သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၇၅ ႏွစ္သက္တမ္းျပည့္ ကုလသမဂၢနဲ႔ ျမန္မာႏုိင္ငံ


ကုလသမဂၢ ႏွစ္ပတ္လည္ အေထြေထြညီလာခံ က်င္းပေနတဲ့ျမင္ကြင္း။ (စက္တင္ဘာ ၂၀၂၀၊ ဓာတ္ပုံ - United Nations)

(Zawgyi / Unicode)

Multilateralism ႏုိင္ငံစုံဝါဒ က်င့္သုံးေရး အေျခခံၿပီး ၁၉၄၅ ခုႏွစ္မွာ စတင္ဖဲြ႔စည္းခဲ့တဲ့ ကုလသမဂၢဟာ ဒီမူဝါဒ ထြန္းကားလာဖို႔ လုပ္ေဆာင္ရာမွာ အားနည္းေနေသးၿပီး ျမန္မာႏုိင္ငံလို ဖံြ႔ၿဖိဳးဆဲႏုိင္ငံေတြဘက္ ရပ္တည္ခ်က္မွာလည္း မွ်မွ်တတမဟုတ္ဘဲ ဘက္လိုက္မႈေတြ ရွိေနတယ္လို႔ နယူးေယာက္ ကုလသမဂၢဌာနခ်ဳပ္ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းက ဗီြအိုေအကို ေျပာပါတယ္။

၇၅ ႏွစ္သက္တမ္းျပည့္ ကုလသမဂၢရဲ႕ ျမန္မာႏုိင္ငံနဲ႔ ပတ္သက္တဲ့ ရပ္တည္ခ်က္အေပၚ ျမန္မာအစိုးရသေဘာထားကို မအင္ၾကင္းႏိုင္က သံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းကို ဆက္သြယ္ေမးျမန္းထားပါတယ္။

ဦးေဟာက္ဒုိဆြမ္း - “ကုလသမဂၢ ၇၅ ႏွစ္ျပည့္ သက္တမ္းကာလ ေရာက္ရွိလာတဲ့အခါမွာ ျပန္ၿပီးေတာ့ နည္းနည္း သုံးသပ္ၾကည့္မယ္ဆုိရင္ အထူးသျဖင့္ မ်က္ေမွာက္ကာလမွာဆုိရင္ ႏုိင္ငံစုံဝါဒရဲ႕ အေျခခံမူေတြနဲ႔ ပတ္သက္္ၿပီးေတာ့ အားနည္းခ်က္ေတြ အမ်ားႀကီးေတြ႔လာတယ္။ တကုိယ္ေတာ္ဝါဒေတြ မ်ားလာတယ္၊ အုပ္စုဖြဲ႔ၿပီးေတာ့ ႀကီးစုိးတဲ့ဝါဒေတြ ထြန္းကားလာတယ္၊ ဒါ့အျပင္ ပထဝီေဒသအလုိက္ အုပ္စုဖြဲ႔ ၿပိဳင္ဆုိင္မႈေတြ မ်ားလာတယ္၊ တႏုိင္ငံနဲ႔တႏုိင္ငံ ကုန္သြယ္မႈကို ရန္လိုမႈေတြ ယွဥ္ၿပိဳင္မႈေတြ မ်ားလာတယ္၊ ပဋိပကၡေတြ ႀကီးထြားလာတယ္။ ဒါေတြ က်ေနာ္တုိ႔ ျမင္ေနရတာပဲ။

“က်ေနာ္တုိ႔ ဖြံ႔ၿဖဳိးဆဲႏုိင္ငံေတြ ျပႆနာမ်ဳိးစုံ ဆင္းရဲဒုကၡေတြျဖစ္ေစ၊ ျပည္တြင္း လက္နက္ကုိင္ ပဋိပကၡေတြျဖစ္ေစ၊ ဖြံ႔ၿဖဳိးမႈျပႆနာေတြျဖစ္ေစ၊ လူမ်ဳိးေရး ျပႆနာေတြျဖစ္ေစ ခံစားေနရ ႀကဳံေတြ႔ေနရတဲ့၊ စိန္ေခၚမႈမ်ဳိးစုံ ႀကံဳေတြ႔ ခံစားေနရတဲ့ ႏုိင္ငံေတြအေနနဲ႔ ကုလသမဂၢရဲ႕ ပူးေပါင္းေဆာင္ရြက္မႈေတြဟာ အျပဳသေဘာေဆာင္ဖို႔ ေကာင္းတယ္။ ႏုိင္ငံတုိင္းမွာ ကုိယ့္ျပႆနာ ကုိယ္ေျဖရွင္းရမွာ ႏုိင္ငံတုိင္းရဲ႕တာဝန္ပဲ။ ဒါ က်ေနာ္တုိ႔လည္း သေဘာေပါက္တယ္၊ နားလည္တယ္။ သို႔ေသာ္လည္း အျပည္ျပည္ဆုိင္ရာကေန၊ ကုလသမဂၢတို႔ ဘာတုိ႔က ဝင္ေရာက္ၿပီးေတာ့ ပါဝင္ၾကတဲ့ေနရာမွာ က်ေနာ္တို႔ရဲ႕ စိန္ေခၚမႈေတြကုိ က်ေနာ္တို႔ ရင္ဆုိင္တဲ့ဟာေတြကုိ အေထာက္အကူျပဳတဲ့ဟာပဲ ျဖစ္ေစခ်င္တာေပါ့။ ေအာင္ျမင္ေအာင္ တြန္းအားေပးတဲ့ဟာမ်ဳိးပဲ ျဖစ္ေစခ်င္တယ္။ ပုိၿပီးေတာ့ ဒုကၡေရာက္ေအာင္၊ ပုိၿပီးေတာ့ ျပႆနာကို ႐ႈပ္ေထြးသြားေအာင္ လုပ္တာမ်ဳိး မျဖစ္ေစခ်င္ဘူး။ ဒါကေတာ့ ရွင္းရွင္းေလး ႐ုိး႐ုိးေလးပါပဲ။”

မအင္ၾကင္းႏုိင္ - ဒါေပမယ့္ ကုလသမဂၢဘက္က ေထာက္ျပေနတာက ျမန္မာႏုိင္ငံအတြင္းမွာ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြကို ကိုင္တြယ္ေျဖရွင္းဖုိ႔၊ တရားမွ်တမႈရွိေရး ကိစၥေတြ၊ ျမန္မာစစ္တပ္ရဲ႕ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြကို အခုခ်ိန္ထိ အျပစ္ေပး အေရးယူႏုိင္ျခင္း ျပည္တြင္းဥပေဒအရ မရွိတဲ့အတြက္ ႏုိင္ငံတကာ ဥပေဒေၾကာင္းအရ ပါဝင္ပတ္သက္ေနရတယ္ဆုိတဲ့ အပုိင္းေတြေပါ့၊ သူတုိ႔ ေထာက္ျပေျပာဆုိတဲ့ အေပၚမွာ သံအမတ္ႀကီးတုိ႔ ဘယ္လိုျမင္ပါလဲ။

ဦးေဟာက္ဒိုဆြမ္း - “ျပည္တြင္းမွာ က်ေနာ္တုိ႔ လုပ္တဲ့ေနရာမွာ ေတာက္ေလွ်ာက္ လူႀကီးေတြ၊ ႏုိင္ငံေခါင္းေဆာင္ေတြ အၿမဲေျပာေနတာပဲ၊ ျပည္တြင္းမွာ က်ေနာ္တုိ႔ ဒီဟာေတြကို မသိတာမဟုတ္ဘူး၊ သိတယ္။ တရားဥပေဒ စိုးမုိးေရးနဲ႔ ပတ္သက္ၿပီးေတာ့လည္း က်ေနာ္တုိ႔ လုပ္ေနတယ္။ ေနာက္တခုက အေရးယူစရာ ရွိတာကိုလည္း က်ေနာ္တုိ႔ ကုိယ့္နည္းကုိယ့္ဟန္နဲ႔ လုပ္ေဆာင္ေနၾကတယ္။ ကိုယ့္တုိ္င္းျပည္မွာရွိေနတဲ့ စိန္ေခၚမႈေတြနဲ႔ ကိုယ့္တုိင္းျပည္ထဲက ျပည္တြင္းက အခက္အခဲေတြကို သူတုိ႔က မၾကည့္ဘဲနဲ႔ အျပင္ကေနၿပီးေတာ့မွ အဖြဲ႔အစည္းေတြ ဖြဲ႔ၿပီးေတာ့ လုပ္ငန္းစစ္ေဆးေရးအဖြဲ႔ေတြ ဖြဲ႔ၿပီးေတာ့ ႏုိင္ငံတကာ တရားစီရင္ေရး အဖြဲ႔အစည္းေတြကေန ဖိအားေပးတယ္ ဆုိတဲ့ဟာက အဲလုိ ဖိအားေပးျခင္းသည္ ျပႆနာကို ေျပလည္ေစမလား၊ အဲဒါကို သူတုိ႔ ျပန္ၿပီး ေသခ်ာၾကည့္ဖုိ႔လုိတယ္။ ဒါမွမဟုတ္ ျပႆနာကို ပိုၿပီးေတာ့ ႐ႈပ္ေထြးသြားေစမလား၊ အခု က်ေနာ္တုိ႔တုိင္းျပည္မွာ ၿငိမ္းခ်မ္းေရးနဲ႔ ဒီမုိကေရစီအေရးအတြက္ လုပ္ေနတဲ့ဟာက အခု ဘာမွ ႏွစ္ကမရွိေသးဘူး။ ဒါကို က်ေနာ္တုိ႔ ႀကိဳးစားေနတယ္။ ဒီၾကားထဲမွာ ရခုိင္ကိစၥ ျဖစ္လာတဲ့အခါၾကေတာ့ ျပႆနာ ပိုၿပီးေတာ့ ႐ႈပ္ေထြးသြားေစတယ္။ အဲေတာ့ ဒါေတြကို ယထာဘူတက်က် က်ေနာ္တုိ႔ သုံးသပ္ဖို႔လုိတယ္။ အျပဳသေဘာနဲ႔ မွ်မွ်တတ ၾကည့္ဖို႔လုိတယ္။”

မအင္ၾကင္းႏိုင္ - ကုလသမဂၢက ျမန္မာအစိုးရကို ေတာင္းဆိုေနတဲ့ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္အသစ္နဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔၊ IIMM ျမန္မာႏိုင္ငံဆိုင္ရာ စံုစမ္းစစ္ေဆးေရး ယႏၱရားအဖဲြ႔ကို လက္ခံဖို႔၊ ျမန္မာႏိုင္ငံတြင္း ဝင္ေရာက္ခြင့္ျပဳဖို႔ အဲဒါေတြနဲ႔ ပတ္သက္လို႔ အေျခအေနေတြ ဘယ္လိုျဖစ္လာဖို႔ ရွိပါသလဲ။

ဦးေဟာက္ဒိုဆြမ္း - “ႏွစ္ပိုင္းေပါ့ဗ်ာ။ အမွန္တိုင္းေျပာရရင္ က်ေနာ္တို႔က IIMM ကိုေတာ့ အသိအမွတ္မျပဳဘူးဗ်။ စဖဲြ႔ကတည္းက လက္မခံဘူး။ အဲေတာ့ ဒီဟာကိုေတာ့ လက္ခံႏိုင္စရာ အေၾကာင္းမရွိဘူး။ ဒါနဲ႔ပတ္သက္လို႔ ပူးေပါင္းေဆာင္ရြက္စရာ အေၾကာင္းမရွိဘူး။ ဒါကတပိုင္း။ ျမန္မာႏုိင္ငံဆိုင္ရာ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ကေတာ့ အရင္ ပါေမာကၡ ယန္ဟီးလီ ေနာက္မွာ ခန္႔ထားသူတေယာက္ေပါ့။ အဲဒါကိုေတာ့ က်ေနာ္တို႔က ပူးေပါင္းေဆာင္ရြက္ေနတယ္။

“ပူးေပါင္းေဆာင္ရြက္ေနတယ္ဆိုတဲ့ ေနရာမွာ လူ႔အခြင့္အေရးေကာင္စီက ခန္႔အပ္ထားတဲ့ အထူးကိုယ္စားလွယ္ကေတာ့ အရင္တေခါက္က ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီးေတာ့ ဘက္လိုက္တယ္၊ ပါေမာကၡ ယန္ဟီးလီ လုပ္သြားတဲ့ကိစၥက လက္မခံႏိုင္လို႔၊ လူပုဂၢိဳလ္အေနနဲ႔ သူ႔ရဲ႕စိတ္ထားနဲ႔ သူ႔ရဲ႕ လုပ္ငန္းေဆာင္ရြက္မႈကို က်ေနာ္တို႔က မႀကိဳက္တဲ့အတြက္ လူလဲေပးပါလို႔ က်ေနာ္တို႔က ေျပာတာ။ ဒီ mechanism ကိုေတာ့ က်ေနာ္တို႔က ဆန္႔က်င္ၿပီး လုပ္ေနတာ မဟုတ္ဘူး။ အဲဒါေၾကာင့္ က်ေနာ္တို႔ အခြင့္သာလို႔ရွိရင္ေတာ့ အခု အသစ္ျဖစ္တဲ့ Thomas Andrews နဲ႔ကေတာ့ က်ေနာ္တို႔ အဆက္အသြယ္လည္းရွိတယ္၊ ပူးေပါင္းေဆာင္ရြက္မႈလည္းရွိတယ္။ အခုက ကိုဗစ္ကပ္ေရာဂါ ျဖစ္ေနတဲ့အတြက္ ျမန္မာႏိုင္ငံလာဖို႔ လက္မခံႏိုင္ေသးတာ ျဖစ္တယ္။ ပူးေပါင္းေဆာင္ရြက္မႈ၊ စာေပးစာယူက အစ၊ စကားေျပာတာကအစ ဂ်ီနီဗာမွာရွိတဲ့ က်ေနာ္တို႔ အၿမဲတမ္းကိုယ္စားလွယ္နဲ႔လည္း ေတာက္ေလွ်ာက္ အဆက္အသြယ္ေတြ ရွိပါတယ္။”

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

၇၅ နှစ်သက်တမ်းပြည့် ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံ

Multilateralism နိုင်ငံစုံဝါဒ ကျင့်သုံးရေး အခြေခံပြီး ၁၉၄၅ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ကုလသမဂ္ဂဟာ ဒီမူဝါဒ ထွန်းကားလာဖို့ လုပ်ဆောင်ရာမှာ အားနည်းနေသေးပြီး မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေဘက် ရပ်တည်ချက်မှာလည်း မျှမျှတတမဟုတ်ဘဲ ဘက်လိုက်မှုတွေ ရှိနေတယ်လို့ နယူးယောက် ကုလသမဂ္ဂဌာနချုပ် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဗွီအိုအေကို ပြောပါတယ်။

၇၅ နှစ်သက်တမ်းပြည့် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရပ်တည်ချက်အပေါ် မြန်မာအစိုးရသဘောထားကို မအင်ကြင်းနိုင်က သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးဟောက်ဒိုဆွမ်း - “ကုလသမဂ္ဂ ၇၅ နှစ်ပြည့် သက်တမ်းကာလ ရောက်ရှိလာတဲ့အခါမှာ ပြန်ပြီးတော့ နည်းနည်း သုံးသပ်ကြည့်မယ်ဆိုရင် အထူးသဖြင့် မျက်မှောက်ကာလမှာဆိုရင် နိုင်ငံစုံဝါဒရဲ့ အခြေခံမူတွေနဲ့ ပတ်သက်ပြီးတော့ အားနည်းချက်တွေ အများကြီးတွေ့လာတယ်။ တကိုယ်တော်ဝါဒတွေ များလာတယ်၊ အုပ်စုဖွဲ့ပြီးတော့ ကြီးစိုးတဲ့ဝါဒတွေ ထွန်းကားလာတယ်၊ ဒါ့အပြင် ပထဝီဒေသအလိုက် အုပ်စုဖွဲ့ ပြိုင်ဆိုင်မှုတွေ များလာတယ်၊ တနိုင်ငံနဲ့တနိုင်ငံ ကုန်သွယ်မှုကို ရန်လိုမှုတွေ ယှဉ်ပြိုင်မှုတွေ များလာတယ်၊ ပဋိပက္ခတွေ ကြီးထွားလာတယ်။ ဒါတွေ ကျနော်တို့ မြင်နေရတာပဲ။

“ကျနော်တို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ပြဿနာမျိုးစုံ ဆင်းရဲဒုက္ခတွေဖြစ်စေ၊ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေဖြစ်စေ၊ ဖွံ့ဖြိုးမှုပြဿနာတွေဖြစ်စေ၊ လူမျိုးရေး ပြဿနာတွေဖြစ်စေ ခံစားနေရ ကြုံတွေ့နေရတဲ့၊ စိန်ခေါ်မှုမျိုးစုံ ကြုံတွေ့ ခံစားနေရတဲ့ နိုင်ငံတွေအနေနဲ့ ကုလသမဂ္ဂရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ အပြုသဘောဆောင်ဖို့ ကောင်းတယ်။ နိုင်ငံတိုင်းမှာ ကိုယ့်ပြဿနာ ကိုယ်ဖြေရှင်းရမှာ နိုင်ငံတိုင်းရဲ့တာဝန်ပဲ။ ဒါ ကျနော်တို့လည်း သဘောပေါက်တယ်၊ နားလည်တယ်။ သို့သော်လည်း အပြည်ပြည်ဆိုင်ရာကနေ၊ ကုလသမဂ္ဂတို့ ဘာတို့က ဝင်ရောက်ပြီးတော့ ပါဝင်ကြတဲ့နေရာမှာ ကျနော်တို့ရဲ့ စိန်ခေါ်မှုတွေကို ကျနော်တို့ ရင်ဆိုင်တဲ့ဟာတွေကို အထောက်အကူပြုတဲ့ဟာပဲ ဖြစ်စေချင်တာပေါ့။ အောင်မြင်အောင် တွန်းအားပေးတဲ့ဟာမျိုးပဲ ဖြစ်စေချင်တယ်။ ပိုပြီးတော့ ဒုက္ခရောက်အောင်၊ ပိုပြီးတော့ ပြဿနာကို ရှုပ်ထွေးသွားအောင် လုပ်တာမျိုး မဖြစ်စေချင်ဘူး။ ဒါကတော့ ရှင်းရှင်းလေး ရိုးရိုးလေးပါပဲ။”

မအင်ကြင်းနိုင် - ဒါပေမယ့် ကုလသမဂ္ဂဘက်က ထောက်ပြနေတာက မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့၊ တရားမျှတမှုရှိရေး ကိစ္စတွေ၊ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အခုချိန်ထိ အပြစ်ပေး အရေးယူနိုင်ခြင်း ပြည်တွင်းဥပဒေအရ မရှိတဲ့အတွက် နိုင်ငံတကာ ဥပဒေကြောင်းအရ ပါဝင်ပတ်သက်နေရတယ်ဆိုတဲ့ အပိုင်းတွေပေါ့၊ သူတို့ ထောက်ပြပြောဆိုတဲ့ အပေါ်မှာ သံအမတ်ကြီးတို့ ဘယ်လိုမြင်ပါလဲ။

ဦးဟောက်ဒိုဆွမ်း - “ပြည်တွင်းမှာ ကျနော်တို့ လုပ်တဲ့နေရာမှာ တောက်လျှောက် လူကြီးတွေ၊ နိုင်ငံခေါင်းဆောင်တွေ အမြဲပြောနေတာပဲ၊ ပြည်တွင်းမှာ ကျနော်တို့ ဒီဟာတွေကို မသိတာမဟုတ်ဘူး၊ သိတယ်။ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ လုပ်နေတယ်။ နောက်တခုက အရေးယူစရာ ရှိတာကိုလည်း ကျနော်တို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ဆောင်နေကြတယ်။ ကိုယ့်တိုင်းပြည်မှာရှိနေတဲ့ စိန်ခေါ်မှုတွေနဲ့ ကိုယ့်တိုင်းပြည်ထဲက ပြည်တွင်းက အခက်အခဲတွေကို သူတို့က မကြည့်ဘဲနဲ့ အပြင်ကနေပြီးတော့မှ အဖွဲ့အစည်းတွေ ဖွဲ့ပြီးတော့ လုပ်ငန်းစစ်ဆေးရေးအဖွဲ့တွေ ဖွဲ့ပြီးတော့ နိုင်ငံတကာ တရားစီရင်ရေး အဖွဲ့အစည်းတွေကနေ ဖိအားပေးတယ် ဆိုတဲ့ဟာက အဲလို ဖိအားပေးခြင်းသည် ပြဿနာကို ပြေလည်စေမလား၊ အဲဒါကို သူတို့ ပြန်ပြီး သေချာကြည့်ဖို့လိုတယ်။ ဒါမှမဟုတ် ပြဿနာကို ပိုပြီးတော့ ရှုပ်ထွေးသွားစေမလား၊ အခု ကျနော်တို့တိုင်းပြည်မှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအရေးအတွက် လုပ်နေတဲ့ဟာက အခု ဘာမှ နှစ်ကမရှိသေးဘူး။ ဒါကို ကျနော်တို့ ကြိုးစားနေတယ်။ ဒီကြားထဲမှာ ရခိုင်ကိစ္စ ဖြစ်လာတဲ့အခါကြတော့ ပြဿနာ ပိုပြီးတော့ ရှုပ်ထွေးသွားစေတယ်။ အဲတော့ ဒါတွေကို ယထာဘူတကျကျ ကျနော်တို့ သုံးသပ်ဖို့လိုတယ်။ အပြုသဘောနဲ့ မျှမျှတတ ကြည့်ဖို့လိုတယ်။”

