သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ မသန်စွမ်းသူများအခွင့်အရေးညီလာခံမှာ မြန်မာအခြေအနေ သုံးသပ်မည်


မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကော်မတီရဲ့ အစည်းအဝေးတရပ်ကို သြဂုတ်လ (၂၆) ကနေ စက်တင်ဘာ (၂၀) အထိ ဂျနီဗာမြို့ ကုလ လူ့အခွင့်အရေးကောင်စီ ဌာနချုပ်မှာ ကျင်းပသွားမှာဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် အယ်လ်ဘေးနီးယား၊ သြစတြေးလျ၊ အီကွေဒေါ၊ အယ်လ်ဆာဗေးဒိုး၊ ဂရိ၊ အိန္ဒိယ၊ အီရတ်နဲ့ ကူဝိတ်နိုင်ငံတွေမှာ မသန်စွမ်းသူတွေ ရင်ဆိုင်နေရတဲ့ အခြေအနေကို ပြန်လည်သုံးသပ်သွားမှာ ဖြစ်ပါတယ်။

ဒီနိုင်ငံတွေဟာ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ ပဋိညာဉ်စာချုပ်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံပေါင်း (၁၈၀) ထဲက နိုင်ငံတချို့ ဖြစ်ပြီး လွတ်လပ်တဲ့ နိုင်ငံတကာ ကျွမ်းကျင်သူ (၁၈) ဦးနဲ့ ဖွဲ့စည်းထားတဲ့ ကော်မတီကို ပုံမှန်အစီရင်ခံစာ တင်သွင်းရမှာ ဖြစ်ပါတယ်။

ဂျနီဗာမှာကျင်းပတဲ့ စည်းဝေးပွဲအတွင်း သက်ဆိုင်ရာ နိုင်ငံကိုယ်စားလှယ်တွေနဲ့ ကော်မတီအဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေးကြမှာပါ။ ဒါ့အပြင် ကော်မတီဝင်တွေဟာ မသန်စွမ်းသူများ အဖွဲ့အစည်း၊ NGO တွေနဲ့ နိုင်ငံအလိုက် လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ မသန်စွမ်းသူတွေ ရပိုင်ခွင့်နဲ့ ပတ်သက်လို့ စောင့်ကြည့်တဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ တင်ပြချက်တွေကို ကြားနာသွားမှာ ဖြစ်ပါတယ်။

နိုင်ငံအလိုက် လေ့လာတွေ့ရှိချက် အစီရင်ခံစာကို စက်တင်ဘာလ (၂၀) ရက်နေ့ကျရင် ကမ္ဘာ့ပြည်သူတွေသိအောင် ကော်မတီက ထုတ်ပြန် သွားမှာ ဖြစ်ပါတယ်။ လူအများကြားနာပွဲကိုတော့ ဂျနီဗာက Palais des Nations ကုလသမဂ္ဂ အဆောက်အဦမှာ ကျင်းပမှာဖြစ်သလို ကုလသမဂ္ဂ ရုပ်သံဌာနက တဆင့်လည်း တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

ကုလ မသန်စွမ်းသူများအခွင့်အရေးညီလာခံမှာ မြန်မာအခြေအနေ သုံးသပ်မည်
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG