သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ု႐ွားမွာ COVID ကာကြယ္ေဆးထိုးႏွံမႈ ေ႐ွ႕အပတ္ စတင္မည္ 


႐ု႐ွား COVID ကာကြယ္ေဆး"Sputnik-V" ကို ထိုးေနစဥ္

(Zawgyi/Unicode)

႐ုရွား နိုင္ငံမွာ ေရွ႕လာမယ့္ အပတ္ထဲ COVID 19 ကာကြယ္ေဆး လူအေျမာက္အျမားကို ထိုးႏွံေပးမယ့္ အစီအစဥ္ကို စတင္ဖို႔ ႐ုရွား သမၼတ Vladimir Putin က ႐ုရွား အာဏာပိုင္ေတြကို ဗုဒၶဟူးေန႔က အမိန္ေပးလိုက္ပါတယ္။

"အခုအခ်ိန္မွာ လူ အေျမာက္အျမားကို ကာကြယ္ေဆးထိုးေပးဖို႔ အခြင့္အေရးေပးအပ္လာၿပီ ျဖစ္ေၾကာင္း၊ ပထမဆုံးအေနနဲ႔ က်န္းမာေရး ဝန္ထမ္းေတြနဲ႔ ဆရာ၊ ဆရာမေတြကို ကာကြယ္ေဆး ထိုးေပးရမွာ ျဖစ္ေၾကာင္း၊ အဲဒီေနာက္ေတာ့ လူ အေျမာက္အျမားကို ကာကြယ္ ေဆး ထိုးႏွံေပးဖို႔ စတင္ လုပ္ေဆာင္ရမွာ ျဖစ္ေၾကာင္း” ႐ုရွား သမၼတ ပူတင္က ေျပာပါတယ္။

လာမယ့္ ရက္ေတြထဲ ႐ုရွားနိုင္ငံ အေနနဲ႔ ကာကြယ္ ထိုးေဆး ၂ သန္းကို ထုတ္လုပ္သြားမယ္လို႔ သမၼတ ပူတင္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ လကေတာ့ ႐ုရွားတို႔ ထုတ္လုပ္ထားတဲ့ Sputnik V လို႔ ေခၚတဲ့ ကာကြယ္ေဆးက ၉၂ ရာခိုင္ႏႈန္း ထိေရာက္တယ္လို႔ ႐ုရွားနိုင္ငံက ေၾကညာထားတာပါ။

ကာကြယ္ေဆး အေျမာက္အျမား ထိုးႏွံရမယ့္ အစီအစဥ္ကို မိမိ ဆႏၵအေပၚအေျခခံၿပီး ဒီဇင္ဘာလထဲ စတင္ ထိုးႏွံေပးမယ္လို႔ လည္း ႐ုရွား ဒုတိယ ဝန္ႀကီးခ်ဳပ္ Tatiana Golikova က ေျပာပါတယ္။

႐ုရွားနိုင္ငံမွာ နိုဝင္ဘာလ ၂၇ ရက္ေန႔က COVID 19 ကူးစက္မႈေပါင္း ၂၅, ၀၀၀ ေက်ာ္နဲ႔ စံခ်ိန္တင္ ေရာက္ခဲ့သြားၿပီးတဲ့ေနာက္မွာ အခုအခါ ျပန္လည္ က်ဆင္းေနတာပါ။ ဒုတိယ လွိုင္း ေရာဂါ ကူးစက္မႈ ကို တုန္႔ျပန္ဖို႔ ႐ုရွားတို႔က အသြားအလာ ပိတ္ပင္မႈေတြ မလုပ္ဘဲ ကူးစက္တဲ့ေနရာေတြကိုသာ ေရြးၿပီး ကန္႔သတ္မႈေတြ ခ်မွတ္ေနတာ ျဖစ္ပါတယ္။

ရွရွားတို႔ရဲ့ကာကြယ္ေဆးကို ျပည္ပနိုင္ငံေတြကို တင္ပို႔ဖို႔ ေဆြးေႏြးေနခ်ိန္မွာပဲ ႐ုရွားနိုင္ငံသားေတြကို ကာကြယ္ေဆး ဦးစားေပးထိုးႏွံ သြားမွာ ျဖစ္တယ္လို႔လည္း ႐ုရွားအစိုးရ ေျပာခြင့္ရ Dmitry Peskov ကတိေပးထားခဲ့ပါတယ္။

ကူးစက္မႈေပါင္း ၂ သန္း ၃ သိန္းေက်ာ္ရွိတဲ့ ႐ုရွားနိုင္ငံဟာ အေမရိကန္ ျပည္ေထာင္စု၊ အိႏၵိယနဲ႔ ဘရားဇီးလ္တို႔ ေနာက္ ကမၻာမွာ စတုတၳ အမ်ားဆုံး COVID-19 ကူးစက္ခံရတဲ့ နိုင္ငံျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ရုရှားမှာ COVID ကာကွယ်ဆေးထိုးနှံမှု ရှေ့အပတ် စတင်မည်

(Unicode)

ရုရှား နိုင်ငံမှာ ရှေ့လာမယ့် အပတ်ထဲ COVID 19 ကာကွယ်ဆေး လူအမြောက်အမြားကို ထိုးနှံပေးမယ့် အစီအစဉ်ကို စတင်ဖို့ ရုရှား သမ္မတ Vladimir Putin က ရုရှား အာဏာပိုင်တွေကို ဗုဒ္ဓဟူးနေ့က အမိန်ပေးလိုက်ပါတယ်။

"အခုအချိန်မှာ လူ အမြောက်အမြားကို ကာကွယ်ဆေးထိုးပေးဖို့ အခွင့်အရေးပေးအပ်လာပြီ ဖြစ်ကြောင်း၊ ပထမဆုံးအနေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ဆရာ၊ ဆရာမတွေကို ကာကွယ်ဆေး ထိုးပေးရမှာ ဖြစ်ကြောင်း၊ အဲဒီနောက်တော့ လူ အမြောက်အမြားကို ကာကွယ် ဆေး ထိုးနှံပေးဖို့ စတင် လုပ်ဆောင်ရမှာ ဖြစ်ကြောင်း” ရုရှား သမ္မတ ပူတင်က ပြောပါတယ်။

လာမယ့် ရက်တွေထဲ ရုရှားနိုင်ငံ အနေနဲ့ ကာကွယ် ထိုးဆေး ၂ သန်းကို ထုတ်လုပ်သွားမယ်လို့ သမ္မတ ပူတင်က ပြောပါတယ်။

ပြီးခဲ့တဲ့ လကတော့ ရုရှားတို့ ထုတ်လုပ်ထားတဲ့ Sputnik V လို့ ခေါ်တဲ့ ကာကွယ်ဆေးက ၉၂ ရာခိုင်နှုန်း ထိရောက်တယ်လို့ ရုရှားနိုင်ငံက ကြေညာထားတာပါ။

ကာကွယ်ဆေး အမြောက်အမြား ထိုးနှံရမယ့် အစီအစဉ်ကို မိမိ ဆန္ဒအပေါ်အခြေခံပြီး ဒီဇင်ဘာလထဲ စတင် ထိုးနှံပေးမယ်လို့ လည်း ရုရှား ဒုတိယ ဝန်ကြီးချုပ် Tatiana Golikova က ပြောပါတယ်။

ရုရှားနိုင်ငံမှာ နိုဝင်ဘာလ ၂၇ ရက်နေ့က COVID 19 ကူးစက်မှုပေါင်း ၂၅, ၀၀၀ ကျော်နဲ့ စံချိန်တင် ရောက်ခဲ့သွားပြီးတဲ့နောက်မှာ အခုအခါ ပြန်လည် ကျဆင်းနေတာပါ။ ဒုတိယ လှိုင်း ရောဂါ ကူးစက်မှု ကို တုန့်ပြန်ဖို့ ရုရှားတို့က အသွားအလာ ပိတ်ပင်မှုတွေ မလုပ်ဘဲ ကူးစက်တဲ့နေရာတွေကိုသာ ရွေးပြီး ကန့်သတ်မှုတွေ ချမှတ်နေတာ ဖြစ်ပါတယ်။

ရှရှားတို့ရဲ့ကာကွယ်ဆေးကို ပြည်ပနိုင်ငံတွေကို တင်ပို့ဖို့ ဆွေးနွေးနေချိန်မှာပဲ ရုရှားနိုင်ငံသားတွေကို ကာကွယ်ဆေး ဦးစားပေးထိုးနှံ သွားမှာ ဖြစ်တယ်လို့လည်း ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov ကတိပေးထားခဲ့ပါတယ်။

ကူးစက်မှုပေါင်း ၂ သန်း ၃ သိန်းကျော်ရှိတဲ့ ရုရှားနိုင်ငံဟာ အမေရိကန် ပြည်ထောင်စု၊ အိန္ဒိယနဲ့ ဘရားဇီးလ်တို့ နောက် ကမ္ဘာမှာ စတုတ္ထ အများဆုံး COVID-19 ကူးစက်ခံရတဲ့ နိုင်ငံဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG