သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ကူးစက္သူ ၉၅,၀၀၀ ေက်ာ္၊ ေသဆံုးသူ ၂,၀၀၀ ေက်ာ္ၿပီ


ရန္ကုန္ၿမိဳ႕ရွိ Quarantine စင္တာတခုမွာ ေတြ႔ရတဲ့ PPE ဝတ္စံုဝတ္ က်န္းမာေရးဝန္ထမ္းမ်ား။ (ေအာက္တိုဘာ ၀၅၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ COVID-19 အတည္ျပဳလူနာ ၉၅,၀၀၀ ေက်ာ္၊ ေသဆံုးသူ ၂,၀၀၀ ေက်ာ္သြားပါၿပီ။ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီေန႔ ဒီဇင္ဘာ ၃ ရက္ ည ၈ နာရီထုတ္ျပန္ခ်က္အရ အတည္ျပဳလူနာသစ္ ၁,၄၁၈ ေယာက္႐ွိတာမို႔ စုစုေပါင္း အတည္ျပဳလူ ၉၅,၀၁၈ ေယာက္ျဖစ္ပါတယ္

ကိုဗစ္ေရာဂါေၾကာင့္ ေသဆံုးသူကလည္း ဒီေန႔ ၃၀ ႐ွိပါတယ္။ အဲဒီထဲမွာ ေရာဂါအခံ႐ွိသူ ၂၄ ေယာက္ပါတယ္လို႔ က်န္းမာေရးဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒီေန႔ည ၈ နာရီထုတ္ျပန္ခ်ိန္အထိ ေသဆံုးသူ စုစုေပါင္းက ၂,၀၂၈ ေယာက္ျဖစ္ပါတယ္။

ဒီေန႔အတြက္ စစ္ေဆးခဲ့တဲ့ ဓါတ္ခဲြနမူနာ စုစုေပါင္းက ၂၂,၇၁၉ ပါ။

ကိုဗစ္ေရာဂါေပ်ာက္ကင္းလို႔ ေဆး႐ံုက ဆင္းခြင့္ရသူ စုစုေပါင္းကေတာ့ ျမန္မာႏိုင္ငံမွာ ၇၃,၇၄၈ ေယာက္႐ွိပါတယ္။

လက္႐ွိျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါကူးစက္သူ အေရအတြက္ဟာ ေရာဂါစတင္တဲ့ တ႐ုတ္ႏိုင္ငံထက္ေတာင္ မ်ားသြားၿပီျဖစ္ပါတယ္။ ကူးစက္သူအေရအတြက္ ရန္ကုန္တိုင္းၿပီးရင္ ဒုတိယအမ်ားဆံုးျဖစ္တဲ့ မႏၱေလးတိုင္းမွာ ဒီဇင္ဘာ ၅ ရက္ကေန ၁၈ ရက္ေန႔အထိ မလိုအပ္ရင္ အိမ္ျပင္မထြက္ရ ကန္႔သတ္ခ်က္ ထုတ္ျပန္လိုက္ပါတယ္။

[Unicode Version]

မြန်မာ COVID-19 ကူးစက်သူ ၉၅,၀၀၀ ကျော်၊ သေဆုံးသူ ၂,၀၀၀ ကျော်ပြီ

မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၉၅,၀၀၀ ကျော်၊ သေဆုံးသူ ၂,၀၀၀ ကျော်သွားပါပြီ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ ဒီဇင်ဘာ ၃ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ အတည်ပြုလူနာသစ် ၁,၄၁၈ ယောက်ရှိတာမို့ စုစုပေါင်း အတည်ပြုလူ ၉၅,၀၁၈ ယောက်ဖြစ်ပါတယ်

ကိုဗစ်ရောဂါကြောင့် သေဆုံးသူကလည်း ဒီနေ့ ၃၀ ရှိပါတယ်။ အဲဒီထဲမှာ ရောဂါအခံရှိသူ ၂၄ ယောက်ပါတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီနေ့ည ၈ နာရီထုတ်ပြန်ချိန်အထိ သေဆုံးသူ စုစုပေါင်းက ၂,၀၂၈ ယောက်ဖြစ်ပါတယ်။

ဒီနေ့အတွက် စစ်ဆေးခဲ့တဲ့ ဓါတ်ခွဲနမူနာ စုစုပေါင်းက ၂၂,၇၁၉ ပါ။

ကိုဗစ်ရောဂါပျောက်ကင်းလို့ ဆေးရုံက ဆင်းခွင့်ရသူ စုစုပေါင်းကတော့ မြန်မာနိုင်ငံမှာ ၇၃,၇၄၈ ယောက်ရှိပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်သူ အရေအတွက်ဟာ ရောဂါစတင်တဲ့ တရုတ်နိုင်ငံထက်တောင် များသွားပြီဖြစ်ပါတယ်။ ကူးစက်သူအရေအတွက် ရန်ကုန်တိုင်းပြီးရင် ဒုတိယအများဆုံးဖြစ်တဲ့ မန္တလေးတိုင်းမှာ ဒီဇင်ဘာ ၅ ရက်ကနေ ၁၈ ရက်နေ့အထိ မလိုအပ်ရင် အိမ်ပြင်မထွက်ရ ကန့်သတ်ချက် ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG