သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္လြန္ကာလ ျပန္လည္ထူေထာင္မႈ မသန္စြမ္းသူေတြအေရး ထည့္စဥ္းစားဖို႔တိုက္တြန္း


လမ္းေလွ်ာက္ပဲြ ဆင္ႏဲႊေနၾကတဲ့ မသန္စြမ္းသူတခ်ိဳ႕ကို ရန္ကုန္ၿမိဳ႕မွာေတြ႔ရ။ (ေအာက္တိုဘာ ၁၅၊ ၂၀၁၃)

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါေၾကာင့္ ထိခုိက္မႈေတြကေန ျပန္လည္ထူေထာင္ဖုိ႔ ႀကိဳးစားရာမွာ ကပ္ေရာဂါကာလ သာမာန္လူေတြထက္ အခက္အခဲ ႀကံဳၾကရတဲ့ မသန္စြမ္းသူေတြအေရးကုိပါ ထည့္သြင္းစဥ္းစားဖုိ႔ တုိက္တြန္းေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုထက္ေအာင္ခန္႔က ေျပာျပေပးပါမယ္။

ကပ္ေရာဂါဒဏ္က ျပန္လည္ထူေထာင္ႏုိင္ဖုိ႔ ကမာၻတ၀န္းအစုိးရေတြ ျပင္ဆင္ေနခ်ိန္မွာ မသန္စြမ္းသူေတြကုိပါ ထည့္သြင္းစဥ္းစားဖုိ႔ ဒီဇင္ဘာလ ၃ ရက္ေန႔မွာ က်ေရာက္တဲ့ အျပည္ျပည္ဆိုင္ရာ မသန္စြမ္းသူမ်ားေန႔မွာပဲ တုိက္တြန္းလုိက္ၾကတာပါ။ ဒီႏွစ္ အျပည္ျပည္ဆုိင္ရာ မသန္စြမ္းသူမ်ားေန႔ကုိလည္း ကပ္ေရာဂါကာလအလြန္ ကမာၻႀကီးကုိ တည္ေဆာက္ရာမွာ မသန္စြမ္းသူေတြ လက္လွမ္းမီ ပါ၀င္ၿပီး ေရရွည္တည္တံ့ေအာင္ ႀကိဳးစားဖုိ႔လည္း ရည္ရြယ္ထားပါတယ္။

ျမန္မာႏုိင္ငံမွာ မသန္စြမ္းသူမ်ားအေရး ဦးေဆာင္လႈပ္ရွားေနတဲ့ ေရႊမင္းသား ေဖာင္ေဒးရွင္း ဥကၠ႒ ဦးျမတ္သူ၀င္းကလည္း ျပန္လည္ထူေထာင္ေရး အစီအစဥ္ေတြမွာ ကပ္ေရာဂါဒဏ္ ခံၾကရတဲ့ မသန္စြမ္းသူေတြအေရး ထည့္သြင္းဖုိ႔ တိုက္တြန္းထားပါတယ္။

“တခုခုဆို မသန္စြမ္းသူေတြအတြက္ ထည့္သြင္းစဥ္းစားေပးဖို႔ နည္းေနတဲ့အခါမွာ ကိုဗစ္ ၁၉ အလြန္ တည္ေဆာက္မယ့္ ကမၻာမွာလည္း အားလံုး တခုခုစဥ္းစားတိုင္းမွာ မသန္စြမ္းသူေတြအတြက္ အျပည့္အ၀ ထည့္သြင္း စဥ္းစားေစခ်င္တယ္ေပါ့ေနာ္။ နည္းနည္းမဟုတ္ဘဲ အျပည့္အ၀ ထည့္သြင္းစဥ္းစားေပးဖို႔ က်ေနာ့္အေနနဲ႔႔ ေမတၱာ ရပ္ခံခ်င္ပါတယ္။”

၂၀၁၄ ခုႏွစ္ သန္းေခါင္စာရင္းအရ ျမန္မာႏိုင္ငံမွာ မသန္စြမ္းသူဦးေရ ၂.၃ သန္းရွိၿပီး တႏိုင္ငံလံုး လူဦးေရရဲ႕ ၄.၆ ရာခိုင္ႏႈန္း ရွိပါတယ္။ မသန္စြမ္းသူေတြအခြင့္အေရး ဥပေဒကို ၂၀၁၅ ခုႏွစ္က ျပဌာန္းခဲ့ေပမဲ့ ခဲြျခားဆက္ဆံမႈေတြဟာ ျမန္မာ့လူမႈအသုိင္းအ၀န္းမွာ အျမစ္တြယ္ေနဆဲ ျဖစ္တယ္လုိ႔လည္း ဦးျမတ္သူ၀င္းက ေျပာပါတယ္။

“ေျပာင္းလဲတဲ့သူေတြကလည္း ေျပာင္းလဲၾကပါတယ္။ ဒါေပမဲ့ မေျပာင္းလဲဘဲ က်န္ေနတဲ့သူေတြကလည္း က်န္ေနၾကတာေပါ့ေနာ္။ မေျပာင္းလဲဆဲရွိေနတယ္လို႔ က်ေနာ္တို႔ ေျပာရမွာေပါ့။ ၂၁ ရာစုရယ္လို႔ေတာ့ မဟုတ္ပါဘူး။ ဒီလိုေပါ့။ ၁၉ ရာစု ၂၀ ရာစုဆိုၿပီး ေျပာဖို႔ေတာ့ ခက္ပါတယ္။ ဒါေပမဲ့ တေန႔ထက္ တေန႔ေတာ့ ခြဲျခား ဆက္ဆံျခင္းေတြ ေပ်ာက္ပ်က္ေအာင္ က်ေနာ္တို႔က ႀကိဳးစားေဆာင္ရြက္ေနၾကတာေပါ့ေနာ္။ တေျဖးေျဖးေတာ့ ေျပာင္းလဲလာမွာေပါ့ေနာ္။ ေျပာင္းလဲတဲ့ဟာက ေႏွးေနတာေပါ့ေနာ္။ အယူအဆေတြ အေတြး အေခၚေတြကအစ ဖိရိုးဖလာအေတြး မိရိုးဖလာ အစြဲနဲ႔ပဲ မိရိုးဖလာ အေျပာအဆိုေတြနဲ႔ပဲ ကြ်န္ေတာ္တို႔မွာ က်င္လည္ေနရေသးတဲ့ သေဘာျဖစ္တာေပါ့ေနာ္။”

ျမန္မာႏုိင္ငံမွာ မသန္စြမ္းသူေတြ ရင္ဆုိင္ေနရတဲ့ ခြဲျခားဆက္ဆံမႈေတြကုိေတာ့ စိတ္ပိုင္း၊ ႐ုပ္ပုိင္းအရ ရင္ဆုိင္ေက်ာ္လႊားႏုိင္ဖို႔ စိန္ေခၚမႈေတြ ရွိေနဆဲ ျဖစ္တယ္လုိ႔လည္း မသန္စြမ္းသူ တေယာက္ျဖစ္တဲ့ မေအးခ်မ္းေအာင္က ေျပာပါတယ္။

“ကိုယ့္ဘာသာ ခြဲျခားဆက္ဆံတဲ့ စိတ္ကုိလည္း ျပန္ၿပီးေက်ာ္လႊားရတယ္။ သူမ်ားေတြရဲ႕ခြဲျခားဆက္ဆံမႈကိုလည္း အခ်ိန္အတိုင္းအတာတခုထိ က်မ ယံုၾကည္မႈယူမယ္ဆိုၿပီးေတာ့ေပါ့ အဲ့ဒီစိတ္နဲ႔ပဲ က်မ ေက်ာ္လႊားၿပီး ဒီအေျခအေနကို ျဖတ္သန္းေနတယ္ေပါ့။”

ကပ္ေရာဂါကာလ အခက္အခဲေတြ ႀကံဳရတဲ့အထဲမွာ သာမာန္လူေတြထက္ မသန္စြမ္းသူေတြ ပုိမုိရင္ဆုိင္ျဖတ္သန္းေနရတာကုိလည္း ဒီႏွစ္ အျပည္ျပည္ဆုိင္ရာ မသန္စြမ္းသူမ်ားေန႔မွာ ေထာက္ျပေနၾကပါတယ္။ ကပ္ေရာဂါကာလ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္ထားတာေၾကာင့္ ႐ုပ္ပုိင္း သာမက စိတ္ပုိင္းအရပါ စိန္ေခၚမႈေတြ ရင္ဆုိင္ေနရတာေၾကာင့္ ကပ္ေရာဂါလြန္ကာလမွာ ဒါေတြကုိ ကုစားဖုိ႔ ျပင္ဆင္သင့္တယ္လုိ႔လည္း စိတ္က်န္းမာေရး ဆရာ၀န္ ေဒါက္တာ သိန္းအုပ္စိန္က အႀကံျပဳပါတယ္။

“အဓိက က်ေနာ္ေျပာခ်င္တဲ့ သေဘာက မသန္စြမ္း Population၊ မသန္စြမ္းလူေတြဆီမွာေကာ စိတ္က်န္းမာေရးနဲ႔ ပတ္သက္တဲ့ လိုအပ္ခ်က္ေတြ ရွိေနတယ္။ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းတဲ့အခ်ိန္မွာ ဒီဟာကိုလည္း ထည့္သြင္း စဥ္းစားသင့္တယ္လို႔ က်ေနာ္ထင္တယ္။”

ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ အန္တုိနီယုိ ဂုတားရပ္စ္ ကေတာ့ ကမာၻအ၀န္း လူဦးေရ သန္း ၁,၀၀၀ ေလာက္ရွိတဲ့ မသန္စြမ္းသူေတြဟာ သာမန္ အခ်ိန္မွာေတာင္ က်န္းမာေရး၊ ပညာေရး၊ စား၀တ္ေနေရးအျပင္ လူမႈအသုိင္း၀န္းမွာ ၀င္ဆန္႔ဖုိ႔ အခက္အခဲေတြ ႀကံဳေနရတယ္လုိ႔ ေျပာပါတယ္။ ကုိဗစ္ကပ္ေရာဂါလုိ အၾကပ္အတည္းမ်ဳိး ႀကံဳရတဲ့အခါ မသန္စြမ္းသူေတြဟာ သာမာန္လူေတြထက္ ထိခုိက္နစ္နာမႈေတြ ႀကံဳရႏုိင္တာေၾကာင့္ ကပ္ေဘးအလြန္ကာလ ျပန္လည္ထူေထာင္ရာမွာ မသန္စြမ္းသူေတြအတြက္လည္း ထည့္သြင္းစဥ္းစားဖုိ႔ အျပည္ျပည္ဆုိင္ရာ မသန္စြမ္းသူမ်ားေန႔ အမွာစကားအျဖစ္ တုိက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်လွန်ကာလ ပြန်လည်ထူထောင်မှု မသန်စွမ်းသူတွေအရေး ထည့်စဉ်းစားဖို့တိုက်တွန်း

ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်မှုတွေကနေ ပြန်လည်ထူထောင်ဖို့ ကြိုးစားရာမှာ ကပ်ရောဂါကာလ သာမာန်လူတွေထက် အခက်အခဲ ကြုံကြရတဲ့ မသန်စွမ်းသူတွေအရေးကိုပါ ထည့်သွင်းစဉ်းစားဖို့ တိုက်တွန်းနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က ပြောပြပေးပါမယ်။

ကပ်ရောဂါဒဏ်က ပြန်လည်ထူထောင်နိုင်ဖို့ ကမ္ဘာတဝန်းအစိုးရတွေ ပြင်ဆင်နေချိန်မှာ မသန်စွမ်းသူတွေကိုပါ ထည့်သွင်းစဉ်းစားဖို့ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့မှာပဲ တိုက်တွန်းလိုက်ကြတာပါ။ ဒီနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကိုလည်း ကပ်ရောဂါကာလအလွန် ကမ္ဘာကြီးကို တည်ဆောက်ရာမှာ မသန်စွမ်းသူတွေ လက်လှမ်းမီ ပါဝင်ပြီး ရေရှည်တည်တံ့အောင် ကြိုးစားဖို့လည်း ရည်ရွယ်ထားပါတယ်။

မြန်မာနိုင်ငံမှာ မသန်စွမ်းသူများအရေး ဦးဆောင်လှုပ်ရှားနေတဲ့ ရွှေမင်းသား ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်းကလည်း ပြန်လည်ထူထောင်ရေး အစီအစဉ်တွေမှာ ကပ်ရောဂါဒဏ် ခံကြရတဲ့ မသန်စွမ်းသူတွေအရေး ထည့်သွင်းဖို့ တိုက်တွန်းထားပါတယ်။

“တခုခုဆို မသန်စွမ်းသူတွေအတွက် ထည့်သွင်းစဉ်းစားပေးဖို့ နည်းနေတဲ့အခါမှာ ကိုဗစ် ၁၉ အလွန် တည်ဆောက်မယ့် ကမ္ဘာမှာလည်း အားလုံး တခုခုစဉ်းစားတိုင်းမှာ မသန်စွမ်းသူတွေအတွက် အပြည့်အ၀ ထည့်သွင်း စဉ်းစားစေချင်တယ်ပေါ့နော်။ နည်းနည်းမဟုတ်ဘဲ အပြည့်အ၀ ထည့်သွင်းစဉ်းစားပေးဖို့ ကျနော့်အနေနဲ့ မေတ္တာ ရပ်ခံချင်ပါတယ်။”

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ မသန်စွမ်းသူဦးရေ ၂.၃ သန်းရှိပြီး တနိုင်ငံလုံး လူဦးရေရဲ့ ၄.၆ ရာခိုင်နှုန်း ရှိပါတယ်။ မသန်စွမ်းသူတွေအခွင့်အရေး ဥပဒေကို ၂၀၁၅ ခုနှစ်က ပြဌာန်းခဲ့ပေမဲ့ ခွဲခြားဆက်ဆံမှုတွေဟာ မြန်မာ့လူမှုအသိုင်းအဝန်းမှာ အမြစ်တွယ်နေဆဲ ဖြစ်တယ်လို့လည်း ဦးမြတ်သူဝင်းက ပြောပါတယ်။

“ပြောင်းလဲတဲ့သူတွေကလည်း ပြောင်းလဲကြပါတယ်။ ဒါပေမဲ့ မပြောင်းလဲဘဲ ကျန်နေတဲ့သူတွေကလည်း ကျန်နေကြတာပေါ့နော်။ မပြောင်းလဲဆဲရှိနေတယ်လို့ ကျနော်တို့ ပြောရမှာပေါ့။ ၂၁ ရာစုရယ်လို့တော့ မဟုတ်ပါဘူး။ ဒီလိုပေါ့။ ၁၉ ရာစု ၂၀ ရာစုဆိုပြီး ပြောဖို့တော့ ခက်ပါတယ်။ ဒါပေမဲ့ တနေ့ထက် တနေ့တော့ ခွဲခြား ဆက်ဆံခြင်းတွေ ပျောက်ပျက်အောင် ကျနော်တို့က ကြိုးစားဆောင်ရွက်နေကြတာပေါ့နော်။ တဖြေးဖြေးတော့ ပြောင်းလဲလာမှာပေါ့နော်။ ပြောင်းလဲတဲ့ဟာက နှေးနေတာပေါ့နော်။ အယူအဆတွေ အတွေး အခေါ်တွေကအစ ဖိရိုးဖလာအတွေး မိရိုးဖလာ အစွဲနဲ့ပဲ မိရိုးဖလာ အပြောအဆိုတွေနဲ့ပဲ ကျွန်တော်တို့မှာ ကျင်လည်နေရသေးတဲ့ သဘောဖြစ်တာပေါ့နော်။”

