခ်က္က ဥပမာ အမိန္႔က ည (၁၀) နာရီကေန မနက္ (၄) နာရီ မထြက္ရဘူးဆိုရင္ ဘယ္သူမွ မထြက္ရဘူး ေသခ်ာပါတယ္။ ဒါေပမဲ့ အခုအခ်ိန္က ရိုးရိုးသာမန္အခ်ိန္မွာ ကိုယ့္လမ္းနဲ႔ကိုယ္ ကိုယ့္သေဘာက်ပိတ္ၿပီးေတာ့ ကားေတြမဝင္ရဘူး။ အမိန္႔ထဲမွာ ကားေတြမဝင္ရဘူးလို႔ မပါဘူး။ ကိုဗစ္ေရာဂါဆိုတာလဲ ကားကေန ကူးစက္တာ မဟုတ္ဘူး။ လူေတြတေယာက္နဲ႔တေယာက္ ထိမိမွ ကူးစက္တာ။

အဲဒါေၾကာင့္ အခုနလို အေၾကာက္လြန္ၿပီးေတာ့ လမ္းေတြမွာ လုပ္ေဆာင္ေနျခင္းက အေၾကာက္လြန္ျခင္းေပၚ အေျခခံၿပီးေတာ့ လုပ္ေဆာင္တာ၊ တရားဥပေဒေပၚမွာ အေျခခံၿပီးေတာ့ လုပ္ေဆာင္တာ မဟုတ္တဲ့အတြက္ အဲဒါမ်ဳိးၾကေတာ့ လိုတဲ့အတိုင္း မဟုတ္ေတာ့ဘူး။ ဥပေဒအတိုင္း မဟုတ္ေတာ့ဘူးလို႔ ဆိုလိုခ်င္တယ္။ အဲဒီေတာ့ အစိုးရက ထုတ္သည့္တုိင္းေအာင္ ျပည္သူလူထုက ကိုယ့္ဘာသာကိုယ္ အဓိပၸါယ္ ျပန္ခ်င္သလိုျပန္၊ လုပ္ခ်င္သလို လုပ္တဲ့ဟာတခုကေတာ့ မျဖစ္သင့္ဘူး။ တကယ္လို႔ လုပ္မယ္ဆိုလို႔ရိွရင္ အစိုးရက ဒါေတြေတာ့ လုပ္လို႔ရတယ္။ ဒီေနရာမွာ ပူးေပါင္းပါဝင္ပါ။ ဥပမာ ည (၁၀) နာရီကေန မနက္ (၄) နာရီအထိ မထြက္ရဘူး။ ဒါေၾကာင့္မို႔ အစိုးရက ဒီလိုမ်ဳိး လံုၿခံဳေရးဌာနေတြ အကုန္လံုးက တၿမိဳ ႔နယ္လံုး လိုက္လုပ္၊ မရႏုိင္တဲ့အတြက္ အဲဒီေဒသမွာ မထြက္ဖို႔အတြက္ ရပ္ရြာျပည္သူလူထုက ပူးေပါင္းေဆာင္ရြက္ပါ။ အဲဒါမ်ဳိးေတာ့ ရတယ္။

ေနာက္အစိုးရက ထုတ္ထားတဲ့ စည္းကမ္းကတျခား။ ကိုယ့္လမ္းရဲ ႔ စည္းကမ္းက တျခား။ ပိုဆိုးတာက ဒီလိုမ်ဳိး စည္းကမ္းေတြခ်တဲ့အခါ လမ္းေတြမွာ တာဝန္ယူထားတဲ့လူေတြက ေဒါသေတြ ပါလာတယ္။ ေနာက္တခါ စိုးရိမ္မႈေတြပါလာတဲ့အတြက္ တရားဥပေဒအတုိင္း မဟုတ္ဘဲနဲ႔ လိုအပ္တာထက္ ၿခိမ္းေျခာက္တာ၊ လိုအပ္တာထက္ ပိုၿပီးေတာ့ အႏၱရာယ္ေပးတဲ့အခါမွာ တျခားေသာ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ ဆက္လက္ျဖစ္္သြားတတ္တာကို သတိျပဳမႈရိွဖို႔ လိုအပ္ပါတယ္။

ေမး ။ ။ ဒီေနရာမွာ က်ေနာ္ ေနာက္တခုေမးခ်င္တာက အေနာက္ႏုိင္ငံေတြေပါ့ - အခုဆိုရင္ အေမရိကမွာ ႀကံဳရတယ္ - အစိုးရေတြက shutdown ေတြ လုပ္တဲ့အခါမွာ လက္မခံဘဲ ဆႏၵျပတဲ့အင္အားစုေတြတခ်ဳိ ႔ထြက္လာတယ္ ၊ ဆႏၵျပတာေတြ ရိွလာတယ္။ အဲဒီေတာ့ ဒီေနရာမွာလဲ တခ်ဳိ ႔ေစာဒက တက္ၾကတာက အခုထိ တကမာၻလံုး ႀကံုေနရတဲ့ က်န္းမာေရးအဆင့္ဟာ အက်ပ္အတည္းႀကီး၊ ကပ္ေရာဂါဆိုးႀကီး။ ဒီအေျခအေန တဘက္မွာ တဦးခ်င္းလူ႔အခြင့္အေရး အေျခအေန။ ဆိုေတာ့ ဒီအေျခအေနႏွစ္ရပ္ကို ယွဥ္လိုက္လို႔ရိွရင္ တဦးခ်င္းလူ႔အခြင့္အေရး အေျခအေနထက္စာလုိ႔ရိွရင္ တကမာၻလံုး ႀကံဳေနရတဲ့ ကပ္ေရာဂါ အေျခအေနကို ပိုၿပီးေတာ့ ဦးစားေပးသင့္တယ္ဆိုတဲ့ အျမင္မ်ဳိးလဲ ရိွၾကပါတယ္။ ကိုေအာင္မ်ဳိးမင္း ဘယ္လိုယူဆပါသလဲ။

ေျဖ ။ ။ ဟုတ္ပါတယ္ တဦးခ်င္းအခြင့္အေရးေတြကေတာ့ ရိွရမယ္။ ဒါေပမဲ့ အခုနလို အမ်ားျပည္သူအတြက္ အႏၱရာယ္ျဖစ္ႏိုင္တဲ့ ကပ္ေရာဂါျပႆနာေတြ။ ကူးစက္ႏုိင္တဲ့ ေရာဂါ။ ကူးစက္တာမွ အလြယ္တကူမဟုတ္ဘဲနဲ႔ တကယ္ကို အဆမတန္လ်င္ျမန္စြာ ကူးစက္ႏိုင္တဲ့အရာမ်ဳိးဆိုရင္ တခ်ဳိ ႔ေသာအခြင့္အေရးေတြကို ကန္႔သတ္လို႔ရပါတယ္။ အဲဒါကေတာ့ အခုနေျပာသလိုပဲ လူစုလူေဝးလုပ္တာ၊ သြားလာတာ၊ ဒါေတြကို ကန္႔သတ္လုိ႔ရတယ္။ ဒါေပမဲ့ ကန္႔သတ္လို႔မရတဲ့ တဦးခ်င္း အခြင့္အေရးလည္း ရိွပါတယ္။ ဒါက ဘာကိုဆိုလိုလဲဆိုရင္ေတာ့ သူ၏ ယံုၾကည္မႈအတိုင္း ယံုၾကည္မႈကို လုပ္ေဆာင္လို႔ မရဘူး။ ေနာက္တခုက သူ႔ရဲ ႔သြားလာမႈကို ကန္႔သတ္တဲ့ အေျခအေနမ်ဳိးမွာ က်ဴးလြန္တဲ့အတြက္ ႏိွပ္စက္ညဥ္းပမ္းျခင္းေတြ၊ လူမဆန္စြာ အျပစ္ေပးျခင္းေတြကိုေတာ့ လုပ္လို႔မရဘူး။ ေနာက္တခါ ဒီလိုမ်ဳိးလုပ္ေဆာင္ၿပီးေတာ့ ခ်ဳိးေဖာက္လို႔ရိွရင္ေတာ့ တရားဥပေဒအတိုင္းပဲ စီမံရမယ္။ တရားလက္လြတ္ ႏိွပ္စက္တာေတြ၊ တရားလက္လြတ္ သတ္ျဖတ္တာေတြ၊ တရားလက္လြတ္ အျပစ္ေပးတာေတြ အဲဒါေတြကို လုပ္လို႔မရဘူး။ က်ေနာ္တို႔မွာ အစိုးရနဲ႔ ျပည္သူလူထု နားလည္ဖို႔က တခ်ဳိ ႔ေသာအခြင့္အေရးေတြကို ဆိုင္းငံ့လို႔ရတယ္။ ဒါေပမဲ့ တခ်ဳိ ႔ေသာအခြင့္အေရးေတြကို ဆိုင္းငံ့လို႔ ရတယ္ဆိုတဲ့အတြက္ အခြင့္အေရးမွန္သမွ် အကုန္လံုးကို ခ်ဳိးေဖာက္လို႔ရတယ္။ လုပ္ခ်င္တာ လုပ္လုိ႔မရဘူးဆိုတာကို အစိုးရလည္း သေဘာေပါက္ဖို႔ လိုအပ္တယ္။ ျပည္သူလူထုကလည္း လက္ခံဖို႔ လိုအပ္သလို၊ တခ်ိန္တည္းမွာ ဒီတာဝန္ထမ္းေဆာင္တဲ့ တရားဥပေဒစိုးမိုးေရးလုပ္တဲ့ လံုၿခံဳေရးတာဝန္ယူတဲ့ လူေတြအကုန္လံုးလည္း ေကာင္းေကာင္းနားလည္သေဘာေပါက္ဖို႔ အရမ္းအေရးႀကီးပါတယ္။

ေမး ။ ။ ေနာက္ ျမန္မာႏုိင္ငံအေျခအေနနဲ႔ ပတ္သက္လို႔ ေျပာခ်င္ပါတယ္။ ျမန္္မာႏုိင္ငံက ေျပာရမယ္ဆိုရင္ တကမာၻလံုးက ေစာင့္ၾကည့္ခံေနရတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈနဲ႔ ပတ္သက္လို႔ စိုးရိမ္ဖြယ္ ႏုိင္ငံတႏိုင္ငံထဲမွာ ပါဝင္ပါတယ္။ ေျပာရမယ္ဆိုရင္ လူနည္းစုအခြင့္အေရး ျပႆနာေတြ၊ ၿပီးေတာ့ အေနာက္ဘက္မွာ ရိုဟင္ဂ်ာအေရး ျပႆနာေတြ။ ေနာက္တခုက ႏုိင္ငံေရးအက်ဥ္းသားမ်ဳိးေတြ။ ေနာက္ လယ္ယာေျမ ပိုင္ဆိုင္ခြင့္ ျပႆနာေတြ။ ဒီျပႆနာေတြ လူ႔အခြင့္အေရးနဲ႔ ပတ္သက္ၿပီး အမ်ားႀကီးရိွပါတယ္။ ဒီကပ္ေဘး အေျခအေနေၾကာင့္ ဒီလိုျပႆနာေတြ၊ ဒီလိုလူ႔အခြင့္အေရး စိုးရိမ္စရာေတြ၊ လူ႔အခြင့္အေရးအေျခအေနေတြက ေဘးေရာက္သြားၿပီလား။ ဘယ္လိုျမင္ပါလဲ။

ေျဖ ။ ။ ေဘးမေရာက္ဘူး။ ဒီကိစၥေတြက ကပ္ေဘးေၾကာင့္ ၿပီဆံုးသြားတာ မဟုတ္ဘူး။ ကပ္ေဘးေၾကာင့္ ပိုေတာင္ၾကည့္လာမယ့္သေဘာေတာင္ ရိွတယ္။ ဒါေပမဲ့ က်ေနာ္တို႔ အခုနေျပာသလို ကပ္ေဘးမွာ က်န္းမာေရးကိစၥကို တြန္လွန္ဖို႔ ႀကိဳးစားေနသလို၊ တျခား issues ေတြလည္း မ်က္စိျပတ္လို႔ မရပါဘူး။ သို႔ေသာ္ အခြင့္အေရးေတြက တခုနဲ႔တခု ဆက္စပ္ေနတာ ျဖစ္ပါတယ္။ ဥပမာ က်ေနာ္တို႔ ဒီကပ္ေဘးအတြင္းမွာ သတင္းျဖတ္ေတာက္မႈ လုပ္လိုက္မယ္ဆိုရင္ အခုနတုန္းက တုိင္းရင္းသားေဒသေတြ၊ ဒီကိစၥေတြမွာ တရားရုံးေတြကို ပိတ္ခ်လိုက္မယ္။ လံုးဝအကူအညီ မလုပ္ဘဲနဲ႔ တရားစီရင္ေရးကို ရပ္တန္႔လိုက္မယ္ဆိုရင္လဲ လက္ရိွစီရင္းေနတဲ့ ေျမယာဥပေဒေတြနဲ႔ ပတ္သက္ၿပီးေတာ့ ရင္ဆိုင္ေနတဲ့ အမႈေတြ။ ေနာက္တခါ ဒီကိစၥအတြင္းမွာ ျဖစ္ေပၚႏိုင္တဲ့ အမုန္းတရားေတြေၾကာင့္ အေျခခံတဲ့ အၾကမ္းဖက္မႈေတြ ဆက္ၿပီးေတာ့ ျဖစ္ႏိုင္တယ္။

အဲဒီေတာ့ တခုကို က်ေနာ္ ဦးစားေပးလုပ္ေနေပမယ့္ က်န္တဲ့အမႈေတြကို ပယ္ဖ်က္လိုက္လို႔၊ ေက်ေအးလိုက္လို႔။ ေနာက္တခုက ဒီဟာေတြကို ေမ့ျပစ္လိုက္လို႔ မရပါဘူး။ တဘက္မွာ အေရးႀကီးတဲ့ first priority လို႔ေခၚတဲ့ က်န္းမာေရးကိစၥကို ေျဖရွင္းေနသလို၊ အရင္ကိစၥေတြကိုလည္း ဆက္လက္ေဆာင္ရြက္ဖို႔အတြက္ လုပ္လို႔ရပါတယ္။ ေခ်ာင္းထိုးထားလို႔ မရပါဘူး။ ေနာက္တခုက ေတာ္ေတာ္သတိထားဖို႔က က်န္းမာေရးကိစၥ လုပ္ေဆာင္ေနတဲ့ကာလအတြင္းမွာပဲ သူကိုတားဆီးပါက ေနာက္ထပ္လူ႔အခြင့္အေရး အေျခအေန၊ ခ်ဳိးေဖာက္မႈေတြ ေနာက္ထပ္အသြင္းတမ်ဳိးနဲ႔ မေပၚေပါက္ဖို႔ က်ေနာ္တုိ႔ အမ်ားႀကီးသတိထားဖို႔ လိုအပ္ပါတယ္။

ေမး ။ ။ ဒါေပမဲ့ အခုအေျခအေနမွာ ေျပာမယ္ဆိုရင္ ကပ္ေရာဂါ ႏိွမ္းနင္းေရး အစိုးရက လုပ္ေနတဲ့ တခ်ိန္တည္းမွာပဲ ျမန္မာႏုိင္ငံ အေနာက္ဘက္ ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြျဖစ္ေနတယ္။ ဒုကၡသည္ျပႆနာေတြ သိပ္ႀကီးေနတယ္။ ဒီအေျခအေနနဲ႔ ပတ္သက္လုိ႔ အစိုးရကိုယ္တြယ္မႈကို ကိုေအာင္မ်ဳိးမင္း ဘယ္လိုယူဆပါလဲ။

ေျဖ ။ ။ အမွန္ေတာ့ က်ေနာ္တို႔ Covid-19 ကာလအတြင္းမွာ ဒီေရာဂါပိုးကို ဝိုင္းဝန္းတိုက္ခိုက္ဖို႔၊ တိုက္ဖ်က္ဖို႔အတြက္၊ တြန္းလွန္ဖို႔အတြက္ အင္တိုက္အားတိုက္ ႀကိဳးပမ္းဖို႔ လိုအပ္တဲ့အခ်ိန္ျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာ က်ေနာ္တုိ႔ ကုလသမဂၢ အေထြေထြအတြင္းေရးမွဴးခ်ဳပ္ကလည္း ဒါကိုေျပာထားပါတယ္။ ဒီအခ်ိန္မွာ စစ္ပြဲေတြ ရပ္ၾကပါ။ စစ္ပြဲမွာ အသံုးျပဳမယ့္ အင္အားေတြ၊ ခြန္အားေတြ၊ စစ္စရိတ္ေတြအစ ကိုဗစ္ကို က်ေနာ္တို႔ ဝိုင္းၿပီးေတာ့ တြန္းလွန္ၾကပါလို႔ သူကိုယ္တိုင္ ေျပာထားတယ္။ ဒါေပမဲ့ က်ေနာ္တို႔တုိင္းျပည္မွာက တဘက္မွာလဲ ကိုဗစ္ကို လုပ္ေဆာင္ေနတယ္။ တဘက္မွာလဲ အခုနေျပာတဲ့ ပဋိပကၡေတြ အမ်ားႀကိးရိွတယ္။ ပိုင္ရွင္မဲ့ ဒံုးက်ည္းေတြ၊ ပိုက္ရွင္မဲ့ ေသနတ္ေတြေၾကာင့္မို႔ အဲဒီေဒသမွာ ပိုျဖစ္ေတာ့ အဲဒီကလူေတြမွာ ပိုၿပီးေတာ့ခံရပါတယ္။ တဘက္မွာလဲ ကိုဗစ္က သူတို႔ဆီကို အခ်ိန္မေရြး ကူႏိုင္တယ္။ တဘက္မွာလဲ အခုနေျပာတဲ့ စစ္ပြဲကာလအတြင္းမွာ ႀကံဳေတြ႔ရတဲ့အတြက္ေၾကာင့္ ပိုၿပီးေတာ့ အႏၱရာယ္ ရိွႏိုင္တယ္။ ဘယ္အခ်ိန္ ဗံုးက်မလဲ။ ဘယ္အခ်ိန္ ေသနတ္ထန္မလဲဆိုတာ မသိတဲ့အတြက္၊ အဲဒီလိုကိစၥေတြကို ကူဖို႔ျဖစ္ပါတယ္။ အဲဒီေတာ့ က်ေနာ္ေျပာခ်င္တဲ့တခုက ကိုဗစ္ကိုလည္း တိုက္ခိုက္ပါ။ အခုနေျပာတဲ့ ၿငိမ္းခ်မ္းေရးနဲ႔ အဲဒီေဒသမွာရိွတဲ့ ပဋိပကၡတြင္းက လူေတြ က်န္းက်န္းမာမာနဲ႔ ေနႏုိင္ဖို႔၊ လံုလံုၿခံဳၿခံဳ ေနႏုိင္ဖို႔အတြက္ တျခားေသာအခြင့္အေရး ခ်ဳိးေဖာက္မႈေတြ အကုန္လံုးကို ရပ္တန္႔ပါ။ ဒါေပမဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈအတြက္၊ လုပ္ေဆာင္မႈအတြက္ ပိတ္ပင္လို႔မရပါဘူး။ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြကို ရပ္တန္႔ဖို႔အတြက္ပဲ က်ေနာ္ဆိုလိုတာ ျဖစ္ပါတယ္။

ေမး ။ ။ က်ေနာ္ ေနာက္ဆံုးအခ်က္တစ္ခု ေမးခ်င္ပါတယ္။ အဓိကေတာ့ နည္းနည္းအေသးစိတ္ဆန္ပါတယ္။ လက္ရိွ ျမန္မာအစိုးရက ထုတ္ျပန္ခ်က္ေတြ၊ ကိိုဗစ္ႏိွမ္းနင္းေရးနဲ႔ ကိုဗစ္ေရာဂါ မျပန္႔ပြားေရး တားဆီးဖို႔အတြက္ ႏိွမ္နင္းေရးအတြက္ ထုတ္ျပန္ခ်က္ေတြ၊ အမိန္႔ေတြ အမ်ားႀကိး ထြက္ပါတယ္။ ဒီေနရာမွာ ဒီအမိန္႔ေတြ၊ လုပ္ရပ္ေတြထဲမွာ တဦးခ်င္းအခြင့္အေရးကို သြားၿပီး ထိခိုက္တဲ့ဟာမ်ဳိးေတြကို သတိထားမိသလား။ ရိွေနပါၿပီလား။

ေျဖ ။ ။ အခုနတုန္းကလို လိုအပ္တာမ်ဳိး သြားလာဖို႔အတြက္ ဒါေတြပိတ္ပင္တယ္။ ေခတၱခဏ ဆိုင္းငံ့ထားတဲ့ဟာေတြ ရိွလာတယ္။ ဒါေပမဲ့ က်ေနာ္ စိုးရိမ္တာက ျမန္မာႏိုင္ငံမွာေတာ့ လက္ရိွမွာေတာ့ မရိွေသးဘူး။ ဒါေပမဲ့ ရိွႏိုင္တဲ့ အလားအလာေပါ့ - ဥပမာ ဖိလစ္ပင္မွာ အမိန္႔ေတြ ထုတ္ျပန္တယ္။ ေနာက္တခါ ဘာေတြေျပာၾကသလဲဆိုေတာ့ ဖိလစ္ပင္မွာ တကယ္လို႔မ်ား Duterte သူတို႔ဘာေျပာထားလဲ။ က်ဴးလြန္လို႔ရိွရင္ ပစ္သတ္ခြင့္ ေပးထားတယ္။ အဲဒီေတာ့ က်ေနာ္တို႔တိုင္းျပည္မွာလဲ ဖိလစ္ပင္ကို အားက်ၿပီးေတာ့ အဲဒီလိုပံုစံမ်ဳိး က်ဴးလြန္တယ္ဆိုၿပီးေတာ့ ပစ္သတ္တဲ့ဟာမ်ဳိး၊ မတရားဖမ္းဆီးတဲ့ဟာမ်ဳိး၊ အဲဒါေတြက ျဖစ္ႏုိင္တဲ့ကိစၥမ်ဳိးကို က်ေနာ္ စိုးရိမ္တယ္။ ကေမာၻဒီးယားႏုိင္ငံမွာ Covid ကို တားဆီးဖို႔ဆိုၿပိးေတာ့ Online မွာ ကိုဗစ္အေၾကာင္းကို ေျပာျပတဲ့ဟာကို သတင္းမွားေတြ ထုတ္ျပန္တယ္ဆိုၿပီးေတာ့ ဖမ္းဆီးတယ္။ ေနာက္တခါမွာ အစိုးရရဲ ႔ ေပၚလစီကို ေထာက္ျပလို႔ရိွရင္ ဒါကို ဖမ္းဆီးအေရးယူတဲ့ ကိစၥေတြရိွတယ္။ အဲဒီေတာ့ အဲဒီနမူနာေတြ၊ မေကာင္းတဲ့ နမူနာေတြ ကေမာၻဒီးယား၊ ဖိလစ္ပင္တို႔က ယူလာၿပီးေတာ့ ျမန္မာျပည္မွာ က်င့္သံုးလာမွာကို ပိုစိုးရိမ္ပါတယ္။ အဲဒီေတာ့ က်ေနာ္ေျပာခ်င္တဲ့တခုက လက္ရိွအခ်ိန္မွာေတာ့ အဲဒီေလာက္ထိေတာ့ မဆိုးေသးဘူး။ ဒါေပမဲ့ တျခားႏုိင္ငံက ဆိုးဝါးတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ။ ကိုဗစ္ကို အေၾကာင္းျပၿပီးေတာ့ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာၾကားခြင့္။ ေနာက္တခါမွာ တျခားေသာ လူတဦးတေယာက္ရဲ ႔ အသက္ရွင္ လံုၿခံဳခြင့္နဲ႔ တရားဥပေဒေရွ ႔မွာက warrant ဖမ္းဆီးခြင့္ဆိုတာကို ခ်ဳိးေဖာက္ၿပီး လုပ္ေဆာင္မွ အဲဒါေတြ ျဖစ္ဖို႔ မျဖစ္ေအာင္လဲ တုိက္တြန္းခ်င္ပါတယ္။ မျဖစ္သင့္ဘူးလို႔လဲ ယူဆပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒါေတြက ဘယ္အခ်ိန္မဆို ဆိုင္းငံ့လို႔မရေသာ တဦးတေယာက္ရဲ ႔ အခြင့္အေရးေတြပဲ ျဖစ္ပါတယ္။

ေမး ။ ။ အခုလို ရွင္းျပေပးတာ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။


==Unicode==

Covid-19 ကမ္ဘာ့ကပ်ရောဂါကြောင့် လူစုလူဝေးမဖြစ်ဖို့ အစိုးရတားမြစ်မိန့်တွေ ထုတ်ပြန်ချိန်မှာ၊ တဦးချင်း လူ့အခွင့်အရေး ထိခိုက်မှာလည်း လူ့အခွင့်အရေးလှုပ်ရှားသူတွေ ပူပင်နေပါတယ်။ Equality Myanmar ညီမျှခြင်းမြန်မာအဖွဲ့ အမှုဆောင်ညွန်ကြားရေးမှုး ဦးအောင်မျိုးမင်း ကို ကိုသားညွန့်ဦးက Skype ကတဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ မင်္ဂလာပါခင်များ။ ကျနော်တို့ Covid-19 ရောဂါအကျပ်အတည်း အခြေအနေ ကြုံလာတာနဲ့အတူပဲ မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ် အတော်များများမှာ ညမထွက်ရအမိန့်တွေ အချိန်တိုးမြှင့်ပြီးတော့ ထုတ်ပြန်တာတွေ။ နောက် အစိုးရကလည်း တချို့မြို့နယ်တွေ၊ ပြည်နယ်တွေ၊ တချို့နေရာတွေကို အသွားအလာ ကန့်သတ်တာတွေ လုပ်လာပါတယ်။ ဒီအခြေအနေဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအပေါ် ဘယ်လောက်အထိ သက်ရောက်မှု ရှိလာသလဲဆိုတာကို မြန်မာနိုင်ငံမှာရှိနေတဲ့ ညီမျှခြင်းမြန်မာ (Equality Myanmar) ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ကိုအောင်မျိုးမင်းနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။ အခု မြန်မာနိုင်ငံမှာ တင်းကြပ်တဲ့အမိန့်တွေ ပိုပြီးတော့ ထုတ်လာပါတယ်။ ဒီအခြေအနေက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်အထိ ရိုက်ခတ်မှု ရှိပါသလဲ။ အရင်ဆုံး အဲဒါလေးကို ပြောပြပေးပါ။

ဖြေ ။ ။ ဒီလိုမျိုး အမိန့်တွေထုတ်ပြန်ခြင်းကတော့ ပြောမယ်ဆိုရင်တော့ ငြိမ်းချမ်းစွာ စုဝေးမှုတွေ၊ ငြိမ်းချမ်းစွာနဲ့ သွားလာမှုတွေ - ခရီးသွားလာမှုအပိုင်းကိုတော့ ထိခိုက်တာ သေချာတယ်။ ဒီဟာတစ်ခုကတော့ ပြောမယ်ဆိုရင် နိုင်ငံတကာဥပဒေတွေမှာ ပြောထားပါတယ်။ ဒါကတော့ တိုင်းပြည်ရဲ့ အခြေအနေ၊ ကျန်းမာရေး၊ နောက်တခါ ကပ်ဘေးတွေ ဖြစ်တဲ့အခါမှာ တိုင်းပြည်ရဲ့ အရေးပေါ်အခြေအနေက တချို့သောအခွင့်အရေးတွေကို ကန့်သတ်ခွင့် ရှိပါတယ်လို့ ပြောထားတဲ့အတွက် ဒီဟာက မကန့်သတ်ရင်တော့ အကောင်းဆုံးပါ။ လိုအပ်ရင်တော့ ကန့်သတ်လို့ရတယ်ဆိုတဲ့ အခြေအနေမျိုး ဖြစ်တဲ့အတွက် လိုအပ်တယ်ဆိုတဲ့ အကြောင်းအရာကိုပြဖို့ လိုအပ်ပါတယ်။ အဲဒီတော့ လက်ရှိအခြေအနေမှာ တချို့သောဒေသတွေမှာ၊ တချို့သောမြို့နယ်တွေမှာ ဒီလိုမျိုး Covid-19 နဲ့ ပတ်သက်တယ်ဆိုပြီးတော့ ကူးစက်တယ်ဆိုတဲ့ လက္ခဏာပြတဲ့လူတွေ ရှိတဲ့အတွက် ဒါမျိုးကန့်သတ်တာတွေကို တွေ့ရပါတယ်။ ဒါကို ကျန်းမာရေးရှုထောင့်ကနေ လက်ခံလို့ရပါတယ်။

ဒါပေမဲ့ ကန့်သတ်မှုကို ပြောတဲ့အခါမှာ အဓိက (၂) ချက် ရှိပါတယ်။ တကယ့်ကို တရားဥပဒေ လုပ်ထုံးလုပ်နည်းအရ ကန့်သတ်လို့ရတဲ့ လုပ်ထုံးလုပ်နည်းကို ဖြတ်သန်းရမယ်။ နောက်တခုကတော့ လိုအပ်သလောက်သာ ကျနော်တို့ ကန့်သတ်ရမယ်။ လိုအပ်တာထက် ပိုပြီးတော့ မကန့်သတ်ရဘူး။ အဲဒီတော့ ကျနော်တို့ အခုနပြောတဲ့ တချို့နေရာတွေမှာ ဘာမှကိစ္စမရှိဘဲနဲ့ ကန့်သတ်တဲ့အရာမျိုး မဖြစ်ဖို့ လိုအပ်သလို၊ အမိန့်တွေက ဟိုကထုတ်လိုက်၊ ဒီကထုတ်လိုက် အဲဒီလိုမျိုးဖြစ်လို့ မရဘူး။ တကယ့်ကို အမိန့်ထုတ်ခွင့်ရှိသော ဗဟိုအဆင့်လား။ ဒါမှမဟုတ်လို့ရှိရင် ပြည်နယ်တိုင်းဒေသက အစိုးရအဆင့်လား။ အဲဒီဟာတွေကို သေသေချာချာ ရှင်းဖို့တော့ လိုအပ်ပါတယ်။

နောက်ထပ်အရေးကြီးတာကတော့ ဒီအမိန့်တွေ ထုတ်ပြန်တဲ့အခါမှာ ရှင်းလင်းပြတ်သားဖို့ပါ။ တခါတလေ အမိန့်ကြေညာချက် ထုတ်လာတယ်။ ဒါပေမဲ့ အဲဒီအမိန့်ကြေညာချက်မှာ ရေးသားချက်တွေက မရှင်းတဲ့အခါမှာ အခေါက်ခေါက်အခါခါ ဖတ်ရတယ်။ ဖတ်ရတော့ ထွက်ခွင့်ပေးတာလား။ မထွက်ခွင့် ပေးတာလား။ လူ (၅) ယောက်ထက် ပိုစုရမှာလား။ မစုရဘူးလား။ အလုပ်ကို သွားခွင့်ရှိတာလား။ သွားခွင့်မရှိဘူးလား။ သေချာမသိတဲ့အတွက် တချို့သော အမိန့်တွေက ထုတ်ပြန်ပြီးတော့ ပြည်သူလူထုက နားမလည်ဘူး။ နားမလည်တဲ့အတွက် ဘယ်လိုမျိုး လုပ်ဆောင်ရမှာကို မသိတဲ့အတွက် ကန့်သတ်လို့ရပေမယ့် တချို့သောနေရာတွေမှာ ထောက်ပြစရာ ဖြစ်နေတဲ့ အဖြစ်အပျက်ကတော့ Covid-19 ကို တားဆီးဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေရဲ့ အားနည်းချက် ဖြစ်ပါတယ်။

မေး ။ ။ အဲဒီတော့ ဒီနေရာမှာ ကျနော် တခါတည်းမေးချင်တာက တချို့မြို့နယ်တွေ - ရန်ကုန်မှာဆို အခုကြုံနေရပြီလို့ သိရပါတယ်။ တချို့မြို့နယ်တွေမှာ အသွားအလာ ပိတ်ပင်ဖို့အတွက် အစိုးရဒေသန္တရအမိန့်တွေ ထုတ်ပြန်လိုက်တယ်။ ဒါပေမဲ့ တချို့ရပ်ကွက်တွေကြတော့ ရပ်ကွက်လိုက်ကို ပိတ်ထားတဲ့၊ ကိုယ့်ဘာသာကိုယ် ကိုယ့်အုပ်ချုပ်ရေး ပိတ်ထားတဲ့သဘောမျိုးတွေကို ကြားနေရတယ်။ အဲဒီအနေအထားနဲ့ ပတ်သက်ပြီး ကိုအောင်မျိုးမင်း ဘယ်လိုယူပါသလဲ။

ဖြေ ။ ။ အဲဒီတော့ အခုန ကျနော်ပြောသလိုပါပဲ။ ဒီလိုမျိုးအမိန့်တွေက ထုတ်ခွင့်ရှိတဲ့လူက ထုတ်တာလား။ ဒါမှမဟုတ်လို့ ကိုယ့်လမ်းအန္တရာယ် ကိုယ်ဘာသာကြောက်လို့ လမ်းသူလမ်းသားတွေက စုဝေးပြီးတော့ ထုတ်တာလား။ အဲဒါတွေကိုရှင်းဖို့ လိုအပ်ပါတယ်။ တကယ်လို့ ထုတ်ဖို့လိုအပ်တယ်လို့ ပြဌာန်းထားလို့ရှိရင် အမိန့်ကလည်း တရားဝင်ဖြစ်ဖို့ လိုအပ်သလို၊ အဲဒီတရားဝင်ပါရှိတဲ့ အမိန့်အတိုင်းပဲ အကောင်အထည်ဖော်တဲ့ အရာမျိုး ဖြစ်ရမယ်။ အဲဒီတော့ ကျနော်တို့ ဆိုလိုတဲ့အချက်က ဥပမာ အမိန့်က ည (၁၀) နာရီကနေ မနက် (၄) နာရီ မထွက်ရဘူးဆိုရင် ဘယ်သူမှ မထွက်ရဘူး သေချာပါတယ်။ ဒါပေမဲ့ အခုအချိန်က ရိုးရိုးသာမန်အချိန်မှာ ကိုယ့်လမ်းနဲ့ကိုယ် ကိုယ့်သဘောကျပိတ်ပြီးတော့ ကားတွေမဝင်ရဘူး။ အမိန့်ထဲမှာ ကားတွေမဝင်ရဘူးလို့ မပါဘူး။ ကိုဗစ်ရောဂါဆိုတာလဲ ကားကနေ ကူးစက်တာ မဟုတ်ဘူး။ လူတွေတယောက်နဲ့တယောက် ထိမိမှ ကူးစက်တာ။

အဲဒါကြောင့် အခုနလို အကြောက်လွန်ပြီးတော့ လမ်းတွေမှာ လုပ်ဆောင်နေခြင်းက အကြောက်လွန်ခြင်းပေါ် အခြေခံပြီးတော့ လုပ်ဆောင်တာ၊ တရားဥပဒေပေါ်မှာ အခြေခံပြီးတော့ လုပ်ဆောင်တာ မဟုတ်တဲ့အတွက် အဲဒါမျိုးကြတော့ လိုတဲ့အတိုင်း မဟုတ်တော့ဘူး။ ဥပဒေအတိုင်း မဟုတ်တော့ဘူးလို့ ဆိုလိုချင်တယ်။ အဲဒီတော့ အစိုးရက ထုတ်သည့်တိုင်းအောင် ပြည်သူလူထုက ကိုယ့်ဘာသာကိုယ် အဓိပ္ပါယ် ပြန်ချင်သလိုပြန်၊ လုပ်ချင်သလို လုပ်တဲ့ဟာတခုကတော့ မဖြစ်သင့်ဘူး။ တကယ်လို့ လုပ်မယ်ဆိုလို့ရှိရင် အစိုးရက ဒါတွေတော့ လုပ်လို့ရတယ်။ ဒီနေရာမှာ ပူးပေါင်းပါဝင်ပါ။ ဥပမာ ည (၁၀) နာရီကနေ မနက် (၄) နာရီအထိ မထွက်ရဘူး။ ဒါကြောင့်မို့ အစိုးရက ဒီလိုမျိုး လုံခြုံရေးဌာနတွေ အကုန်လုံးက တမြို့နယ်လုံး လိုက်လုပ်၊ မရနိုင်တဲ့အတွက် အဲဒီဒေသမှာ မထွက်ဖို့အတွက် ရပ်ရွာပြည်သူလူထုက ပူးပေါင်းဆောင်ရွက်ပါ။ အဲဒါမျိုးတော့ ရတယ်။

နောက်အစိုးရက ထုတ်ထားတဲ့ စည်းကမ်းကတခြား။ ကိုယ့်လမ်းရဲ့ စည်းကမ်းက တခြား။ ပိုဆိုးတာက ဒီလိုမျိုး စည်းကမ်းတွေချတဲ့အခါ လမ်းတွေမှာ တာဝန်ယူထားတဲ့လူတွေက ဒေါသတွေ ပါလာတယ်။ နောက်တခါ စိုးရိမ်မှုတွေပါလာတဲ့အတွက် တရားဥပဒေအတိုင်း မဟုတ်ဘဲနဲ့ လိုအပ်တာထက် ခြိမ်းခြောက်တာ၊ လိုအပ်တာထက် ပိုပြီးတော့ အန္တရာယ်ပေးတဲ့အခါမှာ တခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ဖြစ်သွားတတ်တာကို သတိပြုမှုရှိဖို့ လိုအပ်ပါတယ်။

မေး ။ ။ ဒီနေရာမှာ ကျနော် နောက်တခုမေးချင်တာက အနောက်နိုင်ငံတွေပေါ့ - အခုဆိုရင် အမေရိကမှာ ကြုံရတယ် - အစိုးရတွေက shutdown တွေ လုပ်တဲ့အခါမှာ လက်မခံဘဲ ဆန္ဒပြတဲ့အင်အားစုတွေတချို့ထွက်လာတယ် ၊ ဆန္ဒပြတာတွေ ရှိလာတယ်။ အဲဒီတော့ ဒီနေရာမှာလဲ တချို့စောဒက တက်ကြတာက အခုထိ တကမ္ဘာလုံး ကြုံနေရတဲ့ ကျန်းမာရေးအဆင့်ဟာ အကျပ်အတည်းကြီး၊ ကပ်ရောဂါဆိုးကြီး။ ဒီအခြေအနေ တဘက်မှာ တဦးချင်းလူ့အခွင့်အရေး အခြေအနေ။ ဆိုတော့ ဒီအခြေအနေနှစ်ရပ်ကို ယှဉ်လိုက်လို့ရှိရင် တဦးချင်းလူ့အခွင့်အရေး အခြေအနေထက်စာလို့ရှိရင် တကမ္ဘာလုံး ကြုံနေရတဲ့ ကပ်ရောဂါ အခြေအနေကို ပိုပြီးတော့ ဦးစားပေးသင့်တယ်ဆိုတဲ့ အမြင်မျိုးလဲ ရှိကြပါတယ်။ ကိုအောင်မျိုးမင်း ဘယ်လိုယူဆပါသလဲ။

ဖြေ ။ ။ ဟုတ်ပါတယ် တဦးချင်းအခွင့်အရေးတွေကတော့ ရှိရမယ်။ ဒါပေမဲ့ အခုနလို အများပြည်သူအတွက် အန္တရာယ်ဖြစ်နိုင်တဲ့ ကပ်ရောဂါပြဿနာတွေ။ ကူးစက်နိုင်တဲ့ ရောဂါ။ ကူးစက်တာမှ အလွယ်တကူမဟုတ်ဘဲနဲ့ တကယ်ကို အဆမတန်လျင်မြန်စွာ ကူးစက်နိုင်တဲ့အရာမျိုးဆိုရင် တချို့သောအခွင့်အရေးတွေကို ကန့်သတ်လို့ရပါတယ်။ အဲဒါကတော့ အခုနပြောသလိုပဲ လူစုလူဝေးလုပ်တာ၊ သွားလာတာ၊ ဒါတွေကို ကန့်သတ်လို့ရတယ်။ ဒါပေမဲ့ ကန့်သတ်လို့မရတဲ့ တဦးချင်း အခွင့်အရေးလည်း ရှိပါတယ်။ ဒါက ဘာကိုဆိုလိုလဲဆိုရင်တော့ သူ၏ ယုံကြည်မှုအတိုင်း ယုံကြည်မှုကို လုပ်ဆောင်လို့ မရဘူး။ နောက်တခုက သူ့ရဲ့သွားလာမှုကို ကန့်သတ်တဲ့ အခြေအနေမျိုးမှာ ကျူးလွန်တဲ့အတွက် နှိပ်စက်ညဉ်းပမ်းခြင်းတွေ၊ လူမဆန်စွာ အပြစ်ပေးခြင်းတွေကိုတော့ လုပ်လို့မရဘူး။ နောက်တခါ ဒီလိုမျိုးလုပ်ဆောင်ပြီးတော့ ချိုးဖောက်လို့ရှိရင်တော့ တရားဥပဒေအတိုင်းပဲ စီမံရမယ်။ တရားလက်လွတ် နှိပ်စက်တာတွေ၊ တရားလက်လွတ် သတ်ဖြတ်တာတွေ၊ တရားလက်လွတ် အပြစ်ပေးတာတွေ အဲဒါတွေကို လုပ်လို့မရဘူး။ ကျနော်တို့မှာ အစိုးရနဲ့ ပြည်သူလူထု နားလည်ဖို့က တချို့သောအခွင့်အရေးတွေကို ဆိုင်းငံ့လို့ရတယ်။ ဒါပေမဲ့ တချို့သောအခွင့်အရေးတွေကို ဆိုင်းငံ့လို့ ရတယ်ဆိုတဲ့အတွက် အခွင့်အရေးမှန်သမျှ အကုန်လုံးကို ချိုးဖောက်လို့ရတယ်။ လုပ်ချင်တာ လုပ်လို့မရဘူးဆိုတာကို အစိုးရလည်း သဘောပေါက်ဖို့ လိုအပ်တယ်။ ပြည်သူလူထုကလည်း လက်ခံဖို့ လိုအပ်သလို၊ တချိန်တည်းမှာ ဒီတာဝန်ထမ်းဆောင်တဲ့ တရားဥပဒေစိုးမိုးရေးလုပ်တဲ့ လုံခြုံရေးတာဝန်ယူတဲ့ လူတွေအကုန်လုံးလည်း ကောင်းကောင်းနားလည်သဘောပေါက်ဖို့ အရမ်းအရေးကြီးပါတယ်။

မေး ။ ။ နောက် မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်လို့ ပြောချင်ပါတယ်။ မြန်မာနိုင်ငံက ပြောရမယ်ဆိုရင် တကမ္ဘာလုံးက စောင့်ကြည့်ခံနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်လို့ စိုးရိမ်ဖွယ် နိုင်ငံတနိုင်ငံထဲမှာ ပါဝင်ပါတယ်။ ပြောရမယ်ဆိုရင် လူနည်းစုအခွင့်အရေး ပြဿနာတွေ၊ ပြီးတော့ အနောက်ဘက်မှာ ရိုဟင်ဂျာအရေး ပြဿနာတွေ။ နောက်တခုက နိုင်ငံရေးအကျဉ်းသားမျိုးတွေ။ နောက် လယ်ယာမြေ ပိုင်ဆိုင်ခွင့် ပြဿနာတွေ။ ဒီပြဿနာတွေ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အများကြီးရှိပါတယ်။ ဒီကပ်ဘေး အခြေအနေကြောင့် ဒီလိုပြဿနာတွေ၊ ဒီလိုလူ့အခွင့်အရေး စိုးရိမ်စရာတွေ၊ လူ့အခွင့်အရေးအခြေအနေတွေက ဘေးရောက်သွားပြီလား။ ဘယ်လိုမြင်ပါလဲ။

ဖြေ ။ ။ ဘေးမရောက်ဘူး။ ဒီကိစ္စတွေက ကပ်ဘေးကြောင့် ပြီဆုံးသွားတာ မဟုတ်ဘူး။ ကပ်ဘေးကြောင့် ပိုတောင်ကြည့်လာမယ့်သဘောတောင် ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ အခုနပြောသလို ကပ်ဘေးမှာ ကျန်းမာရေးကိစ္စကို တွန်လှန်ဖို့ ကြိုးစားနေသလို၊ တခြား issues တွေလည်း မျက်စိပြတ်လို့ မရပါဘူး။ သို့သော် အခွင့်အရေးတွေက တခုနဲ့တခု ဆက်စပ်နေတာ ဖြစ်ပါတယ်။ ဥပမာ ကျနော်တို့ ဒီကပ်ဘေးအတွင်းမှာ သတင်းဖြတ်တောက်မှု လုပ်လိုက်မယ်ဆိုရင် အခုနတုန်းက တိုင်းရင်းသားဒေသတွေ၊ ဒီကိစ္စတွေမှာ တရားရုံးတွေကို ပိတ်ချလိုက်မယ်။ လုံးဝအကူအညီ မလုပ်ဘဲနဲ့ တရားစီရင်ရေးကို ရပ်တန့်လိုက်မယ်ဆိုရင်လဲ လက်ရှိစီရင်းနေတဲ့ မြေယာဥပဒေတွေနဲ့ ပတ်သက်ပြီးတော့ ရင်ဆိုင်နေတဲ့ အမှုတွေ။ နောက်တခါ ဒီကိစ္စအတွင်းမှာ ဖြစ်ပေါ်နိုင်တဲ့ အမုန်းတရားတွေကြောင့် အခြေခံတဲ့ အကြမ်းဖက်မှုတွေ ဆက်ပြီးတော့ ဖြစ်နိုင်တယ်။

အဲဒီတော့ တခုကို ကျနော် ဦးစားပေးလုပ်နေပေမယ့် ကျန်တဲ့အမှုတွေကို ပယ်ဖျက်လိုက်လို့၊ ကျေအေးလိုက်လို့။ နောက်တခုက ဒီဟာတွေကို မေ့ပြစ်လိုက်လို့ မရပါဘူး။ တဘက်မှာ အရေးကြီးတဲ့ first priority လို့ခေါ်တဲ့ ကျန်းမာရေးကိစ္စကို ဖြေရှင်းနေသလို၊ အရင်ကိစ္စတွေကိုလည်း ဆက်လက်ဆောင်ရွက်ဖို့အတွက် လုပ်လို့ရပါတယ်။ ချောင်းထိုးထားလို့ မရပါဘူး။ နောက်တခုက တော်တော်သတိထားဖို့က ကျန်းမာရေးကိစ္စ လုပ်ဆောင်နေတဲ့ကာလအတွင်းမှာပဲ သူကိုတားဆီးပါက နောက်ထပ်လူ့အခွင့်အရေး အခြေအနေ၊ ချိုးဖောက်မှုတွေ နောက်ထပ်အသွင်းတမျိုးနဲ့ မပေါ်ပေါက်ဖို့ ကျနော်တို့ အများကြီးသတိထားဖို့ လိုအပ်ပါတယ်။

မေး ။ ။ ဒါပေမဲ့ အခုအခြေအနေမှာ ပြောမယ်ဆိုရင် ကပ်ရောဂါ နှိမ်းနင်းရေး အစိုးရက လုပ်နေတဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေတယ်။ ဒုက္ခသည်ပြဿနာတွေ သိပ်ကြီးနေတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ အစိုးရကိုယ်တွယ်မှုကို ကိုအောင်မျိုးမင်း ဘယ်လိုယူဆပါလဲ။

ဖြေ ။ ။ အမှန်တော့ ကျနော်တို့ Covid-19 ကာလအတွင်းမှာ ဒီရောဂါပိုးကို ဝိုင်းဝန်းတိုက်ခိုက်ဖို့၊ တိုက်ဖျက်ဖို့အတွက်၊ တွန်းလှန်ဖို့အတွက် အင်တိုက်အားတိုက် ကြိုးပမ်းဖို့ လိုအပ်တဲ့အချိန်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကျနော်တို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကလည်း ဒါကိုပြောထားပါတယ်။ ဒီအချိန်မှာ စစ်ပွဲတွေ ရပ်ကြပါ။ စစ်ပွဲမှာ အသုံးပြုမယ့် အင်အားတွေ၊ ခွန်အားတွေ၊ စစ်စရိတ်တွေအစ ကိုဗစ်ကို ကျနော်တို့ ဝိုင်းပြီးတော့ တွန်းလှန်ကြပါလို့ သူကိုယ်တိုင် ပြောထားတယ်။ ဒါပေမဲ့ ကျနော်တို့တိုင်းပြည်မှာက တဘက်မှာလဲ ကိုဗစ်ကို လုပ်ဆောင်နေတယ်။ တဘက်မှာလဲ အခုနပြောတဲ့ ပဋိပက္ခတွေ အများကြိးရှိတယ်။ ပိုင်ရှင်မဲ့ ဒုံးကျည်းတွေ၊ ပိုက်ရှင်မဲ့ သေနတ်တွေကြောင့်မို့ အဲဒီဒေသမှာ ပိုဖြစ်တော့ အဲဒီကလူတွေမှာ ပိုပြီးတော့ခံရပါတယ်။ တဘက်မှာလဲ ကိုဗစ်က သူတို့ဆီကို အချိန်မရွေး ကူနိုင်တယ်။ တဘက်မှာလဲ အခုနပြောတဲ့ စစ်ပွဲကာလအတွင်းမှာ ကြုံတွေ့ရတဲ့အတွက်ကြောင့် ပိုပြီးတော့ အန္တရာယ် ရှိနိုင်တယ်။ ဘယ်အချိန် ဗုံးကျမလဲ။ ဘယ်အချိန် သေနတ်ထန်မလဲဆိုတာ မသိတဲ့အတွက်၊ အဲဒီလိုကိစ္စတွေကို ကူဖို့ဖြစ်ပါတယ်။ အဲဒီတော့ ကျနော်ပြောချင်တဲ့တခုက ကိုဗစ်ကိုလည်း တိုက်ခိုက်ပါ။ အခုနပြောတဲ့ ငြိမ်းချမ်းရေးနဲ့ အဲဒီဒေသမှာရှိတဲ့ ပဋိပက္ခတွင်းက လူတွေ ကျန်းကျန်းမာမာနဲ့ နေနိုင်ဖို့၊ လုံလုံခြုံခြုံ နေနိုင်ဖို့အတွက် တခြားသောအခွင့်အရေး ချိုးဖောက်မှုတွေ အကုန်လုံးကို ရပ်တန့်ပါ။ ဒါပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအတွက်၊ လုပ်ဆောင်မှုအတွက် ပိတ်ပင်လို့မရပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်ဖို့အတွက်ပဲ ကျနော်ဆိုလိုတာ ဖြစ်ပါတယ်။

မေး ။ ။ ကျနော် နောက်ဆုံးအချက်တစ်ခု မေးချင်ပါတယ်။ အဓိကတော့ နည်းနည်းအသေးစိတ်ဆန်ပါတယ်။ လက်ရှိ မြန်မာအစိုးရက ထုတ်ပြန်ချက်တွေ၊ ကိုဗစ်နှိမ်းနင်းရေးနဲ့ ကိုဗစ်ရောဂါ မပြန့်ပွားရေး တားဆီးဖို့အတွက် နှိမ်နင်းရေးအတွက် ထုတ်ပြန်ချက်တွေ၊ အမိန့်တွေ အများကြိး ထွက်ပါတယ်။ ဒီနေရာမှာ ဒီအမိန့်တွေ၊ လုပ်ရပ်တွေထဲမှာ တဦးချင်းအခွင့်အရေးကို သွားပြီး ထိခိုက်တဲ့ဟာမျိုးတွေကို သတိထားမိသလား။ ရှိနေပါပြီလား။

ဖြေ ။ ။ အခုနတုန်းကလို လိုအပ်တာမျိုး သွားလာဖို့အတွက် ဒါတွေပိတ်ပင်တယ်။ ခေတ္တခဏ ဆိုင်းငံ့ထားတဲ့ဟာတွေ ရှိလာတယ်။ ဒါပေမဲ့ ကျနော် စိုးရိမ်တာက မြန်မာနိုင်ငံမှာတော့ လက်ရှိမှာတော့ မရှိသေးဘူး။ ဒါပေမဲ့ ရှိနိုင်တဲ့ အလားအလာပေါ့ - ဥပမာ ဖိလစ်ပင်မှာ အမိန့်တွေ ထုတ်ပြန်တယ်။ နောက်တခါ ဘာတွေပြောကြသလဲဆိုတော့ ဖိလစ်ပင်မှာ တကယ်လို့များ Duterte သူတို့ဘာပြောထားလဲ။ ကျူးလွန်လို့ရှိရင် ပစ်သတ်ခွင့် ပေးထားတယ်။ အဲဒီတော့ ကျနော်တို့တိုင်းပြည်မှာလဲ ဖိလစ်ပင်ကို အားကျပြီးတော့ အဲဒီလိုပုံစံမျိုး ကျူးလွန်တယ်ဆိုပြီးတော့ ပစ်သတ်တဲ့ဟာမျိုး၊ မတရားဖမ်းဆီးတဲ့ဟာမျိုး၊ အဲဒါတွေက ဖြစ်နိုင်တဲ့ကိစ္စမျိုးကို ကျနော် စိုးရိမ်တယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ Covid ကို တားဆီးဖို့ဆိုပြိးတော့ Online မှာ ကိုဗစ်အကြောင်းကို ပြောပြတဲ့ဟာကို သတင်းမှားတွေ ထုတ်ပြန်တယ်ဆိုပြီးတော့ ဖမ်းဆီးတယ်။ နောက်တခါမှာ အစိုးရရဲ့ ပေါ်လစီကို ထောက်ပြလို့ရှိရင် ဒါကို ဖမ်းဆီးအရေးယူတဲ့ ကိစ္စတွေရှိတယ်။ အဲဒီတော့ အဲဒီနမူနာတွေ၊ မကောင်းတဲ့ နမူနာတွေ ကမ္ဘောဒီးယား၊ ဖိလစ်ပင်တို့က ယူလာပြီးတော့ မြန်မာပြည်မှာ ကျင့်သုံးလာမှာကို ပိုစိုးရိမ်ပါတယ်။ အဲဒီတော့ ကျနော်ပြောချင်တဲ့တခုက လက်ရှိအချိန်မှာတော့ အဲဒီလောက်ထိတော့ မဆိုးသေးဘူး။ ဒါပေမဲ့ တခြားနိုင်ငံက ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ။ ကိုဗစ်ကို အကြောင်းပြပြီးတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်။ နောက်တခါမှာ တခြားသော လူတဦးတယောက်ရဲ့ အသက်ရှင် လုံခြုံခွင့်နဲ့ တရားဥပဒေရှေ့မှာက warrant ဖမ်းဆီးခွင့်ဆိုတာကို ချိုးဖောက်ပြီး လုပ်ဆောင်မှ အဲဒါတွေ ဖြစ်ဖို့ မဖြစ်အောင်လဲ တိုက်တွန်းချင်ပါတယ်။ မဖြစ်သင့်ဘူးလို့လဲ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါတွေက ဘယ်အချိန်မဆို ဆိုင်းငံ့လို့မရသော တဦးတယောက်ရဲ့ အခွင့်အရေးတွေပဲ ဖြစ်ပါတယ်။

မေး ။ ။ အခုလို ရှင်းပြပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။

XS
SM
MD
LG