မအင်ကြင်းနိုင် - ကုလသမဂ္ဂက မြန်မာအစိုးရကို တောင်းဆိုနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အသစ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ IIMM မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့ကို လက်ခံဖို့၊ မြန်မာနိုင်ငံတွင်း ဝင်ရောက်ခွင့်ပြုဖို့ အဲဒါတွေနဲ့ ပတ်သက်လို့ အခြေအနေတွေ ဘယ်လိုဖြစ်လာဖို့ ရှိပါသလဲ။

ဦးဟောက်ဒိုဆွမ်း - “နှစ်ပိုင်းပေါ့ဗျာ။ အမှန်တိုင်းပြောရရင် ကျနော်တို့က IIMM ကိုတော့ အသိအမှတ်မပြုဘူးဗျ။ စဖွဲ့ကတည်းက လက်မခံဘူး။ အဲတော့ ဒီဟာကိုတော့ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ဒါနဲ့ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်စရာ အကြောင်းမရှိဘူး။ ဒါကတပိုင်း။ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကတော့ အရင် ပါမောက္ခ ယန်ဟီးလီ နောက်မှာ ခန့်ထားသူတယောက်ပေါ့။ အဲဒါကိုတော့ ကျနော်တို့က ပူးပေါင်းဆောင်ရွက်နေတယ်။
“ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတဲ့ နေရာမှာ လူ့အခွင့်အရေးကောင်စီက ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ်ကတော့ အရင်တခေါက်က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဘက်လိုက်တယ်၊ ပါမောက္ခ ယန်ဟီးလီ လုပ်သွားတဲ့ကိစ္စက လက်မခံနိုင်လို့၊ လူပုဂ္ဂိုလ်အနေနဲ့ သူ့ရဲ့စိတ်ထားနဲ့ သူ့ရဲ့ လုပ်ငန်းဆောင်ရွက်မှုကို ကျနော်တို့က မကြိုက်တဲ့အတွက် လူလဲပေးပါလို့ ကျနော်တို့က ပြောတာ။ ဒီ mechanism ကိုတော့ ကျနော်တို့က ဆန့်ကျင်ပြီး လုပ်နေတာ မဟုတ်ဘူး။ အဲဒါကြောင့် ကျနော်တို့ အခွင့်သာလို့ရှိရင်တော့ အခု အသစ်ဖြစ်တဲ့ Thomas Andrews နဲ့ကတော့ ကျနော်တို့ အဆက်အသွယ်လည်းရှိတယ်၊ ပူးပေါင်းဆောင်ရွက်မှုလည်းရှိတယ်။ အခုက ကိုဗစ်ကပ်ရောဂါ ဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံလာဖို့ လက်မခံနိုင်သေးတာ ဖြစ်တယ်။ ပူးပေါင်းဆောင်ရွက်မှု၊ စာပေးစာယူက အစ၊ စကားပြောတာကအစ ဂျီနီဗာမှာရှိတဲ့ ကျနော်တို့ အမြဲတမ်းကိုယ်စားလှယ်နဲ့လည်း တောက်လျှောက် အဆက်အသွယ်တွေ ရှိပါတယ်။”

XS
SM
MD
LG