မြန်မာနိုင်ငံမှာ မသန်စွမ်းသူတွေ ရင်ဆိုင်နေရတဲ့ ခွဲခြားဆက်ဆံမှုတွေကိုတော့ စိတ်ပိုင်း၊ ရုပ်ပိုင်းအရ ရင်ဆိုင်ကျော်လွှားနိုင်ဖို့ စိန်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်တယ်လို့လည်း မသန်စွမ်းသူ တယောက်ဖြစ်တဲ့ မအေးချမ်းအောင်က ပြောပါတယ်။

“ကိုယ့်ဘာသာ ခွဲခြားဆက်ဆံတဲ့ စိတ်ကိုလည်း ပြန်ပြီးကျော်လွှားရတယ်။ သူများတွေရဲ့ခွဲခြားဆက်ဆံမှုကိုလည်း အချိန်အတိုင်းအတာတခုထိ ကျမ ယုံကြည်မှုယူမယ်ဆိုပြီးတော့ပေါ့ အဲ့ဒီစိတ်နဲ့ပဲ ကျမ ကျော်လွှားပြီး ဒီအခြေအနေကို ဖြတ်သန်းနေတယ်ပေါ့။”

ကပ်ရောဂါကာလ အခက်အခဲတွေ ကြုံရတဲ့အထဲမှာ သာမာန်လူတွေထက် မသန်စွမ်းသူတွေ ပိုမိုရင်ဆိုင်ဖြတ်သန်းနေရတာကိုလည်း ဒီနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့မှာ ထောက်ပြနေကြပါတယ်။ ကပ်ရောဂါကာလ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားတာကြောင့် ရုပ်ပိုင်း သာမက စိတ်ပိုင်းအရပါ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတာကြောင့် ကပ်ရောဂါလွန်ကာလမှာ ဒါတွေကို ကုစားဖို့ ပြင်ဆင်သင့်တယ်လို့လည်း စိတ်ကျန်းမာရေး ဆရာဝန် ဒေါက်တာ သိန်းအုပ်စိန်က အကြံပြုပါတယ်။

“အဓိက ကျနော်ပြောချင်တဲ့ သဘောက မသန်စွမ်း Population၊ မသန်စွမ်းလူတွေဆီမှာကော စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေ ရှိနေတယ်။ လိုအပ်ချက်တွေကို ဖြည့်ဆည်းတဲ့အချိန်မှာ ဒီဟာကိုလည်း ထည့်သွင်း စဉ်းစားသင့်တယ်လို့ ကျနော်ထင်တယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂုတားရပ်စ် ကတော့ ကမ္ဘာအဝန်း လူဦးရေ သန်း ၁,၀၀၀ လောက်ရှိတဲ့ မသန်စွမ်းသူတွေဟာ သာမန် အချိန်မှာတောင် ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေးအပြင် လူမှုအသိုင်းဝန်းမှာ ဝင်ဆန့်ဖို့ အခက်အခဲတွေ ကြုံနေရတယ်လို့ ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါလို အကြပ်အတည်းမျိုး ကြုံရတဲ့အခါ မသန်စွမ်းသူတွေဟာ သာမာန်လူတွေထက် ထိခိုက်နစ်နာမှုတွေ ကြုံရနိုင်တာကြောင့် ကပ်ဘေးအလွန်ကာလ ပြန်လည်ထူထောင်ရာမှာ မသန်စွမ်းသူတွေအတွက်လည်း ထည့်သွင်းစဉ်းစားဖို့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အမှာစကားအဖြစ် တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG