သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတရုံးပြောခွင့်ရရဲ့ အမျိုးသားညီညွတ်ရေးဆောင်ရွက်မယ်ပြောတဲ့အပေါ် တုန့်ပြန်မှုများ


သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး (နိုဝင်ဘာ ၀၄၊ ၂၀၂၀)
သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး (နိုဝင်ဘာ ၀၄၊ ၂၀၂၀)

(Zawgyi/ Unicode)

မြန်မာ့ရွေးကောက်ပွဲရက်နီးလာပြီး၊ အပြိုင်အဆိုင်နဲ့တင်းမာမူတွေ များလာချိန်မှာ၊ သမ္မတရုံး ပြောခွင့်ရက၊ ဒီရွေးကောက်ပွဲအလွန်မှာ National Unity Government လို အမျိုးသား ညီညွှတ်ရေး ဆောင်ရွက်ချက်တွေဖြစ်လာမယ်လို့ ပြောခဲ့ပါတယ်။

ဒီအပေါ် လက်ရှိအစိုးရပါတီပြောခွင့်ရ၊ နောက်အရင်အစိုးရပါတီပြောခွင့်ရနဲ့၊ ရခိုင်နဲ့ ကချင်ပါတီခေါင်းဆောင်တွေကို ကိုဝင်းမင်းက မေးထားပါတယ်။

ဗုဒ္ဓဟူးနေ့ သမ္မတ အိမ်တော် သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက

“ ၂၀၂၀ အလွန် ရှေ့ဆက်သွားမယ့် ဒီမုကရေစီ ဖက်ဒရယ်ပြည်ထောင်စု အမျိုးသား ညီညွှတ်ရေး အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ကြိုးစားပေး ထည့်သွင်းထားတာ ဖြစ်ပါတယ်။ National Unity Government လိုမျိုး အမျိုးသား ညီညွှတ်ရေး ဆောင်ရွက်ချက်တွေ ဆက်လက်ထွက်ပေါ်လာမယ်။”

ဒီအပေါ် လက်ရှိအစိုးရပါတီ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဒေါက်တာ မျိုးညွှန့်ကို မေးရာမှာ ကြိုမသိထားပေမယ့် ပါတီမှာတော့ အမျိုးသားရင်ကြားစေ့ရေး မူအရင်းခံရှိထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

“အဲဒါက ကျနော်တို့ဘာမှ မသိဘူးခင်ဗျ။ ကျနော်တို့က မူလအရင်းခံကတော့ ဒီအမျိုးသားရင်ကြားစေ့ရေးပေါ့ National Reconciliation ကိုပဲ အဓိကထားတယ်။ အဲဒီမှာက နိုင်ငံသားအားလုံးပါတယ်။ တပ်မတော်ရော၊ တိုင်းရင်းသားတွေရော အကုန်လုံးကို ရည်ရွယ်ပြီးပြောထားပါတယ်။”

ဒီနေရာမှာ ဦးဇော်ဌေးက ပြောရာမှာလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုလည်း ထည့်သွင်းပြောခဲ့တာမို့ ဒီရှိရင်းစွဲ ပါတီမူဝါဒကို အခုရွေးကောက်ပွဲ ဆိုင်ရာ တင်းမာမှု တွေဖြစ်လာချိန်မှာ ပြန်လုပ်ဖို့ စဉ်းစားတာမျိုး ဖြစ်နိုင်ပါသလားလို့ မေးရာမှာ ဒေါက်တာမျိုးညွှန့်ကပဲ

“အဲဒီလိုပဲ ယူဆရမယ့် သဘောရှိပါတယ်။ လောလောဆည်မှာတော့ အမျိုးသားညီညွတ်ရေးအဆိုအရဆိုရင် တိုင်းရင်းသားတွေအတွက် ဖယ်ဒရယ်ပိုဆန်လာတဲ့ ကမ်းလှမ်းမှုမျိုးလို့ ယူဆနိုင်ပါတယ်။ ဖယ်ဒရယ် စနစ်ကို သွားမယ်လို့ ယုံကြည်လာရင်တော့ ရွေးကောက်ပွဲဆိုင်ရာနဲ့ လုပ်ထုံးလုပ်နည်းအပေါ်မှာ မကြေနပ်တာတွေက ပြေလျှော့သွားနိုင်ပါတယ်။”

အဲဒီတော့ တပ်မတော် ဘက်ကနေ ဒီရွေးကောက်ပွဲ လုပ်ပုံလုပ်နည်းအပေါ် မကြေမနပ် ပြောလာတာတွေအတွက်ရော အခုလို ရင်ကြားစေ့ရေး စဉ်းစားချက်က သက်ရောက်မှု ရှိနိုင်ပါသလားလို့ မေးရာမှာ ဒေါက်တာမျိုးညွန့်က

“ ယခင်တုန်းကဆိုရင် ကျနော်တို့ NLD ပါတီက တပ်မတော် တဖက်တည်းကိုပဲ ရင်ကြားစေ့ရေးလုပ်နေတယ်လို့ ဝေဖန်ခံခဲ့ရတဲ့အထိကို ကျနော်တို့ အဆင်ပြေအောင်ကြိုးစားခဲ့တာပါ။ သို့သော်လည်း အဲဒီတောက်လျောက်မှာ ထူးထူးခြားခြား သိသာတဲ့ တိုးတက်မှုရယ်လို့တော့ ကျနော်တို့ မပေးနိုင်ပါဘူး။ အခုနောက်ဆုံးအနေအထားမှာ တပ်မတော်ကနေပြီးတော့ ရွေးကောက်ပွဲ ဆိုင်ရာ ချို့ယွင်းချက်များအတွက်အစိုးရကနေပြီးတော့ တာဝန်ယူရမယ်လို့ တောင်းဆိုတဲ့ အဆင့်မျိုး ၊ ရွေးကောက်ပွဲ ရလဒ် ကော်မရှင်က ကြေညာတဲ့နောက် လက်ခံဖို့ စဉ်းစားရဦးမယ်လို့ ပြောလာတာမျိုးရှိပါတယ်။ အဲဒီတော့ သူ့ရဲ့ နိုင်ငံပေါ်မှာ ထားတဲ့ စေတနာ ပေါ်မူတည်ပြီးတော့ ဒီအပြောင်းအလဲက ဖြစ်နိုင်ပါတယ်။”

အဲဒီတော့ အခုလို National Unity Government လိုမျိုး ဖြစ်လာဖို့ အစိုးရ ဘက်က ပြောလာတဲ့အပေါ် အဓိကအတိုက်အခံပါတီနဲ့ အရင်အစိုးရပါတီ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရ ဒေါက်တာ နန္ဒလှမြင့်ကို မေးရာမှာ

“အဲဒီလို ပြောဆိုတဲ့အပေါ်မှာတော့ ကျနော်တို့ ကြိုဆိုပါတယ်။ သို့သော်လည်း ရွေးကောက်ပွဲ အနိုင်ရပြီးကတည်းက National Unity ကို ကြိုးစားအကောင်အထည်ဖော်ခဲ့ရာမှာ သို့သော် တကယ်တမ်း မိမိပါတီ ၊ မိမိလူ ဒါကိုပဲ ဦးတည်ပြီးတော့ ဆောင်ရွက်ခဲ့တဲ့ အနေအထားဖြစ်တယ်။ အားလုံးကလည်း မျှော်လင့်ခဲ့တာကို အကောင်အထည်မဖော်ခဲ့တာကို မျှော်လင့်ချက်တွေ မဲ့သွားကြတယ်။ အခု ရွေးကောက်ပွဲ နီးမှ ဒီစကားပြောတာကို ကျန်တဲ့ ကျနော်တို့ နိုင်ငံရေးပါတီတွေရော၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရော ယုံကြည်ဖို့တော့ ခက်နေလိမ့်မယ်လို့ ကျနော်ထင်တယ်။”

ဒါ့အပြင် မဲဆန္ဒနယ်အများစု ဖျက်သိမ်းခံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ အရင်တခေါက် ရွေးကောက်ပွဲတုန်းက အဓိက အနိုင်ရခဲ့တဲ့ ရခိုင်အမျိုးသားပါတီရဲ့ နိုင်ငံရေးမူဝါဒဦးဆောင် ကေ်ာမတီဝင်လည်းဖြစ် ၊ လက်ရှိ စစ်တွေမြို့ကနေ ရခိုင် ပြည်နယ်အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၃ အတွက် ဝင်ပြိုင်မယ့် ဦးထွန်းအောင်ကျော်က

“အဲဒီလို ပြောတာကို ကျနော်တို့ အနေနဲ့ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် သိပ်လက်မခံချင်ဘူး။ အဓိက အစိုးရအနေနဲ့ တက်လာကတည်းက အမျိုးသား စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်မယ်ဆိုပြီးတော့ ၅ နှစ်ကုန်သွားတယ် ငြိမ်ချမ်းရေးအတွက် ထိထိရောက်ရောက်အကောင်အထည်ဖော်နိုင်တာ မရှိဘူး နောက်တခုက တိုင်းရင်းသားပါတီတွေနဲ့ စည်းစည်းလုံးလုံး နီးနီးကပ်ကပ် သေသေချာချာ တွေ့ဆုံဆွေးနွေးတယ် တိုင်ပင်တယ်ဆိုတာလည်း အရမ်းအားနည်းတယ်။”

တချိန်တည်းမှာ ကချင်ပါတီ ၄ ခုပေါင်းပြီး အသစ်ဖွဲ့လိုက်တဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒုဥက္ကဋ္ဌလည်းဖြစ် မြစ်ကြီးနား မြို့နယ်ကနေ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၁ အတွက် ဝင်ပြိုင်မယ့် ဒေါ်ဒွဲဘူကလည်း

“ဒါကတော့ သူတို့ ပြောတာပဲရှိတယ်။ ရွေးကောက်ပွဲ အရင်က သက်တမ်း ၁ ခုလို ပါတီတခုကပဲ ပြတ်ပြတ်သားသား မနိုင်ဘူး အားလုံးပေါင်းပြီးဆောင်ရွက်ရမယ့် ကိစ္စဆိုရင်လည်း ဝိုင်းဝန်းဆွေးနွေးပြီး ဆောင်ရွက်ရမယ့် ကိစ္စဖြစ်ပါတယ်။ တစ်ပါတီ ဒီမိုကရေစီနဲ့ အလုပ်မဖြစ်ပါဘူး ။ ပါတီစုံဖြစ်လာရင်တော့ ပိုကောင်းမယ်လို့တော့ မျှော်လင့်တာပေါ့နော်။”

တကယ်တော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အရေးပါတဲ့ ဒုတယ တကျော့ ရွေးကောက်ပွဲမှာ အရင်အာဏာလွှဲခဲ့တဲ့ပါတီနဲ့ အခု အာဏာရထားတဲ့ ပါတီတို့အပြင် တိုင်းရင်းသားပါတီတချို့လည်း ပေါင်းပြီးပြိုင်ကာ ဒီတခေါက်က အပြိုင်အဆိုင်တွေ ပိုများလာနေပါတယ်။

တိုက်ရိုက် လင့်ခ်


..............

သမ္မတရုံးပြောခွင့်ရရဲ့ အမျိုးသားညီညွတ်ရေးဆောင်ရွက်မယ်ပြောတဲ့အပေါ် တုန့်ပြန်မှုများ

(Unicode)



ဗုဒ်ဓဟူးနေ့ သမ်မတ အိမျတောျ သတငျးစာရှငျးလငျးပှဲမှာ သမ်မတရုံး ပွောခှင့ျရ ဦးဇောျဌေးက















XS
SM
MD
LG