သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွေးကောက်ပွဲအပေါ် ကုလအတွင်းရေးမှူးချုပ် မျှော်လင့်ချက်ထား 


ကုလအတွင်းရေးမှူးချုပ် Antonio Guterres
ကုလအတွင်းရေးမှူးချုပ် Antonio Guterres

(Zawgyi/Unicode)

တနင်္ဂနွေနေ့မှာ ကျင်းပမယ့် မြန်မာ့ ရွေးကောက်ပွဲကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres အနေနဲ့ လေ့လာ စောင့်ကြည့် သွားမယ်လို့ နယူးယောက်မြို့ ကုလ အတွင်းရေးမှူးချုပ်ရုံးက နိုဝင်္ဘာလ ၆ ရက်နေ့က သတင်းထုတ်ပြန် ကြေညာပါတယ်။ ငြိမ်းချမ်း တည်ငြိမ်ပြီး ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲက စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုနဲ့ လူ့အခွင့်အရေး တိုးတက်ဖို့ အရေးပါတဲ့ အခွင့်အလမ်း တစ်ရပ်ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီရွေးကောက်ပွဲဟာ စစ်တပ်အပေါ် အရပ်သား အစိုးရက ထိန်းချုပ်ကိုင်တွယ်ရေး အပါအဝင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအတွက် အရေးကြီးကြောင်း၊ ဒါ့အပြင် ဒုက္ခသည်တွေ ဂုဏ် သိက္ခာရှိရှိနဲ့ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်ရေးအတွက် အထောက် အကူ ပြုစေလိမ့်မယ်ဆိုတာကိုလည်း ကုလ အတွင်းရေးမှူးချုပ် အနေနဲ့ မျှော်လင့်ထားကြောင်း ကုလ ပြောခွင့်ရ Stéphane Dujarric ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

COVID 19 ကပ်ရောဂါ တိုက်ဖျက်ရေး အာရုံစိုက် လုပ်ကိုင်နိုင်ဖို့ တစ်နိုင်ငံလုံးမှာ အပစ်ရပ်ထားဖို့ ကုလ အတွင်းရေးမှူးချုပ် က ထပ်မံ တိုက်တွန်းကြောင်း၊ ရခိုင်နဲ့ ချင်းပြည်နယ်တွေက လက်နက်ကိုင် ပဋိပက္ခတွေအတွက် စိုးရိမ်ပူပန်မိသလို ဒီ ပဋိပက္ခထဲ ပါဝင် ပတ်သက် နေတဲ့ နှစ်ဘက်တပ်တွေအနေနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာဥပဒေတွေကို လေးစား လိုက်နာဖို့နဲ့ အရပ်သားတွေကိုအကာအကွယ် ပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

အခုလို မြန်မာနိုင်ငံသားတွေအတွက် အရေးကြီးတဲ့ အခါသမယမှာ ငြိမ်းချမ်းရေးနဲ့ လူ့ ဂုဏ်သိက္ခာ တိုးတက်ရေး ကြိုးပမ်း လုပ် ဆောင်ချက်တွေအပေါ် ကုလသမဂ္ဂ အဖွဲ့ကြီးက ဆက်လက် ထောက်ခံမှုပေးသွားမယ်လို့လည်း အတွင်းရေးမှူးချုပ်ရုံးက ပြောပါတယ်။

မြန်မာရွေးကောက်ပွဲအပေါ် ကုလအတွင်းရေးမှူးချုပ် မျှော်လင့်ချက်ထား
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်


............


(Unicode)





XS
SM
MD
LG